အင်္ဂလန်အသင်း တောင်ပံကစားသမားဖိုဒန် မိသားစု အရေးကိစ္စရပ်ကြောင့် ကစားသမားစာရင်းမှ ယာယီနုတ်ထွက်ခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိ

 

အင်္ဂလန်အသင်း တောင်ပံကစားသမားဖိုဒန် မိသားစု အရေးကိစ္စရပ်ကြောင့် ကစားသမားစာရင်းမှ ယာယီနုတ်ထွက်ခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိ

 

အင်္ဂလန်အသင်း တောင်ပံကစားသမား ဖိုဒန်သည် မိသားစု အရေးကိစ္စရပ်ကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် အင်္ဂလန်အသင်းကစား သမားစာရင်းမှ ယာယီနုတ်ထွက်ပြီး အင်္ဂလန်နိုင်ငံသို့ ပြန်သွားခဲ့သည့် အတွက် အသင်းနှင့်အတူ  ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို  လွဲချော်ဖွယ်ရှိကြောင်း   သိရသည်။

ဖိုဒန်သည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်စီးတီး အသင်းနှင့်အတူ  အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ  ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံးကစား သမားဆုကို ဆွတ်ခူးနိုင်ပြီးနောက် လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲတွင်   အင်္ဂလန်အသင်း၌  အဓိက ကစားသမား အဖြစ်ပါဝင်ခွင့် ရရှိခဲ့သူဖြစ်သည်။

ဖိုဒန်သည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း နှင့်အတူ  အုပ်စုပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနှင့် ပွဲစဉ်၊  ဒိန်းမတ်အသင်းနှင့်ပွဲစဉ်နှင့်  ဆလိုဗေးနီးယား အသင်းတို့နှင့် ကစားခဲ့သည့် အုပ်စုပွဲစဉ်သုံးပွဲစလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သူဖြစ်သည်။

အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက    “ဖိုဒန်အနေနဲ့   လူမှုရေးကိစ္စကြောင့် အသင်းကနေ နုတ်ထွက်ပြီး   သူ့မိသားစုကိစ္စဖြေရှင်းဖို့ ပြန်လာခဲ့ပါတယ်။ သူ့အနေနဲ့ သူ့မိသားစုကိစ္စရပ်တွေ ဖြေရှင်းပြီးရင်တော့ အသင်းနဲ့ပြန်လည် ပူးပေါင်းမှာပါ။ သူ့အနေနဲ့ ရှုံးထွက်အဆင့်ပွဲစဉ်ကို ပါဝင်ကစားဖို့တော့  မသေချာပါဘူး”  ဟုပြောသည်။