မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုစာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်း ဆင်းပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

 

မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုစာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်း ဆင်းပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

 

နေပြည်တော်၊ ဇွန် - ၂၇

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်း ဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက်စာရင်းပေးသွင်းပြီး သင်တန်းတက် ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်း အနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်း ကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်း အနားများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး သင်တန်းဆင်းပွဲ တွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ကြကာ ကတိသစ္စာခံယူ ခြင်းကို ဆောင်ရွက်သည်။

ထို့နောက်  သက်ဆိုင်ရာ သင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက် ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ အေပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြ ဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာဘာသာရပ်တွင်ပါဝင်သည့် ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်၊ တပ်စိတ်အလိုက်လေ့ကျင့်ခြင်း၊ ချီတက်မှုလေ့ကျင့်ခြင်း၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေးလေ့ကျင့်ခန်း စသည့်သင်ခန်းစာများကို လည်း ကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင် နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာသာရပ် များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ လေ့ကျင့်သင်ကြားခဲ့ကြရပြီး သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)မှ နိုင်ငံ့သားကောင်းစစ်သည်များအနေဖြင့် အဖွဲ့ အစည်းစိတ်ဓာတ်များ(Team Sprit)၊ အဖွဲ့အစည်းဖြင့် စည်းစနစ်ကျနစွာလုပ်ကိုင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ(TeamWork)၊ ရဲဘော်ရဲဖက်စိတ်(esprit de corps)နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များရရှိခဲ့ကြပြီး တာဝန် ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို လေးစားဂုဏ်ယူစွာဖြင့် ထမ်းဆောင်ကြတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)တွင် တက်‌ရောက်ခဲ့ရသည့် အတွေ့ အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက် များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့ သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် 

စစ်သင်တန်းပြီးဆုံးသွားခဲ့ပါပြီး ကျွန်တော်အခုဆိုရင် ပြည်သူ့စစ်မူထမ်းရဲ့ အဆင့် မြင့် အခြေခံစစ်ပညာတွေအကုန်လုံးကို တက်မြောက်ပြီးသွားပါပြီ၊ကျွန်တော်တို့ ၂နှစ် တာတာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်းအကောင်းဆုံးပေးဆပ်ပြီးတော့ တာဝန်ထမ်း ဆောင်သွားမှာပါ၊ ၂နှစ်တာတာဝန်ပြီးဆုံးသွားတဲ့အချိန်မှာလည်း တပ်မတော်လိုအပ်လာ ခဲ့လျှင် နိုင်ငံလူမျိုးအတွက် အချိန်မရွေးအသက်စွန့်ပြီးတော့ ကာကွယ်စောင့်ရှောက်သွား ဖို့ ကျွန်တော်စဉ်စားထာပါတယ်၊ပြီးတော့ကျွန်တော် အရင်တုံးကထက်စာရင် နိုင်ငံ အပေါ်ပိုပြီးတော့ချစ်မြတ်နိုးတဲ့စိတ်တွေ လူမျိုးအပေါ်ပိုပြီးချစ်မြတ်နိးတဲ့စိတ်တွေလည်း အများကြီးလည်းရှိလာခဲ့ပါတယ်၊ အခုလိုမျိုးအဆင့်မြင့် အခြေခံစစ်ပညာတွေကို သင် ကြားခဲ့ရတဲ့အတွက်လည်း လွန်စွာပဲဝမ်းမြောက် ဂုဏ်ယးမိပါတယ်၊  နောက်တက်လာ မည် လူငယ်တွေအကုန်လုံးကိုပြောချင်တာကတော့ ကောလ ဟာလတွေအပြင်မှာ ကြား နေရတဲ့ သတင်းတွေကို မယုံကြည်ပဲ ရဲရဲရင့်ရင့်နဲ့ တိုင်းပြည်အတွက် တာဝန်ထမ်း ဆောင်ဖို့အတွက် ကျွန်တော်က ဖိတ်ခေါ်လိုပါတယ်၊

--------------------------------------------------------------------------------------------

 ကျွန်တော်တို့ အဖွဲ့အစည်းစိတ်ဓာက်ရှိဖို့တွေ စည်းလုံးညီညွတ်ရှိအောင် သင်တန်း ကနေအားလုံး တိုက်ရည်ခိုက်ရည်ပြည့်ဝမူတွေ အများကြီးသင်ကြားပေးပါတယ်၊ အဖွဲ့ စည်းစိတ်ဓာက်ရှိအောင်လည်း သူငယ်ချင်းတွေနဲ့သေနက်ပစ်တဲ့အခါ ချေးမှူန်းရေးသွား တဲ့အခါ ကိုယ်စီတိုက်တဲ့အခါမှာ အကုန်လုံးညီညီညွတ်ညွတ်နဲ့ တိုက်ပွဲတစ်ခုအောင် မြင်အောင် တိုက်လို့ရတဲ့အထိသင်ကြားပေးပါတယ်၊အကုန်လုံးကစိတ်ဓာက်နဲ့ ခံယူပြီး တော့တိုက်ခိုက်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ်အောင်မြင်မယ်လို ကျွန်တော်ယူဆပါတယ်၊ နောက်ထပ်နောက်ထပ်လာတက်ရောက်မည် ညီငယ်တွေကိုလည်းဖိတ်ခေါ်ပါတယ်၊ ကျွန်တော်တို့လိုပဲ  အကောင်းဆုံးကြိုးစားနိုင်တဲ့ နိုင်ငံသားစစ်သားကောင်တစ်ယောက် ဖြစ်စေချင်ပါတယ်၊ပြည်သူစစ်မူထမ်းကို ဦးနှောက်ထဲမထားပါနဲ့၊စစ်သားကောင်း တစ် ယောက်ဖြစ်အောင်လိုပဲ ကြိုစားစေချင်ပါတယ်၊အထက်လူကြီးရဲ့စကားကိုနားထောင်ပြီး ပေးအပ်တဲ့အမိန့်ကို တာဝန်ကျေပွန်စွာထမ်းဆောင်မယ်ဆိုရင် အောင်မြင်မယ်လို ကျွန်တော်ယူဆပါတယ်။

---------------------------------------------------------------------------------------------

ကျွန်တော်ကတော့ ပြည်သူစစ်မူထမ်း အမှတ်စဉ် ၁/ ၂၀၂၄တက်ရောက်ခဲ့တာပါ၊ ဒီသင်တန်းကိုနိုင်ငံတော်က ပြည်သူစစ်မူထမ်းဥပဒေအတည်ပြုပြီးတဲနောက် ကျွှန်တော် ဆန္ဒအရ ဝင်ရောက်ပြီးသင်တန်းကာလအတွင်းမှာလည်းအခြေခံစစ် ပညာရပ်များကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ်၊သင်တန်းတက်ရောက်ချိန်မှာ နေထိုင်ရေးစားသောက် ရေးအကုန်လုံး အစစအရာရာအစဉ်ပြေပါတယ်၊သင်ခန်းစာလေ့ကျင့်ချိန်မှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် ကာကွယ်စောင့်ရှောက်ခွင့် အလုပ်ကျွေးပြုခွင့်တော့မယ်ဆိုတဲ့ ခံယူချက်နဲ့ လိုက်ပါလုပ်ဆောင်လေ့ကျင့်ခဲ့ပါတယ်၊စစ်သင်တန်းဟာ ခက်ခဲပင်ပန်းတဲ့ သင်တန်းဖြစ်တယ်၊အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ပါတယ်၊ အခုသင်တန်းပြီးဆုံးတဲ့ နိုင်ငံ တော်ကပေးအပ်တဲ့ မည်သည်တာဝန်မဆို ကျေပွန်စွာထမ်းဆောင်သွားပါမယ်။

ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ နိုင်ငံ့ သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများပြုလုပ်ကြသည်။ အဆိုပါညစာစားပွဲများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့နှင့်  နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များက တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေ ခဲ့ကြကြောင်း သတင်းရရှိသည်။