မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက ရတနာပုံအက်ဖ်စီအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

 

မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက ရတနာပုံအက်ဖ်စီအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

 

ရန်ကုန်  ဇွန်  ၂၂

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ဆက်လက် ကျင်းပခဲ့ရာ ရခိုင်ယူနိုက်တက် ယူ-၂၀ အသင်းက ရတနာပုံအက်ဖ်စီ ယူ-၂၀ အသင်းကို  ၂ ဂိုး ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့ပြီး  သစ္စာအားမာန် ယူ-၂၀ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၀ အသင်း၊ ဒဂုံစတားယူ-၂၀ အသင်းနှင့် ISPE ယူ-၂၀ အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်းသိရသည်။  မြန်မာနေရှင်နယ်လိဂ်  ယူ-၂၀ ပြိုင်ပွဲအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ရတနာပုံအက်ဖ်စီ ယူ-၂၀အသင်းနှင့် ရခိုင်ယူနိုက်တက်ယူ-၂၀အသင်းတို့ကစားခဲ့ရာ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့သော်လည်း   အဆုံးသတ်ပိုင်းပိုမိုသေချာသည့်  ရခိုင်ယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရခိုင်ယူနိုက်တက် ယူ-၂၀အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၂ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် နိုင်နိုင်ဝင်းကလည်းကောင်း၊   ပွဲချိန် ၃၅ မိနစ်တွင် Moses ကလည်းကောင်း သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌    ဒဂုံစတား ယူ-၂၀အသင်းနှင့် ISPE ယူ-၂၀အသင်းတို့ ကစားခဲ့သည့်ပွဲစဉ်နှင့် ညနေ ၃နာရီခွဲတွင် တောင်ဒဂုံအားကစားကွင်း၌ သစ္စာအားမာန် ယူ-၂၀ အသင်းနှင့်ရှမ်းယူနိုက်တက် ယူ-၂၀အသင်းတို့ပွဲစဉ်တွင် အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ နှစ်ပွဲစလုံးဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ်(၄)ပွဲစဉ်များအပြီးတွင် ရှမ်းယူနိုက်တက် ယူ-၂၀ အသင်း နိုင်ပွဲ ရပ်တန့်ခဲ့ ရသော်လည်း  ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဆက်လက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

 စည်သူအောင်

Dates: 
Tuesday, July 2, 2024 - 22:36