အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၂၈

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်နယ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

    ဦးစွာ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြ သူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင်လ ၁၂ ရက်အထိ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။