ဘားအံမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

ဘားအံမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇွန် ၂၈

      ဇွန်လ ၂၆ ရက်နေ့ ၁၂၃၀ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာရှိ သန်းဦး(ခ)မောင်ကျော်ပိုင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား သိမ်းဆည်းရမိ ခဲ့ပြီး ကွင်းဆက်အရ ၁၃၃၀ အချိန် တစ်ရွာတည်းနေသူများဖြစ်သည့် စောမြင့်အေး(ခ)ယောက်ချို ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၁၉၄ ပြားအားလည်းကောင်း၊ ၁၄၃၀ အချိန် မနန်းမြင့်မြင့်ခင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြားအား လည်းကောင်း၊ ၁၈၀၀ အချိန် ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာအုပ်စု၊ ကော့ထမ္မလိန်းကျေးရွာရှိ မနန်းဝင်းခင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆၈၀,၀၀၀ ပြားအားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သဖြင့် သန်းဦး(ခ)မောင်ကျော်ပိုင် (၄၅)နှစ်၊ စောမြင့်အေး(ခ)ယောက်ချို(၅၂)နှစ်၊ မနန်းမြင့်မြင့်ခင်(၅၄)နှစ်နှင့် မနန်းဝင်းခင်(ဖမ်းမမိ) တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။