ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ထိရောက်ထင်ရှားသော အကျိုးပြုလုပ်ငန်းများကိုသာ ရွေးချယ်ပြပါ မည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီနှင့် လမ်းစဉ်ပါတီခေတ်

စိုက်ပျိုးရေရရှိရေး အားထုတ်ဆောင်ရွက်ခဲ့မှုများ

စဉ်     လုပ်ငန်းအမည်       တည်နေရာ     ရေလှောင်ပမာဏ အကျိုးပြုဧရိယာ

                     (မြို့)            (ဧကပေ)       (ဧက)

၁။ ဝါရှောင်ရေလွှဲဆည်      ဝိုင်းမော်       -        ၁၇၄၅၀

၂။ ငွေတောင်ဆည်  လွိုင်ကော်    ၆၄၇၀          ၆၂၉၁

၃။ မိုးဗြဲဆည်ဂ       ဖယ်ခုံ ၆၇၅၉၂၆     ၁၆၃၀၅

၄။ ကိုးပင်ဆည်      ရွှေဘို ၉၇၆၄          ၃၀၀၀

၅။ မြောက်နဝင်းဆည်      ပြည်၊ပေါက်ခေါင်း   ၂၉၁၆၅        ၉၆၇၆၉

                   သဲကုန်း

၆။ ကြက်မောက်တောင်ဆည်      ကျောက်ပန်း ၇၃၁၀၀        ၂၉၇၈၆

                   တောင်း

၇။ ပြောင်းပြာဆည်          မြင်းခြံ၊         ၂၇၉၆၀        ၅၈၄၀

                   နွားထိုးကြီး

၈။ ရေဆင်းဆည်    ပျဉ်းမနား     ၇၃၀၀၀       ၁၅၈၅၀

၉။ ချောင်းမကြီးဆည်       ပျော်ဘွယ်၊   ၄၀၂၀၀        ၉၂၇၆

                   သာစည်

၁၀။ ဆည်တော်ကြီး         မတ္တရာ၊ ပုသိမ်ကြီး  ၃၆၂၈၅၀ ၁၂၇၀၀၀

                   မန္တလေး၊ အမရပူရ

၁၁။ ငလိုက်ဆည်    ပျဉ်းမနား၊    ၇၅၀၀၀       ၂၁၁၀၀

                   လယ်ဝေး

၁၂။ ဟိုပုံးချိုင့်ဝှမ်းလုပ်ငန်းများ    ဟိုပုံး၊ ဆီဆိုင်         -        ၂၅၀၀၀

ဂမိုးဗြဲဆည်၏ ရည်ရွယ်ချက်မှာ ဘီလူးချောင်းရေအား လျှပ်စစ်စက်ရုံများအတွက် ဦးစားပေးရေလှောင်ရန် လျှပ်စစ်ဓာတ်အားဌာနမှ တည်ဆောက်ခဲ့သည်။ စိုက်ပျိုးရေကိုမူ သီးခြားရေထုတ်ပေါက်မှ ပေးဝေသည်။

ဤကာလသည် တစ်ပါတီနိုင်ငံရေးစနစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ပြည်သူ့ဘဏ္ဍာဖြင့် ဆောင်ရွက်ခဲ့သည်။

သို့သော် နိုင်ငံတွင်ရှိသည့်အားကိုအခြေခံကာ ကမ္ဘာ့အဖွဲ့အစည်းများမှ   ငွေချေးယူမှုများဖြင့်ပေါင်းစပ်၍  ဆောင်ရွက်ခဲ့သည့်အတွက် အောင်မြင်မှုရသင့်သလောက် ရခဲ့သည်ဟု ဆိုနိုင်သည်။ ဤကာလအတွင်း မပြီးစီးသော်လည်း  စတင်ဆောင်ရွက်နိုင်ခဲ့သော  ရေအသုံးချမှုစီမံကိန်းကြီးများလည်း ရှိခဲ့သည်။ ၎င်းတို့မှာ တောင်နဝင်းဆည်၊ ကင်းတားဆည် စသည်တို့ဖြစ်သည်။  ထို့ပြင်  အောက်မြန်မာပြည် စပါးဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း(၁) (Paddy-1) နှင့် အပိုင်း(၂) (Paddy-2) ဟူ၍ စီမံကိန်းကြီးနှစ်ခုကို ဆောင်ရွက်နိုင်ခဲ့သည်။ ဤစပါးဖွံ့ဖြိုးမှု စီမံကိန်းကြီးများဖြင့် မြစ်ဝကျွန်းပေါ်ဒေသ  ပင်လယ်ရေငန်တားဆီးရေးတာများ၊ ရေချိုရရှိရေးတာများ၊ ရေဘေးကာကွယ်ရေးတာများ၊ ရေတံခါးများ၊ လယ်ယာမြေပြုပြင်မှုများ၊ ရေပေးလက်တံမြောင်းများ စသည်တို့ကို စပါးကျီကြီးများဖြစ်သော ပဲခူးနှင့်ဧရာဝတီတိုင်း ဒေသကြီး များအတွင်း ဆောင်ရွက်နိုင်ခဲ့သည်။ ကြီးမားသောလုပ်ငန်းကြီးဖြစ်သည်။ နိုင်ငံအတွက် အထူးအကျိုးရှိခဲ့သော လုပ်ငန်းကြီးများဖြစ်ခဲ့သည်။ နှစ်စဉ် ရေငန်ဝင်၍ မစိုက်ပျိုးနိုင်သော လယ်အများစုတွင် စိုက်ပျိုးနိုင်ခဲ့သလို ချောင်းရေ၊ မြစ်ရေလျှံ၍ ရေနစ်မြုပ်သည့်မြေများကို ရေကာတာများဖြင့် ကာပေးနိုင်ခဲ့သည်။

ခြုံငုံဖော်ပြရပါက ဤကာလတွင် လယ်ယာမြေဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်ယာများ ရေရရှိရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခဲ့သည်ဟု ဆိုနိုင်သည်။

ဆည်တော်ကြီး   ဘက်စုံတမံစီမံကိန်း၊   ကြက်မောက်တောင်ဆည်၊ ရေဆင်းဆည်၊ ငွေတောင်ဆည်၊ မြောက်နဝင်းဆည်၊ ပြောင်းပြာဆည်၊ ငလိုက်ဆည်၊  ဟိုပုံးချိုင့်ဝှမ်း၊ ကင်းတား  စသည့် ဆည်မြောင်း လုပ်ငန်းများမှာ   နိုင်ငံ၏စီးပွားရေးကို   ထိထိရောက်ရောက်တိုးတက်စေမည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ စိုက်ပျိုးရေရရှိရေးဆောင်ရွက်မှုများ

ဤကာလသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ တာဝန်ယူခဲ့သည့်ကာလ ဖြစ်သည်။

ဤ ၂၂ နှစ်တာကာလကို    တပ်မတော်အုပ်ချုပ်သည့်ကာလဟု သိကြသည်။ နိုင်ငံတကာ အကူအညီများ မရသည့်အပြင် စီးပွားရေးပိတ်ဆို့ထားသော ကာလဖြစ်သည်။ ဤကာလအတွင်း ပြည်သူအများစုဖြစ်သော ကျေးလက်နေပြည်သူများ ဘဝတိုးတက်ရေးအတွက် မည်သို့သော စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်ကို လေ့လာကြည့်ပါမည်။ ထင်ရှားသည်များကိုသာ စုစည်းဖော်ပြပါမည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သောရေအသုံးချမှုစီမံကိန်းများ

စဉ်     တာတမံ/ရေတံခါး   တည်နေရာ            ရေလှောင်ပမာဏ အကျိုးပြုဧရိယာ

                                                (မြို့)             (ဧကပေ)            (ဧက)

၁။ သဖန်းဆိပ်        ကျွန်းလှ       ၂၈၈၀၀၀၀   ၅၃၀၀၀၀

၂။ မြောက်ယမားရေကူ     ပုလဲ   ၁၂၂၉၀၀      မြောက်ယမား

                                      ရေကူ

၃။ တောင်နဝင်း      ပြည်၊ပေါက်ခေါင်း   ၂၈၇၀၀၀     ၆၂၅၀၀

                   သဲကုန်း

၄။      တောင်ညို    နတ်တလင်း ၂၁၀၀၀၀      ၅၀၀၀၀

၅။      ပသိ   တောင်ငူ       ၃၀၅၀၀       ၄၀၀၀

၆။      ဇောင်းတူ(ရေလွဲှဆည်)ပဲခူး       -        ၃၆၂၅၀

၇။      ဝဲကြီး ပေါင်းတည်   ၂၅၂၀၀၀      ၄၅၀၀၀

၈။      ညောင်ကိုင်း  ပန်းတောင်း  ၁၇၆၀၀       ၃၀၀၀

၉။      သဲကော       လက်ပံတန်း ၅၂၅၀၀        ၁၂၀၀၀

၁၀။ရှမ်းကိုင်းရေတံခါး       ဝေါ    -        ၂၅၀၀၀

၁၁။ဆွာချောင်း       ရေတာရှည်   ၂၂၈၀၀၀      ၃၅၀၀၀

၁၂။သုံးဆယ် သာယာဝတီ ၂၃၇၅၀၀      ၅၀၀၀၀

၁၃။ပိုင်ကျုံရေထိန်းတံခါး   ကဝ   -        ၃၀၀၀၀

၁၄။ဘော်ဘင်ပင်မ  ကြို့ပင်ကောက်      ၉၇၇၀၀       ၃၀၀၀၀

၁၅။ကံတင်ဘီးလင်း          မင်းလှ         ၁၃၄၀၀၀     ၂၅၀၀၀

၁၆။ဘိုင်းဒါး  ဒိုက်ဦး          ၃၇၃၉၀၀     ၄၆၇၀၀

၁၇။တာဝရေထိန်းတံခါး    သနပ်ပင်      -        ၃၂၀၀၀

၁၈။အလိုင်နီ ပဲခူး    ၃၉၀၀၀       ၁၀၀၀၀

၁၉။ကောလိယ       ဒိုက်ဦး          ၁၆၄၉၁၂      ၂၄၅၀၀

၂၀။ဂမုန်း     အုတ်ဖို         ၆၂၀၀၀        ၁၅၀၀၀

၂၁။မင်းလှ    အုတ်ဖို         ၄၃၆၄၅        ၁၅၀၀၀

၂၂။ချောင်းမကြီး(မြို့လှ)   ရေတာရှည်   ၉၇၃၀          ၃၀၀၀

၂၃။ရွှေလှေရေထိန်းတံခါး  ကဝ   -        ၃၅၀၀၀

၂၄။ခဝါ         ပန်းတောင်း  ၁၂၅၅၀        ၂၀၀၀

၂၅။မိုးယွန်းကြီးရေထိန်း    ဝေါ    -        ၄၀၀၀၀

          တံခါး

၂၆။ရဲနွယ်     ကျောက်တံခါး        ၉၃၁၈၀၀     ၁၁၈၅၀၀

၂၇။ဝါးကတုတ်       ပဲခူး    ၃၂၆၀၀        -

          (မိုးယွန်းကြီးအင်းရေကူ)  

၂၈။ခပေါင်း   အုတ်တွင်း    ၈၇၈၅၇၀     ၁၀၀၀၀၀

၂၉။နဂါးပေါက်       ဝေါ    -        ၁၅၀၀၀

          ရေထိန်းတံခါး

၃၀။ကင်ပွန်းတောင် တောင်တွင်းကြီး     ၁၀၅၂၀        ၅၀၀၀

၃၁။တောင်ခရမ်း     ဂန့်ဂေါ         ၁၁၇၂၆        ၅၀၀၀

၃၂။နတ်မောက်       နတ်မောက်  ၁၀၂၃၅၇      ၃၆၀၀၀

၃၃။ဆဒ္ဒန်     မြို့သစ်        ၂၅၀၀၀        ၁၀၀၀၀

၃၄။မန်းချောင်း       ငဖဲ     ၁၂၀၀၀        ၄၇၅၀၀

၃၅။တောင်ယမား   မြိုင်   ၁၆၄၃၆        ၇၀၀၀

၃၆။ရန်ပယ်  တောင်တွင်းကြီး     ၃၅၁၄၀        ၁၀၀၀၀

၃၇။စွန်ချောင်း        မြို့သစ်        ၃၀၇၂၀        ၇၀၀၀

၃၈။ပုလင်း   မြို့သစ်        ၁၂၂၀၀         ၂၀၀၀

၃၉။မုန်းချောင်း       စေတုတ္တရာ   ၆၇၄၄၀၀     ၁၀၈၀၀၀

၄၀။ပဒဲ         အောင်လံ     ၃၂၉၀၀        ၆၄၀၀

၄၁။ကင်းတား         မြစ်သား       ၈၇၃၅၈၀     ၂၀၁၅၀၀

၄၂။ဆင်သေ  တပ်ကုန်း     ၁၄၃၀၀၀     ၃၂၄၀၀

၄၃။ဇီးတော  နွားထိုးကြီး   ၃၀၃၇၀        ၄၀၀၀

၄၄။ကျောက်တလုံးရေကူ  တောင်သာ   ၁၀၇၀၀       -

၄၅။ရန်အောင်မြင်   လယ်ဝေး     ၁၀၄၆၀        ၃၀၀၀

၄၆။သင်ပုန်း မလှိုင် ၂၁၀၀၀        ၇၆၃၆

၄၇။ချောင်းမကြီး    ပျဉ်းမနား     ၄၀၀၀၀           ၃၀၀၀

                                                     သောက်သုံးရေ

၄၈။ပေါင်းလောင်း   ပျဉ်းမနား     ၅၆၀၀၀၀     ၃၅၀၀၀

၄၉။မြို့လှ(တပ်ကုန်း)       တပ်ကုန်း     ၁၃၀၀၀        ၃၃၁၃

၅၀။ချောင်းမငယ်    လယ်ဝေး     ၉၁၇၇၀       ၈၀၀၀

၅၁။ငါ့သရောက်      ငါ့သရောက်  ၇၀၀၀          ၂၀၀၀

၅၂။မာလဲနတ်တောင်        စဉ့်ကူး        ၅၇၄၇၀       ၁၀၀၀၀

၅၃။မဒန်း     လယ်ဝေး     ၃၆၅၀၀       ၈၀၀၀

၅၄။အဇင်း    မုဒုံ     ၁၅၄၂၇        ၃၀၀၀

၅၅။ဝင်းဖနုံ  မုဒုံ     ၄၉၅၀၀       ၁၃၀၀၀

၅၆။ကတိုက် ပေါင်  ၅၆၀၀၀       ၁၀၀၀၀

၅၇။ပြိုင်းချောင်း     ကျောက်တော်        ၂၄၂၉၀         ၅၀၀၀

၅၈။ငမိုးရိပ်   လှည်းကူး     ၁၈၀၀၀၀     ၇၀၀၀၀

၅၉။တဘူးလှ(ဥက္ကံ) တိုက်ကြီး     ၁၉၄၆၀၀     ၅၂၀၀၀

၆၀။လဂွမ်းပြင်       လှည်းကူး     ၁၄၈၈၀၀     ၂၂၀၀၀

၆၁။ကလီထော်       လှည်းကူး     ၂၆၀၀ ၉၀၀၀

၆၂။မဟူရာ(ငမိုးရိပ်ရေကူ)လှည်းကူး      ၅၄၀၀၀       -

၆၃။ပေါင်းလင်း       လှည်းကူး     ၁၁၉၂၀၀      -

          (ငမိုးရိပ်ရေကူ)

၆၄။ဇော်ဂျီ    ရပ်စောက်    ၅၁၇၈၆၃     ၁၁၀၀၀၀

၆၅။မုံးရင်     နမ္မတူ ၂၈၄၂၀         ၂၆၀၀၀

၆၆။အောက်မြန်မာပြည်    ဘိုကလေး၊   -        ၁၈၃၄၂၁

  စပါးဖွံ့ဖြိုးရေးအပိုင်း-၂   လပွတ္တာ၊မအူပင်၊   

  (ဏေိပ-၂)အဆုံးသတ်  ကျိုက်လတ်၊ သန်လျင်၊

  လုပ်ငန်းများ         သုံးခွ၊ ခရမ်း၊ တိုက်ကြီး

၆၇။ပန်းလှိုင်ရေထိန်းတံခါးညောင်တုန်း -        ၂၀၀၀၀

၆၈။ဝါးတောရေထိန်းတံခါးမအူပင်         -        ၁၅၀၀၀

၆၉။မဲဇလီရေထိန်းတံခါး   ညောင်တုန်း -        ၂၀၀၀၀

၇၀။ထနီးရေထိန်းတံခါး     မအူပင်         -        ၁၅၀၀၀

၇၁။နန့်ကသူ          မအူပင်         ၄၀၄၈၇        ၁၄၀၀၀

၇၂။ကွန်ချောင်း       ကြံခင်း         ၉၈၄၀၀       ၂၀၀၀၀

၇၃။မမြ        မြန်အောင်    ၇၀၀၀၀       ၁၀၀၀၀

ဤစာရင်းတွင် မပါဝင်သောလုပ်ငန်းအလတ်စား၊  အငယ်စားများ ကျန်ရှိနေပါသေးသည်။  ဤကာလ  ၂၂  နှစ်အတွင်း  ဆည်တာတမံ ရေထိန်းတံခါးပေါင်း ၂၃၃ ခုကို အောင်မြင်အောင်  ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရသည်။

ဤရေလှောင်ဆည် တာတမံ ၂၃၃ ခု၏ သိုလှောင်ရေပမာဏစုစုပေါင်းမှာ ဧကပေ ၁၂၆ သိန်းကျော်ရှိသည်။ လယ်မြေဧရိယာဧက ၃၁ သိန်းခွဲကျော်ကို အကျိုးပြုနိုင်ခဲ့သည်။                        

  ဆက်လက်ဖော်ပြပါမည်။