မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဇွန် ၁၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၃ ရက် ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် နှင်းဆီလမ်းရှိ သန့်ဇင်(ခ)ရှမင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၁ ရက် ညနေ ၃ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၉)ရပ်ကွက်ပေါ်ဆန်းမွှေးလမ်းတွင် အောင်သိန်းဝင်း(ခ)ကိုအောင် မောင်းနှင်ပြီး အောင်ပြည့်(ခ)အောင်လေးနှင့် တင်ဝင်းအောင်တို့ လိုက်ပါ လာသည့် TOYOTA HILUX SURF မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကိုလည်းကောင်း၊ စစ်ဆေးချက်အရ ည ၇ နာရီတွင် သန်လျင်မြို့နယ် မြို့ဟောင်း အနောက်ရပ်ကွက်ရှိ အောင်သိန်းဝင်း(ခ)ကိုအောင် ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းကို စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)