ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်း ဆင်းပွဲ ဂုဏ်ပြုညစာစားပွဲများ၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့နှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များက သွားရောက်ဂုဏ်ပြုဖျော်ဖြေ
နေပြည်တော်၊ ဇွန် - ၂၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်း ဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက်စာရင်းပေးသွင်းပြီး သင်တန်းတက် ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်း အနားများကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်း ကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်သည်။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများပြုလုပ်ခဲ့ကြသည်။
အဆိုပါဂုဏ်ပြုညစာစားပွဲများတွင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့နှင့် နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သင်တန်း ကျောင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများ၌လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်း၌ လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ သင်တန်းကျောင်း၌ လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ သင်တန်းကျောင်းများ၌ လည်းကောင်း အသီးသီး သွားရောက်ဂုဏ်ပြုသီဆို ဖျော်ဖြေ ခဲ့ကြရာ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများက စိတ်လက်ပျော်ရွှင်ကြည်နူးချမ်းမြေ့ စွာဖြင့် ကြည့်ရှုအားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင် သီဆိုခဲ့ကြကြောင်း သတင်းရရှိသည်။