Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

 

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

ရန်ကုန်  ဇွန်  ၂၈

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိသည့် Max Energy Futsal Ama-teur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်ပြီး MFF Futsal Stadium တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့နံနက် ၈ နာရီတွင် Gentle Guys FC  အသင်းနှင့် Moonhead Yangon အသင်း တို့ကစားခဲ့ရာ Gentle  Guys FC အသင်း က ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် Yankin  Brotherhood အသင်းနှင့် Shwe  Pyi  Thar အသင်းတို့ ကစားခဲ့ရာ   Yankin    Brotherhood အသင်းက ၄ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ နံနက် ၁၁ နာရီတွင် Taw Win Nan FC  အသင်းနှင့်  RPG  FC အသင်းတို့ကစားခဲ့ရာ  RPG   FC အသင်းက ၈ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း  အသီးသီး အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် Black Cross Youth အသင်းနှင့် Black Eagle အသင်းတို့ကစားခဲ့ရာ  Black Eagle အသင်းက ၃ ဂိုး ၂ ဂိုးဖြင့်လည်း ကောင်း၊ မွန်းလွဲ ၂ နာရီတွင် Passion Play FC အသင်းနှင့် Legacy FC အသင်း တို့ကစားခဲ့ရာ  Legacy FC အသင်းက ၆ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊    ညနေ ၃ နာရီခွဲတွင် Future Light FC အသင်းနှင့် Fanatics FC အသင်းတို့ကစားခဲ့ရာ Fanatics FC အသင်းက ၉ ဂိုး ၅ ဂိုးဖြင့်လည်းကောင်း     အသီးသီး အနိုင်ရရှိခဲ့သည်။

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ဇွန်လ ၂၉ ရက်(ယနေ့)နံနက် ၈ နာရီတွင် Power HBI FC အသင်းနှင့်  Fithouse FC အသင်း၊ နံနက် ၉ နာရီခွဲတွင် Bushido Team အသင်းနှင့် IJ FC အသင်း၊ နံနက် ၁၁ နာရီတွင် 7 Brother FC အသင်းနှင့် Junior FC အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် Futsal 94 FC အသင်းနှင့် Shadows FC အသင်း၊ မွန်းလွဲ ၂ နာရီတွင် RE United အသင်းနှင့် Team Leo အသင်း၊ ညနေ ၃  နာရီတွင် 16/1 FC အသင်းနှင့်  FCT Youth အသင်းတို့ ဆက်လက်ကစားသွား မည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်