ယူရို ၂၀၂၄ ပြိုင်ပွဲနှင့် ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
စကော့တလန် Vs ဟန်ဂေရီ
(၂၄-၆-၂၀၂၄ နံနက် ၁:၃၀ နာရီ)
နောက်ဆုံးတွေ့ဆုံမှုရလဒ်
ဟန်ဂေရီ ဝ - ၁ စကော့တလန်
နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ
စကော့တလန် အိမ်(သရေ) ဝေး(ရှုံး) ဝေး(သရေ)
ဟန်ဂေရီ အိမ်(နိုင်) ဝေး(ရှုံး) ဝေး(ရှုံး)
အုပ်စုနှစ်ပွဲကစားပြီးချိန်မှာ တစ်ပွဲရှုံး၊ တစ်ပွဲနိုင် ရလဒ်ရရှိထားတဲ့ စကော့တလန်အသင်းအတွက် အခုပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် အကောင်းဆုံးအုပ်စု တတိယနေရာနဲ့ (၁၆)သင်းရှုံးထွက်အဆင့်တက် ရောက်နိုင်ဖို့ အခွင့်အရေးရှိနေလို့ အမှားခံမှာမဟုတ်ပါဘူး။ စကော့တလန်အသင်းက ပြီးခဲ့တဲ့ဆွစ်ဇာလန် အသင်းနဲ့ပွဲစဉ်က ခြေစွမ်းမျိုးနဲ့ဆိုရင် ဟန်ဂေရီအသင်းကို အနိုင်ရယူနိုင်မှာပါ။ စကော့တလန် အသင်းအတွက် နောက်တစ်ဆင့် တက်ရောက်ဖို့ မျှော်လင့်ချက်ကို အမှားခံမှာမဟုတ်ပါဘူး။ လက်ရှိ စကော့တလန် အသင်းရဲ့ ကစားသမားစုဖွဲ့မှုပိုင်းကလည်း ဟန်ဂေရီ အသင်းထက် အသာစီးမှာ ရှိနေပါတယ်။
ဟန်ဂေရီအသင်းကတော့ အခုပွဲစဉ်မှာ အနိုင်ရရှိ မယ်ဆိုရင်တောင် (၁၆)သင်းရှုံးထွက် အဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်က တော်တော်နည်းပါးနေပါပြီ။ ဟန်ဂေရီအသင်းရဲ့ လက်ရှိခြေစွမ်းပိုင်းကလည်း တည်ငြိမ်မှုမရှိဘဲ ရုန်းကန်နေရသလို စကော့တလန်အသင်းနဲ့တွေ့ဆုံတိုင်းလည်း ရုန်းကန်ရလေ့ရှိပါတယ်။ ဒါကြောင့် ဒီပွဲမှာ စကော့တလန်အသင်းကိုပဲ အားပေးရမှာပါ။
ခန့်မှန်းရလဒ်-စကော့တလန် ၂ - ၁ ဟန်ဂေရီ
ဆွစ်ဇာလန် Vs ဂျာမနီ
(၂၄-၆-၂၀၂၄ နံနက် ၁:၃၀ နာရီ)
နောက်ဆုံးတွေ့ဆုံမှုရလဒ်
ဂျာမနီ ၃ - ၃ ဆွစ်ဇာလန်
နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ
ဆွစ်ဇာလန် အိမ်(သရေ) ဝေး(နိုင်) ဝေး(သရေ)
ဂျာမနီ အိမ်(နိုင်) အိမ်(နိုင်) အိမ်(နိုင်)
နှစ်သင်းစလုံး (၁၆)သင်းရှုံးထွက်အဆင့်ကိုတက် ရောက်နိုင်ခဲ့ပြီဆိုပေမယ့် အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းကလည်း အသင်းလိုက်ကစားပုံ တည်ငြိမ်မှုရှိတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ စကော့တလန်အသင်းနဲ့ပွဲစဉ်မှာ ခံစစ်ပိုင်း လိုအပ်ချက်တွေရှိနေတာသိသာပါတယ်။ ဆွစ်ဇာလန် အသင်းတိုက်စစ်ပိုင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးရရှိဖို့ရုန်းကန်နေရလို့ ဂျာမနီအသင်းတိုက်စစ်ပိုင်းကို ထိန်းချုပ်ဖို့ခက်ခဲမှာပါ။ ဆွစ်ဇာလန်အသင်းအတွက် ပြိုင်ဘက်အိမ်ရှင်ပရိသတ်တွေရှေ့မှာ ကစားရမှာဖြစ်လို့ ပရိသတ်ဖိအားရှိနေမှာပါ။ ဆွစ်ဇာလန်အသင်း တိုက်စစ်ပိုင်းကလည်း အမ်ဘိုလိုတစ်ဦးတည်းကိုသာ အားပြုကစားနေရလို့ ဂျာမနီအသင်းကစားသမားတွေ အမ်ဘိုလိုကို သေချာထိန်းချုပ်ကစားနိုင်မယ်ဆိုရင် ဆွစ်ဇာလန်အသင်း အခက်ကြုံလာရမှာပါ။
အိမ်ရှင် ဂျာမနီအသင်းကတော့ ချန်ပီယံဆုအတွက် ရေပန်းစားတဲ့အသင်းပီပီ အုပ်စုပွဲစဉ်နှစ်ပွဲမှာ ခြေစွမ်းပြနိုင်ပြီး နှစ်ပွဲစလုံးအနိုင် ရရှိထားပါတယ်။ အခုပွဲစဉ်မှာ အနည်းဆုံးသရေရလဒ်ရရှိမယ်ဆိုရင် တော့ အုပ်စုပထမနေရာနဲ့ (၁၆)သင်းရှုံးထွက်အဆင့် ကိုတက်ရောက်နိုင်မှာဖြစ်လို့ အမှားခံမှာမဟုတ်ပါဘူး။ လက်ရှိ ဂျာမနီအသင်း ကွင်းလယ်ပိုင်းမှာ လူငယ်ကစား သမားတွေဖြစ်တဲ့ ဖလိုရီယန်ဝက်ဇ်နဲ့မူစီရာလာတို့က အကောင်းဆုံး ခြေစွမ်းပြနေပြီး ဆာနေးနဲ့ ကိုင်ဟာဗက် ဦးဆောင်တဲ့ တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းအားကောင်းနေလို့ ဆွစ်ဇာလန်အသင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင်အားသာချက်ရော ခြေစွမ်းပိုင်းပါ အသာစီးမှာရှိနေတဲ့ ဂျာမနီအသင်းပဲ နိုင်ပွဲဆက်ပါလိမ့်မယ်။
ခန့်မှန်းရလဒ် - ဆွစ်ဇာလန် ၁ - ၃ ဂျာမနီ
အမေရိကန် Vs ဘိုလီဗီးယား
ကစားမည့်ရက်/အချိန်
(၂၄-၆-၂၀၂၄ နံနက် ၄း၃၀ နာရီ)
နောက်ဆုံးတွေ့ဆုံမှုရလဒ်
အမေရိကန် ၃ - ဝ ဘိုလီဗီးယား
နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ
အမေရိကန် အိမ်(နိုင်) အိမ်(ရှုံး) အိမ်(သရေ)
ဘိုလီဗီးယား ဝေး(ရှုံး) ဝေး(ရှုံး) ဝေး(ရှုံ့း)
ခြေစမ်းပွဲစဉ်တွေမှာ ပုံစံကောင်းတွေပြသနိုင်ခဲ့တဲ့ အမေရိကန်အသင်းမှာ ဥရောပကလပ်အသင်းကြီး တွေမှာကစားနေတဲ့ ကစားသမားတွေ ပါဝင်လာလို့ ဘိုလီဗီးယားအသင်းထက် ကစားသမားစုဖွဲ့မှုပိုင်းမှာ အားသာမှု ရှိနေပါတယ်။ အမေရိကန်အသင်းက ဘိုလီဗီးယားအသင်းနဲ့တွေ့ဆုံတိုင်းလည်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။
ဘိုလီဗီးယားအသင်းကတော့ ခြေစမ်းပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားခဲ့သလို လက်ရှိခြေစွမ်းပိုင်းနဲ့ ကစားသမားစုဖွဲ့မှုပိုင်းမှာလည်း အမေရိကန်အသင်း ကို ပွဲချိန်ပြည့်ရင်ဆိုင်နိုင်ဖို့ လိုအပ်ချက်တွေရှိနေပါတယ်။ ဘိုလီဗီးယားအသင်းက အမေရိကန် အသင်းနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ရာမှာ နှစ်ကြိမ်စလုံးဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ ခြေစွမ်းပိုင်း အသာစီးမှာရှိနေတဲ့ အမေရိကန်အသင်းရဲ့အနိုင်ရလဒ်က သေချာပါတယ်။
ခန့်မှန်းရလဒ်-အမေရိကန် ၂ - ၀ ဘိုလီဗီးယား
Ref;Sports Mole