နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၂၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် အားကစားဆိုသည့် ဝေါဟာရကို နိုင်ငံတကာအဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကိုအားကစား”ဟု အဓိပ္ပာယ်ဖွင့်ဆိုကြကြောင်း၊ အား ကစား၏ ရည်မှန်းချက်သည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုကို ရှေးရှုသည် ဆိုသော်လည်း ယခုအခါ အားကစားသည် တစ်ဦးချင်းယှဉ်ပြိုင်ရသည့်  ပြိုင်ပွဲမှ သည် လူပေါင်းရာထောင်ချီပါဝင်သည့် ပြိုင်ပွဲများ၊ ကျေးလက်အဆင့် အားကစား ပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသည့် အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိနေပြီ ဖြစ်ကြောင်း၊ အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတ ကာ အလယ်တွင် ထည်ဝါခန့်ညားစေခြင်းဖြစ်သည့်အတွက် “အားကစားပြိုင်ပွဲများ ကို လက်နက်မပါသောတိုက်ပွဲများ”ဟု တင်စားလာနေကြပြီဖြစ်ကြောင်း။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားကစား အဆင့် အတန်း မြင့်မားဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်က အားပေးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ် စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက် လက္ခဏာတို့ကို ရှင်သန်ထက် မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်​ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည့် အတွက် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်” ဟု လမ်းညွှန် ထားရှိကြောင်း၊ ယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေး ခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ရွယ်ချက်(၅)ရပ် သတ်မှတ်ပြီး ကျင်းပခြင်းဖြစ်သည့်အတွက် ယနေ့အစည်းအဝေးကို တက်ရောက် လာကြသည့် တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲကြီး အောင်အောင်မြင်မြင်နှင့် ခမ်းနား ထည်ဝါစွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို ဖော်ညွှန်းသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ မျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံ့အရေးတို့ကို ဖော်ကျူးသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကဲ့သို့ နိုင်ငံတော်အဆင့်အခမ်းအနား ကြီးများကို အောင်အောင်မြင်မြင်ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့သလို ဘာသာ သာသနာတော်နှင့်စပ်လျဉ်း၍လည်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုကိုလည်း ကမ္ဘာသိ ကျက်သရေမင်္ဂလာနှင့် တင့်တယ်သော ဂုဏ်ထူးဝိသေဿများနှင့်အတူ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ် ပညာတတ် လူငယ်လူရွယ်များ အနာဂတ်နိုင်ငံတော်တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ရေး ရည်ရွယ်လျက် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်  အမျိုးသား အားကစား ပွဲတော်ကြီးကိုလည်း ယခင်ကျင်းပခဲ့သည့် နိုင်ငံတော်အဆင့် အခမ်းအနားများနည်း တူ ခမ်းနားထည်ဝါစွာ ကျင်းပရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့် အတွက် ယခုအစည်းအဝေးကို တက်ရောက်လာကြသည့် ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ပထမ အကြိမ်အစည်းအဝေးတွင် ကော်မတီများမှ တာဝန်ရှိသူများက လိုအပ်သည့် အကြံ ပြု ဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ထို့ပြင် ပြိုင်ပွဲတစ်ခုလုံးနှင့် ပတ်သက်သည့်  ကုန်ကျစရိတ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား၊ ပြိုင်ပွဲပုံစံ၊ ပြိုင်ပွဲအားကစားနည်းများနှင့် အထိမ်းအမှတ်အရုပ် သတ်မှတ်ရေး စသည့်ကိစ္စရပ်များကို ယခု အစည်းအဝေးတွင် ဆွေးနွေးသွားကြရန် လိုကြောင်း၊ အလားတူ အမျိုးသားအားကစားပွဲတော်တွင် မသန်စွမ်းအားကစား ပြိုင်ပွဲများနှင့် ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို ဆုချီးမြှင့်ရာတွင် ဆုတံဆိပ်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် ပေးအပ် လေ့ရှိသည့် လာဘ်ကောင်(MASCOT)ကို ပူးတွဲပေးအပ်နိုင်ရေးတို့ကိုလည်း မူအနေ ဖြင့် ရရှိပြီးဖြစ်၍ ဆွေးနွေးပေးကြရန်လိုကြောင်း။

ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေး ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ချမှတ် ထားသည့် စည်းကမ်းသတ်မှတ်ချက်၊ အသက်ကန့်သတ်ချက်နှင့် အားကစားနည်း စနစ်များကို အသေးစိတ်လေ့လာ ပြင်ဆင်ဆောင်ရွက်ကြရန်၊ ပြိုင်ပွဲများ ယှဉ်ပြိုင်သည့်အခါ အားကစားစိတ်ဓာတ်အပြည့်ဖြင့်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်နှင့် ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများမှ တာဝန်ရှိသူများကလည်း အားကစား နည်းများအလိုက် စနစ်တကျလေ့ကျင့်ပေးရန်လိုကြောင်း၊ အလားတူပြိုင်ပွဲများကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်၊ ဂျူရီများအနေဖြင့် ဘက်လိုက်မှုကင်းကင်းနှင့် တရားမျှတစွာ ဆုံးဖြတ်ဆောင် ရွက်ကြရန်၊ အားကစားပြိုင်ပွဲများ ပြိုင်ဆိုင်မှု ပြင်းထန်သည့်အတွက် အငြင်းပွားဖွယ်ရာကိစ္စရပ်များ ပေါ်ပေါက်လာပါက ခုံသမာဓိအဖွဲ့များက စနစ်တကျကြီးကြပ် ဆုံးဖြတ်နိုင်ရေး စီမံဆောင်ရွက်ထား ကြရန်လိုကြောင်း။

အမျိုးသားအားကစားပွဲတော်ကြီး အနှစ်သာရရှိရှိ၊ ရည်မှန်းချက်များအတိုင်း အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

ထို့ပြင် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပနေဆဲကာလအတွင်း လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးသည် အရေးကြီးဆုံးဖြစ်သည့်အတွက် အားလုံးက လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် အလေးထား လိုက်နာဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ ပြိုင်ပွဲကာလအတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ တည်းခိုကြမည့် နေရာများတွင် စနစ်တကျရှိစေရေး၊  စိတ်အေးချမ်းသာစွာ ပါဝင်ယှဉ် ပြိုင်နိုင်ရေး၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင် ရေး စသည့်ကိစ္စရပ်များတွင် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် အသေးစိတ်စီမံဆောင်ရွက်သွားကြရန် လိုကြောင်း။

ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင် အားကစား သမားဟောင်းကြီးများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာလောကသားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက တစ်ဦးချင်းတစ်ယောက်ချင်း ကျရာအခန်းကဏ္ဍ အလိုက် အမျိုးသားရေးအသိစိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ တာဝန်ယူ ဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် စီမံချက်ပါ လုပ်ငန်းတာဝန်များ အောင်မြင်ပြီးမြောက်စေရေး ကြိုးပမ်းဆောင်ရွက် သွားရန်နှင့် မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါကလည်း အရန်အနေဖြင့် ဖြေရှင်းနိုင်ရန် စီမံချက်တွင် ထည့်သွင်း၍ ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မ တီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ ပြိုင်ပွဲအမျိုးအစား သတ်မှတ်ခြင်းနှင့် ပြိုင်ပွဲအစီ အစဉ်များ၊ ဆုချီးမြှင့်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျင်းပရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန် ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး တို့က ပဉ္စမအကြိမ်  အမျိုးသားအားက စားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်သွားမည့်  အစီအစဉ်လျာထားချက်များနှင့် အမျိုးသားအားကစား ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော် မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း တင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် ခုံသမာဓိဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြ သည့် ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပဉ္စမအ ကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအ တွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်သွားကြမည့်အစီအမံများကို  ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်း လိုက်သည်။