၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ၊ ဇွန်-၂၈

      ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ နယ်မြေခံ လေတပ် စခန်းဌာနချုပ် ဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ လေတပ်စခန်းဌာနချုပ်မှူး၊ မိတ္ထီလာတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။

    ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား နယ်မြေခံလေတပ်စခန်းဌာန ချုပ်မှူးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲအဖွင့် ပွဲစဉ်ဖြစ်သည့် မိတ္ထီလာ မြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်အသင်းနှင့် နမ့်စန်လေတပ်စခန်း ဌာနချုပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

    အဆိုပါ ၂၀၂၄ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံး ပြိုင်ပွဲ ကို တပ်မတော်(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်းဌာနချုပ် ၉ ခုနှင့် လေတပ်စခန်း ၃ ခုတို့မှ စုစုပေါင်းကိုယ်စားပြုအသင်း ၁၂ သင်းအား အုပ်စု ၄ စုခွဲပြီး ဇူလိုင်လ ၁၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။