ဖီဖာအနေဖြင့် မာရာဒိုနာ ကျောနံပါတ် (၁၀) ကို ထာဝရ အနားပေးသင့်ဟု ဘိုအာ့စ်တိုက်တွန်း

 မာဆေးနည်းပြ အန်ဒရေးဗီလက်စ်ဘိုအာ့စ်က ပေါ်တိုကို နှစ်ဂိုးပြတ်ရှုံးသော  ချန်ပီယံလိဂ်ပွဲအပြီး  ထိုပွဲမတိုင်မီ အချိန်ပိုင်းမှာပင်  ကွယ်လွန်သွားခဲ့သည့်  မာရာဒိုနာအတွက်  အထိုက်တန်ဆုံးဂုဏ်ပြုခြင်းမှာ  ဖီဖာအနေ ဖြင့် ပြိုင်ပွဲတိုင်း၊ အသင်းတိုင်းတွင် မာရာဒိုနာဝတ်ဆင်ခဲ့သည့် ကျောနံပါတ် (၁၀) ကို ထာဝရအနားပေးလိုက်သင့် ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ပေါ်တိုနှင့်  ချယ်လ်ဆီးအသင်းများကိုလည်း  နည်းပြဖူးသော  ဘိုအာ့စ်က အရမ်းဆိုးရွားတဲ့သတင်းပါ။ ပေါ်တို အနေနဲ့လည်း ဘုတ်အဖွဲ့ဝင် တစ်ယောက်ဆုံး ရှုံးလိုက်ရတယ်။  သူ့ကို အထိုက်တန်ဆုံး ဂုဏ်ပြုဖို့က ဖီဖာအနေနဲ့  ကျောနံပါတ် (၁၀) ကို ထာဝရအနားပေးလိုက်ဖို့ပဲ ဟုပြောသည်။                           

Ref:BT