နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

 

နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၂၈

    နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိအား ကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

    အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင်လ ၁၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။