Max  Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

Max  Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

ရန်ကုန်  ဇွန်  ၂၆

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပမည့် Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်ပြီး MFF Futsal Stadium တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Max Energy Futsal Amateur Cup 2024  ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့နံနက် ၈ နာရီတွင် Shadows FC အသင်းနှင့် 7Brothers FC အသင်းတို့ ကစားခဲ့ရာ 7 Brothers FC အသင်းက  ၅  ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊   နံနက် ၉ နာရီခွဲတွင် Junior FC အသင်းနှင့် 42 Youth Club အသင်းတို့ ကစားခဲ့ရာ  Junior FC အသင်းက  ၇ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး နံနက် ၁၁ နာရီတွင် FCT Youth အသင်းနှင့်   RE United အသင်းတို့ကစားခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် Team Leo FC အသင်းနှင့်  MST University အသင်းတို့ ကစားခဲ့ရာ MST University အသင်းက ၈ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် Team Tiger အသင်းနှင့် Jullniss FC အသင်းတို့ကစားခဲ့ရာ Jullniss FC အသင်းက ၅ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ ၃ နာရီခွဲတွင် Gold Dream FC  အသင်းနှင့် SGF Youth အသင်းတို့ ကစားခဲ့ရာ  Gold Dream FC   အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

Max Energy Futsal Amateur Cup 2024  ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ဇွန်လ၂၇ ရက် (ယနေ့)တွင် Team Starboyz FC အသင်းနှင့် TGL FC အသင်း၊ နံနက် ၉ နာရီခွဲတွင် Champion Team အသင်းနှင့် College FC အသင်း၊ နံနက် ၁၁ နာရီတွင် Seven FC အသင်းနှင့် Iconic FC  အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် YRG Youth အသင်းနှင့် MSK FC အသင်း၊ မွန်းလွဲ ၂ နာရီတွင် Let Wel Youth အသင်း နှင့် FFU Youths အသင်း၊ ညနေ ၃ နာရီခွဲ တွင် VUC Athletic အသင်းနှင့် 5 TWSP အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။