ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိ

 

နေပြည်တော်  ဇွန်  ၂၉

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း  ဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ   သိရသည်။

မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၅ ရက်နံနက် ၉  နာရီခွဲတွင်  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၌ ဆန်းပြည့်အောင် မောင်းနှင်လာသော TOYOTA SUCCEED  မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား   ၅   သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်သည့် ညီညီအား ယင်းနေ့ နံနက် ၁၀ နာရီတွင်မြောက်ဥက္ကလာပမြို့နယ်၊  (ဌ)ရပ်ကွက်၊   သုဓမ္မာလမ်း၌ လည်းကောင်း၊ စိုးပိုင်(ခ)ကိုစိုးနှင့် မောင်မောင်ဌေးတို့အား မွန်းတည့် ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ပြည်လမ်းတွင် TOYOTA CORONA မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။