မာရာဒိုနာ ကွယ်လွန်သွား၍ အာဂျင်တီးနား နိုင်ငံ၌ ဝမ်းနည်းခြင်း သုံးရက်သတ်မှတ် နာပိုလီအသင်း အိမ်ကွင်းကို မာရာဒိုနာအမည်ပြောင်း

အာဂျင်တီးနား ဂန္ထဝင်ဘောလုံးသမား ကြီးမာရာဒိုနာသည် နိုဝင်ဘာ ၂၅ ရက်က ဘရူနိုအေးရိစ်မြို့မြောက်ပိုင်း တိဂရက်စ် အရပ် နေအိမ်၌ ရုတ်တရက်နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

နိုဝင်ဘာလဆန်းပိုင်းက ဦးနှောက်တွင်း သွေးခဲ၍  ခွဲစိတ်ကုသမှုယူခဲ့ပြီးနောက် ခွဲစိတ်မှု အောင်မြင်သဖြင့် ဆေးရုံမှဆင်းခဲ့ပြီး အရက်စွဲဝေဒနာကို အိမ်တွင်ဆက်လက် ကုသနေစဉ် နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာ   အာဂျင်တီးနားအစိုးရက နိုင်ငံတစ်ဝန်း ဝမ်းနည်းကြေကွဲခြင်း အခမ်းအနားကို သုံးရက်တိုင်ပြုလုပ်မည်ဟု ကြေညာ ခဲ့ပြီးနောက် ဘရူနိုအေးရိစ်မြို့ လမ်းများပေါ်၌   မာရာဒိုနာ   ဂျာစီများ ဝတ်ဆင်ပြီး ဝမ်းနည်းကြောင်းပြသသူများ သောင်းသိန်းချီ ရှိလာခဲ့သည်။

မာရာဒိုနာ၏ အသင်းဟောင်း နာပိုလီ ကလည်း ၎င်းတို့အိမ်ကွင်း ဆန်ပါအိုလိုကို မာရာဒိုနာ အမည်ပြောင်းရန် မြို့တော်ဝန် ထံတင်ပြခဲ့ရာတွင်လည်း မြို့တော်ဝန်က ချက်ချင်းလက်ခံလိုက်ကြောင်း သိရသည်။

နာပိုလီအသင်းသမိုင်းတွင် အအောင်မြင်ဆုံး အချိန်များကို မာရာဒိုနာက ဖန်တီးပေးနိုင်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ဘာစီလိုနာမှ နာပိုလီသို့ပြောင်းလာခဲ့ကာ ၁၉၉၁  ခုနှစ် အထိ  ကစားပေးခဲ့ရာ၌  စီးရီးအေဖလား နှစ်ကြိမ်၊    ကိုပါအီတာလီယာ ဖလားနှင့် ယူအီးအက်ဖ်အေဖလားများ ရယူပေးနိုင်ခဲ့သဖြင့် နာပိုလီဥက္ကဋ္ဌ လော်ရန်းတစ်က မိမိတို့ကွင်းအမည်ကို ဆန်ပါအိုလိုဒီယေဂို အာမန်ဒိုမာရာဒိုနာကွင်းဟု အမည်ပြောင်းခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

နေပယ်မြို့တော်ဝန်  မက်ဂီစထရစ်က ထာဝရအကောင်းဆုံး၊    အမြတ်ဆုံးဘောလုံးသမားကြီး  မာရာဒိုနာကတော့ ဆုံးသွားခဲ့ပြီ။  သူက  ကျွန်တော်တို့တွေ အိပ်မက်ကို  အကောင်အထည်ဖော်ပေးခဲ့တယ်။   ဆန်ပါအိုလိုကွင်းကို    ဒီယေဂို အာမန်ဒို မာရာဒိုနာလို့ ခေါ်တွင်ကြပါစို့ ဟု ရေးတင်ခဲ့သည်။

Ref:Dailymail