မက်ဆီနှင့်အတူတွဲ ကစားပြီးနောက် ထာဝရအမှတ်ရစရာ ဖြစ်ခဲ့ဟု ဘိုတန်ပြော

ဂျာမန်လက်ရွေးစင်ကစားသမား ကီဗင်ပရင့်စ်ဘိုတန်က ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းသို့    ကာလတိုအငှားသွား ကစားခဲ့ရစဉ် မက်ဆီနှင့် အသင်းဖော်အဖြစ် အတူတွဲကစားခဲ့ရပြီးမှ လက်ရှိဘောလုံးလောက၌   အကောင်းဆုံး ကစားသမားအဖြစ် သိခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။

ခံစစ်မှူးအဖြစ်သာမက  ကွင်းလယ်နှင့် တိုက်စစ်ကစားသမား အဖြစ်ပါ ကစားနိုင်သည့် ဘိုတန်သည် အသက် ၃၃ နှစ်ရှိပြီ ဖြစ်ကာ လက်ရှိတွင် အီတလီစီးရီးဘီကလပ် မွန်ဇာအသင်းတွင် ကစားနေသည်။

ဘိုတန်က ဆက်ဆူအိုလိုကနေ အငှားသွားကစားရတော့  ပထမအက်စ်ပန်ညို အသင်းက စိတ်ဝင်စားတယ်ထင်တာ။ ဘာစီ လိုနာကခေါ်လိုက်တော့ အရမ်းအံ့သြဝမ်းသာ ဖြစ်ခဲ့ရတယ်။  ဘာစီလိုနာမှာ  မက်ဆီနဲ့ တွဲကစားရပြန်တော့   ဘောလုံးကစားခြင်းကနေ  ထာဝရအမှတ်ရစရာတွေ  ဖြစ်ခဲ့ရတယ်။  အရင်က  မက်ဆီနဲ့ တွဲကစားရတော့ ပြောစရာစကား မရှိတော့အောင်ကို အံ့သြ တကြီးဖြစ်ရတယ် ဟုပြောသည်။

Ref:Dailymail