ရီးယဲလ်ကိုနှစ်ဂိုးပြတ် ရှုံးခဲ့၍ အင်တာမီလန်အသင်း ချန်ပီယံလိဂ်အုပ်စု အဆင့်မှ စောစီးစွာ ထွက်ခွာခဲ့ရ

နိုဝင်ဘာ  ၂၅  ရက်ညက  ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် အင်တာမီလန်အသင်းသည် အိမ်ကွင်း၌ ရီးယဲလ်ကို နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့်အတွက် အဆိုပါအုပ်စုတွင် နှစ်မှတ်သာရသေးပြီး အုပ်စုနောက်ဆုံးနေရာ ရောက်ရှိနေကာ နှစ်ပွဲ ကစားရန် ကျန်သေးသော်လည်း အုပ်စုအဆင့်မှပင်    ထွက်ရရန် သေချာခဲ့ပြီဖြစ်သည်။

ထိုပွဲတွင်   ပွဲချိန်အစောပိုင်းမှာပင် ရီးယဲလ်အသင်းဘက်မှ ဟာဇက်နှင့်အိုဒီဂတ်တို့ တွဲလုံးဖြင့် ထိုးဖောက်မှုကို အင်တာ မီလန်ဘက်မှ ပြစ်ဒဏ်ကျူးလွန်သဖြင့် ပယ်နယ်တီ ရရှိခဲ့ခြင်းအား ဟာဇက်က ကန်သွင်းပြီး ဦးဆောင်ဂိုးရယူခဲ့ကာ ဒုတိယ ဂိုးကို လူစားဝင် ကစားသမား ရိုဒရီဂိုက  ပထမဆုံးဘောလုံး ထိချက်မှာပင် သွင်းယူလိုက်နိုင်သည်။ အင်တာမီလန် အသင်းမှ ဝါရင့်ကွင်းလယ်ကစားသမား ဗီဒယ်သည်  ထိုပွဲတွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသဖြင့်  အင်တာမီလန်အသင်း  ၁၀  ဦး တည်းဖြင့် ကစားခဲ့ရပြီး ချေပဂိုးပြန်မသွင်း နိုင်ခဲ့ခြင်း ဖြစ်သည်။    

Ref:Marca