လီဗာပူးနည်းပြ ဂျာဂန်ကလော့က နိုဝင် ဘာ ၂၅ ရက်ညက အတ္တလန္တာကို အိမ်ကွင်း၌ နှစ်ဂိုးပြတ်ရှုံးခဲ့ရပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အိမ်ကွင်း၌ ပထမဆုံးအကြိမ် မိနစ် ၉၀ အတွင်း ရှုံးပွဲ စကြုံခဲ့ရသည်။
လီဗာပူးအသင်းတွင် လက်ရှိ ဒဏ်ရာရ ကစားသမားများ များပြားလွန်းနေသည့် ကြားမှလာမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ဘီတီစပို့တ်ရုပ်သံမှ တိုက်ရိုက်ပြသချိန်အရ နိုဝင်ဘာ ၂၈ ရက်တွင် ဘရိုက်တန်နှင့် ထပ်ကစားရမည်ဖြစ်ရာ ကလော့က ရုပ်သံများအလိုလိုက်ပြီး ကစားသမားများကို အကာအကွယ်မပေးခြင်းမှာ ရာဇဝတ်မှုဟုသာ မြင်တော့ကြောင်း ဝေဖန်ခဲ့သည်။
ထိုဝေဖန်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက်က လူဒိုဂိုရတ်နှင့် ယူရိုပါလိဂ်ပွဲ ကစားခဲ့ကာ နိုဝင်ဘာ ၂၉ ရက်ညတွင် လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ပွဲ ကစားရမည့် စပါးအသင်း နည်းပြမော်ရင်ဟိုက ကလော့အနေဖြင့် ၂၀၁၅ ခုနှစ်မှ လီဗာပူးသို့ရောက်လာပြီး ယခုလို စိတ်ပျက်စရာပွဲစဉ်ရေးဆွဲမှုကို သိရှိ ခံစားရခြင်း ဖြစ်ကြောင်း၊ မိမိသည် ၂၀၀၄ ခုနှစ်ကတည်းက ချယ်လ်ဆီးသို့စရောက် စဉ်မှာပင် ထိုသို့ကြုံခဲ့ရပြီးဖြစ်သည်ဟုဆို ကာ အင်္ဂလန်ဘောလုံး အထာကို စိတ်မပျက်ရန် အကြံပြုစကား ဆိုခဲ့ကြောင်း သိရသည်။
Ref:Mirror