မော်လမြိုင်မြို့၌ ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကျင်းပ

 

မော်လမြိုင်မြို့၌ ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ သင်တန်းသူများ နှင့် ထူးချွန်ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးကြပြီး မွန်ပြည်နယ်အတွင်း ထူးချွန်ဆုရရှိခဲ့ကြသည့် အမျိုးသမီးများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ ဝန်ထမ်းများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသူလေး များ၏ ကပြဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

Dates: 
Wednesday, July 3, 2024 - 16:33