အနာဂတ်နှင့်ပတ်သက်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းမှ ကင်မစ်ချ်ပြောကြား

 

အနာဂတ်နှင့်ပတ်သက်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းမှ ကင်မစ်ချ်ပြောကြား

 

ဘိုင်ယန်မြူးနစ်အသင်းမှ ကွင်းလယ်ကစားသမား ကင်မစ်ချ်က  ဂျာမနီအသင်းနှင့်အတူ ယူရို ၂၀၂၄  ပြိုင်ပွဲအတွက်    အပြည့်အဝအာရုံစိုက်ထားသောကြောင့် အနာဂတ်နှင့်ပတ်သက်ပြီး  ယူရို ၂၀၂၄ ပြိုင် ပွဲပြီးမှသာ ဆွေးနွေးမှုများပြုလုပ်ပြီး  ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၂၉ နှစ်အရွယ် ကင်မစ်ချ်သည် ၂၀၁၅ ခုနှစ်က စတုဂတ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့  ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင်    အကောင်းဆုံးခြေစွမ်းပြနိုင်ကာ လက်ရှိ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၌ အကောင်းဆုံး ကွင်းလယ်ကစားသမားများတွင်   တစ်ဦးအပါအဝင် ရပ်တည်နေသူဖြစ်သည်။

ကင်မစ်ချ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့၏စာချုပ် သက်တမ်းမှာ   ၂၀၂၅  ခုနှစ်  ဇွန်လအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက်   အသင်းနှင့်စာချုပ်သက်တမ်း   တစ်နှစ်သာကျန်ရှိတော့ပြီး    လက်ရှိ အချိန်ထိ ဘိုင်ယန်မြူးနစ်အသင်းနှင့် သက်တမ်းတိုး စာချုပ်အတွက် ဆွေးနွေးမှု မရှိသေးသဖြင့် အနာဂတ်မရေမရာ ဖြစ်နေသည်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းကို ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဆောင်ရန် စီစဉ်ထားပြီး ကင်မစ်ချ်ကိုလည်း သင့်လျော်သည့်ပြောင်းရွှေ့ ကြေးရရှိပါက ရောင်းချဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ကင်မစ်ချ်က ကျွန်တော်နဲ့အသင်းစာချုပ်သက်တမ်း က ၂၀၂၅ ခုနှစ်အထိရှိနေပါသေးတယ်။   အသင်းမှာ ဆက်ရှိ၊  မရှိက  ကျွန်တော့်ပေါ်မှာ  မူတည်မနေပါဘူး။ အသင်းပေါ်မှာပဲ မူတည်ပါတယ်။ လောလောဆယ်တော့ ကျွန်တော် ဂျာမနီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ   အောင်မြင်မှုရယူဖို့ပဲ  အာရုံစိုက်ထားပါတယ်ဟု ပြောသည်။                        

   Ref;Bild

Dates: 
Thursday, July 4, 2024 - 07:22