နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့၌ တိုင်းမှူးဒိုင်း သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပ

 

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့၌ တိုင်းမှူးဒိုင်း သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ ဇွန် ၂၁

၂၀၂၄ ခုနှစ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဉတ္တရသီရိတပ်နယ်ရှိ နယ်မြေခံသင်တန်း ကျောင်းစက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး မိုးပျံပူပေါင်းများအား ပစ္စတို ဖြင့် ပစ်ခတ်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက် ရောက်လာကြသူများက အမျိုးသား/အမျိုးသမီး ပစ္စတို ထိလဲပစ်ခတ်စဉ်များ သရုပ်ပြပစ်ခတ်နေမှုများအား ကြည့်ရှုအားပေးပြီး တိုင်းမှူးက သရုပ်ပြပစ်ခတ် ခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။

အဆိုပါသေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ဌာနချုပ်/ တပ်နယ်/တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇူလိုင် ၅ ရက် အထိ ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်သည်။

အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ် ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရှိ နယ်မြေခံ သင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊   အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပစ္စတိုဖြင့် ပူဖောင်းပစ်ဖောက် ၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက စစ်သည်၊ ရဲမေများ၏ ပစ္စတို ထိလဲပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်မှုများကို ကြည့်ရှုအားပေးပြီး သရုပ်ပြသသည့် စစ်သည်၊ ရဲမေများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်သည်။

Dates: 
Wednesday, July 3, 2024 - 10:51