တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များဖမ်းဆီးရရှိ
နေပြည်တော် ဇူလိုင် ၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကိုဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၈ ရက်တွင် နွ လ် ၂၈ ရက်အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်၏ဝန်စည်တစ်ခုအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် ရေမွှေး မျိုးစုံ (၄၂)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၇၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ၄၅၇၄၀၀) ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဇွန်လ ၂၉ ရက် တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဝဲကြီးကွေ့၊ အတ္ထရံမြစ်ကမ်းဘေး အနီး၌ စုပုံ ထားသော ပီပါ(၉၈)လုံးအတွင်းမှ တရားမဝင် စက်သုံးဆီဟုယူဆရသော ဓာတ်ဆီ ဂါလန် (၄၁၃၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၄၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ၅၄၃၀၀၀၀)ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဇွန်လ ၂၉ ရက်တွင် ပဲခူးတိုင်း ဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်တော်ယာဉ်(၄)စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ပန်းသီးကီလိုဂရမ် (၁၁၅၀) ၊ လိမ္မော်သီး (၂၇၂)ကီလို ဂရမ်အပါ အဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၇၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hiace (၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၈၆၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန်လ ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင်သစ်ခုတ်ရာတွင် အသုံး ပြုသည့် ရွှေ့ပြောင်းလွှဝိုင်း(၁)ခု(သံခုံပါ) နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန်လ ၃၀ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်တို့၌ လိုင်စင်မဲ့ မော်တော် ယာဉ်များဖြစ်သည့် Honda Fit (၂)စီး၊ Toyota Crown(၂)စီး၊ Honda Airwave (၁)စီး၊ Lexus (၁)စီး၊ Toyota Ipsum (၁)စီး၊ Nissan Note (၁)စီး၊ Land Cruiser (၁)စီးနှင့် Toyota Mark II (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၈၇၀၀၀၀၀)နှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်သည့် Shayan-125(၁)စီး၊ Yunde-110 (၁)စီး၊ Coxystar Click (၁)စီး အပါအဝင် မော်တော် ဆိုင်ကယ်(၁၀)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန်လ ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄)မှု၊(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉၄၅၇၄၀၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။