တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း

ယမန်နေ့မှအဆက်

ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဦးစိုးသန်းလင်းက မကြာခင်က လုပ်သွားတဲ့ ရန်ကုန်တိုင်းဒေသကြီးက ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲမှာ မသမာမှုများရှိသည့် အတွက်ကြောင့် တပ်မတော်နှင့့် UEC ပေါင်းပြီး ရွေးကောက် ပွဲပြန်ကျင်းပပေးပါဆိုပြီး ပြန်တောင်းဆို ထားခြင်းများရှိကြောင်း၊  အဲဒါနဲ့ပတ်သက် လို့ တပ်မတော်နဲ့ညှိနှိုင်းထားတာမဟုတ်ဘူးဟု တပ်ကပြောထားပါကြောင်း၊ ယခု လက်ရှိ ပြည်ခိုင်ဖြိုး ပါတီအပေါ် လူတွေ မြင်နေကြသည်မှာ ပြည်ခိုင်ဖြိုးပါတီသည် တပ်မတော်အစိုးရလက်ထက်က  ဖွဲ့စည်း ထားတဲ့ပါတီဖြစ်သည့်အတွက် အားလုံးက တပ်က ပြည်ခိုင်ဖြိုးပါတီကိုပဲ ထောက်ခံတဲ့ အမာခံအင်အား ဆိုပြီး   သုံးသပ်ထားကြကြောင်း၊  ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီ၏ ပြောကြားချက်နှင့် ထုတ်ပြန်ချက်များအပေါ် တပ်မတော်၏   သဘောထားကိုသိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံရေး ပါတီများနှင့်ပတ်သက်၍ မိမိတို့တပ်မတော် သဘောထားပဲပြော လိုကြောင်း၊ တပ်မတော် အနေဖြင့် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်  ပါတီနိုင်ငံရေးကနေတစ်ဆင့် နိုင်ငံ့အရေးကို    ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊    မည်သည့်နိုင်ငံရေး ပါတီ မဆို ဒို့တာဝန် အရေးသုံးပါးနဲ့ အမျိုးသား အကျိုး စီးပွားအပေါ်မှာ ကာကွယ်စောင့်ရှောက်ဖို့ လိုကြောင်း၊ အခြေခံဥပဒေ နိုင်ငံရေးပါတီများ အခန်း၌လည်းပါပြီးဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ခုနကပြောသည့် အချက်တွေနဲ့ ပြည့်စုံရင်မည်သည့်ပါတီမဆို တပ်မတော်နဲ့မူဝါဒပိုင်းဆိုင်ရာ  နီးစပ်ပြီးဖြစ်သည်ဟု မိမိပြော လိုကြောင်း ဖြေကြားသည်။

ဆင်ဟွာ သတင်းဌာနမှ သတင်းထောက် ဦးစိုးသန်းလင်းက တပ်မတော်၏လက်ရှိ ရပ်တည်ချက်သဘောထားကို သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်၏ လက်ရှိရပ်တည်ချက် သဘောထားသည် ခုနကပြောခဲ့သည့်အတိုင်းပဲ   မိမိတို့က ဒို့တာဝန် အရေးသုံးပါးနဲ့ အမျိုးသားအကျိုးစီးပွားပေါ်မှာ လိုက်နာလေးစားတဲ့ ပါတီဆိုရင် မည်သည့် ပါတီ မဆို တပ်မတော်နဲ့ မူဝါဒ ပိုင်းဆိုင်ရာ နီးစပ်ပြီးဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီမှာရော၊ ကျန်သည့်ပါတီ အားလုံး အပေါ် မှာရော ဒီသဘောထားတွေအတိုင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။  

ဆက်လက်၍  BBC    သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ပြည်ခိုင်ဖြိုး ပါတီက မနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးခင်ရီက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက ၁၂၆ မှု တိုင်ကြား ထားပြီး UEC ကို တိုင်ကြားထား တဲ့  အမှုပေါင်းတစ်ထောင်ကျော်ရှိသည်ဟုပြောကြောင်း၊   ထိုကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို သိလိုကြောင်း  မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော် အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၂ဝ(စ)အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်ရန်   အဓိကတာဝန်ရှိ ကြောင်း၊ ပုဒ်မ ၂ဝ(င)အရ ဒို့တာဝန်အရေး သုံးပါးကိုကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိကြောင်း၊ ပုဒ်မ ၆(စ)အရ အမျိုးသား နိုင်ငံရေးဦးဆောင်မှု  အခန်း ကဏ္ဍတွင် ပါဝင်ထမ်းဆောင်နိုင်ရေး ဦးတည်ပါကြောင်း၊ တပ်မတော်ရဲ့ သဘောထားကတော့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အစိုးရကတာဝန် ပေးခန့်အပ်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ကော်မရှင်၊ မည်သည့် ကော်မတီ မဆို  တည်ဆဲဥပဒေများကိုလိုက်နာရန်၊ လေးစားရန်လိုအပ်ကြောင်း၊  ဥပဒေကို ကျော်လွန်ပြီး လုပ်ကိုင် တာတွေရှိပါက ယခု လက်ရှိတည်ဆောက်နေသည့်   ပါတီစုံဒီမိုကရေစီစနစ်၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ၏ ပြောကြားချက်အပေါ်တွင် တပ်မတော်အနေ ဖြင့် သီးခြားမှတ်ချက်ပေးရန်မရှိကြောင်း၊တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တွေ့ရှိချက်များကို ရွေးကောက် ပွဲမတိုင်မီ နိုဝင်ဘာလ ၂ ရက်တွင် ''ပါတီစုံဒီမိုကရေစီအထွေ‌ ထွေ ရွေးကောက်ပွဲ အကြို ကာလတွင် ဖြစ်ပေါ်နေသည့်အခြေအနေ များနှင့်ပတ်သက်ပြီး သဘောထားထုတ် ပြန်ချက်'' ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ယခုလည်း တပ်မတော်သားများ ပြင်ပမဲရုံ များတွင် မဲပေးခဲ့သည့် မြို့နယ် ၂ဝဝ ကျော် တွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေမှန်များကို သိရှိနိုင်ရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက် ရှိပြီး  တွေ့ရှိချက် များကို  ပြောသင့်သည့် အချိန်၊ ပြောသင့်သည့်အကြောင်းအရာ၊ ပြောသင့်သည့်အချက်များရှိလာပါက အသိ ပေးပြောကြား သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရကဆက်လက်ပြီး ရွေးကောက် ပွဲရလဒ်နှင့်ပတ်သက်ပြီး လေ့လာ သူများနှင့် နိုင်ငံရေးပါတီများက ပြောဆိုခြင်းများရှိကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက် ပွဲနှင့် ပတ်သက်ပြီး တရားမျှတမှုရှိသည်ဟု လက်ခံနိုင်ပါသလားဟု မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရွေးကောက် ပွဲနှင့်ပတ်သက်၍ တရားမျှတမှုရှိခြင်း၊ မရှိခြင်းအပေါ်ပြောဆိုခြင်းသည် နိုင်ငံရေးပါတီ များ၏အပိုင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲနေ့နှင့်ရွေးကောက်ပွဲ အပြီး   အဖြစ်အပျက်များအပေါ်တွင် တိုင်ကြားသည့်ပါတီ၊ ထောက်ခံသည့်ပါတီ၊ မထောက်ခံသည့်ပါတီ  စသည့်နိုင်ငံရေး ပါတီများ၏  လုပ်ဆောင်ချက်များသည် တပ်မတော်နှင့်သက်ဆိုင်မှုမရှိကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တရား မျှတ မှုရှိခြင်း၊ မရှိခြင်းကို ဥပဒေအရဆောင်ရွက် ရမည့်အပိုင်းများအားလုံး   ဆောင်ရွက် ပြီးစီးမှပြော ဆိုခြင်း သည်  ပို၍သင့်လျော် မည်ဖြစ်ကြောင်း ဖြေကြားသည်။

BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ဆက်လက်၍ ICJ နှင့် ပတ်သက်၍ မြန်မာအစိုးရဘက်မှ ယခုလ အတွင်း ကြားဖြတ်အစီရင်ခံစာတင်ရန် ရှိကြောင်း၊ အဆိုပါအစီရင်ခံစာတွင် တပ်မ တော်အနေဖြင့်   မည်သည့် အပိုင်းတွင် ပူးပေါင်း ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ICJ နှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားသည့်  ကော်မတီအဆင့်ဆင့် တွင် တပ်မတော် အနေဖြင့်   ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သည့် အချက်အလက်များ ကိုလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မိမိအနေဖြင့် အသေး စိတ် ပြောပိုင်ခွင့် မရှိကြောင်း ပြန်လည်ဖြေကြားသည်။

BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက အခုမေးမည့် မေးခွန်း နှင့်ပတ်သက်ပြီး ပထမပိုင်းမှာ ဗိုလ်ချုပ် ဖြေထားတာရှိကြောင်း၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အသက် ၆၅ နှစ်ပြည့် အငြိမ်းစား ယူ၊ မယူနှင့်ပတ်သက်ပြီး   ရှင်းရှင်းလင်းလင်း သိလိုကြောင်း၊

၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်  ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကကန ကောင်စီ၏ အမိန့်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အသက် ၆၅ နှစ်အထိ  တာဝန် ထမ်း ဆောင် နိုင်သည်ဟု ပြောကြား ခဲ့မှုအပေါ် အဆိုပါအမိန့်သည် အတည် ဖြစ်ပါသလား၊ ထပ်မံပြင်ဆင်၍  ရနိုင်ပါသလား မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အမိန့်ဆိုသည်မှာ ဥပဒေသဘောမျိုးပင်ဖြစ်ကြောင်း၊ ဒါနှင့် ပတ်သက်ပြီး ခုနကပြောသလိုပဲ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်ရန်မရှိကြောင်း ပြန်လည်ဖြေကြား သည်။

BBC  သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက  အခုနောက်ပိုင်းတွင်  ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး လက် နက်ကိုင်အဖွဲ့ အစည်းများ အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် တက်တက်ကြွကြွ ပါဝင်ဆွေး နွေး လာ သည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် EAO အဖွဲ့များက သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့လက်ထက် တပ်မတော်က အစိုးရအဖွဲ့ဘက်မှာရှိသည့်အတွက် အစိုးရနှင့်ညှိနှိုင်း လိုက်ရင်ပြီးကြောင်း၊     NLD အစိုးရ လက်ထက်တွင် တပ်မတော်နှင့်ရော အစိုးရနှင့်ပါဆွေးနွေးရသည်ဟု လက်နက်ကိုင် အဖွဲ့အစည်းများက   ပြောကြားကြောင်း၊ သို့ဖြစ်၍ လာမည့်ငါးနှစ်တာကာလတွင်  ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ်ထားသည့်  တပ်မတော်၏သဘောထားနှင့်မူဝါဒများ အပြောင်းအလဲရှိနိုင်ပါသလား   မေးမြန်း သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ တပ်မတော်၏သဘောထား နှင့်မူဝါဒများ ပြောင်းလဲရန် မရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း မကြာခဏ ပြောကြား ခဲ့သည့်   ၂ဝ၂ဝ    ပြည့်နှစ်တွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်မှတ်ရေးထိုးနိုင်ရန် ရည်မှန်းချက်ထား ၍ ကြိုးစား ခဲ့ပါကြောင်း၊ သို့သော်လည်း မဖြစ်မြောက်ခဲ့ပါကြောင်း၊ ဒါနဲ့ပတ်သက်ပြီး တပ်မတော်၏ မူဝါဒအနေနဲ့ ကတော့ ရိုးရိုး ရှင်းရှင်းပဲဖြစ်ကြောင်း၊ NCA လက်မှတ် ရေးထိုးပြီးသားအဖွဲ့အစည်းများကို ငြိမ်းချမ်း ရေးပိုမိုခိုင် မာအောင် ဆောင်ရွက်နိုင်ရန်နှင့် လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့အစည်း များကိုလည်း လက်မှတ်ရေး ထိုးနိုင် ရေး ဆောင်ရွက်ရန်၊ ထာဝရငြိမ်းချမ်းရေးရသည် အထိ ဆက်လက်ဆွေးနွေးသွားရန် ရည်မှန်းချက်ထား၍ ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ ဧရာဝတီ သတင်းဌာနမှ သတင်းထောက်   ဦးထက်နိုင်ဇော်က မေးမြန်းရာ ရွေးကောက်ပွဲမတိုင်မီ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင်    သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက NLD  အစိုးရအနေဖြင့် အစိုးရ အသစ်ဖွဲ့သည့်အခါ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မည်ဟု ပြောသွားကြောင်း၊ ဘယ်လိုပုံစံမျိုးလဲဆို သည်ကို မရှင်း လင်းသေးကြောင်း၊ ထိုအပေါ် မှာ တပ်မတော်၏သဘောထားကို သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် မိမိတို့လည်း ကြားမိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့ သကဲ့သို့ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊    ဖွံ့ဖြိုး တိုးတက်ရေးသည် တိုင်းပြည်၏ ပကတိလိုအပ်ချက်များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်အစိုးရ တက်တက်   ဒါတွေကိုဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ဒါတွေကိုပဲ အစိုးရများ ကလည်း ဦးတည်ဖော်ဆောင် နေတာဖြစ်ကြောင်း၊  ယခုအချိန်သည်  အစိုးရဖွဲ့နေသည့် ကာလဖြစ်သောကြောင့် ယခုကိစ္စနဲ့ ပတ်သက်ပြီး သီးခြား သဘောထားမှတ်ချက် ပေးစရာမရှိကြောင်း၊    ဘယ်လိုနိုင်ငံရေးအခင်းအကျင်းဖြစ်လာမည်ဆိုတာ မိမိတို့ မသိရှိရသေးကြောင်း ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အငြိမ်းစား ယူ/ မယူကိစ္စပါ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂ဝ၁၆ ခုနှစ်မှာ ပြောခဲ့ကြောင်း၊ ကကနကောင်စီ အမိန့်အရ  ၆၅ နှစ်ပြည့်ပါက Extension လုပ်လို့မရ ဟုပြောကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၂ဝ၂၁ ခုနှစ်၊ ဧပြီမှာပြည့်မယ်ဆိုတာ ဟုတ်/မဟုတ် သိလိုပါကြောင်း၊   NLD  အစိုးရ အနေနဲ့ ပြီးခဲ့သည့် ၂ဝ၁၆ အာဏာရလာ တဲ့အခါ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကြမ်းဆိုပြီး တင်ခဲ့ကြောင်း၊ ထိုအချိန်က တပ်မတော်က ကန့်ကွက်ခဲ့ကြောင်း၊ နောက် ပြည်ထောင်စုလွှတ်တော်ပြန်စရင် အလားတူ ဥပဒေကြမ်း မျိုးတင်လာလျှင် တပ်မတော်၏ သဘောထားသိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ဖြေကြားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၂၁ ပြည့်မည် ဆိုသည်မှာ ဟုတ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ယခင်ကတည်းက   ရပ်တည် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး  တပ်မတော်က ကန့်ကွက်ခဲ့သည်ဟု   အချို့ရေးနေတာရှိပါကြောင်း၊  မိမိတို့အနေဖြင့်    အခြေခံဥပဒေနှင့် မညီညွတ်တဲ့ကိစ္စများကို ထောက်ပြစရာရှိပါက အပြုသဘောဖြင့် ထောက်ပြ မည်ဖြစ် ကြောင်း၊ သတင်းထောက်တစ်ဦးမေးသလို တပ်မတော်အနေဖြင့် အတိုက်အခံပါတီအနေ ဖြင့် ရပ်တည် မလားဆိုတော့ တပ်မတော်သည် ပါတီမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် အခြေခံဥပဒေနှင့် မညီညွတ်သည့်ကိစ္စများကို အပြုသဘောဖြင့် ဝေဖန်ထောက်ပြရမည် ဖြစ်ကြောင်း၊ အခြေခံဥပဒေ နှင့်ညီညွတ် အောင် မိမိတို့အနေဖြင့် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ဆက်လက်မေးမြန်းရာ

၂ဝ၂၁ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနားယူမည်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေးအလားအလာ  ဘယ်လိုရှိမလဲ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ်က ဘယ်လိုလူဖြစ်နိုင်မလဲကို  သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာ တွင် နိုင်ငံရေးအလားအလာက မိမိသည် နိုင်ငံရေးလေ့လာ သုံးသပ်သူ မဟုတ်သည့်  အတွက် မပြောနိုင်ပါကြောင်း၊ နိုင်ငံရေး လေ့လာသုံးသပ်သူ မိမိတို့နိုင်ငံတွင် များစွာရှိ ကြောင်း၊  ၎င်းတို့ကိုမေးလျှင်  ပိုမိုသိနိုင် ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အသစ်က ဘယ်သူဖြစ်နိုင်မလဲ ဆိုတာက မိမိတို့ တပ်မတော်မှာ ဆင့်ကဲတာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ရှိကြောင်း၊ ရာထူးတိုးမြှင့်ရေး နှင့် ပတ်သက်လို့ တိကျသည့် မူဝါဒများရှိကြောင်း၊  ဘယ်လိုလူမျိုးဖြစ်မည် ဆိုတာ မပြောနိုင် သေးကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများ အတိုင်းသွားမည်ဖြစ်ကြောင်း  ဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က နိုဝင်ဘာလ    ၂၃ ရက် နေ့က ပြည်ထောင်စုရှေ့ နေချုပ် ရုံးကထုတ်သည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး တရားစွဲအရေးယူထားသည့် အမှုစာရင်းတွင် ARSA က ကျူးလွန်သည့်အမှု များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကျူးလွန်သည့်အမှုများ၊ နောက်ဒေသခံများကျူးလွန် သည့်အမှုများလည်းပါကြောင်း၊  သို့သော်  တပ်မတော် သားများ ကျူးလွန် ထားသည့် အမှုများ မပါဝင်ကြောင်း၊   ဘာကြောင့် မပါဝင်ရသလဲ    မေးခွန်းထုတ်မှုများရှိ ကြောင်း၊ ဒါနဲ့ ပတ်သက်ပြီး တပ်မတော် အနေဖြင့်  ဘာများပြောနိုင်မလဲ၊  ဆိုလိုတာက တပ်မတော်အနေဖြင့် တပ်မတော် သားများနှင့် သက်ဆိုင်သော  အမှုများကို သီးခြားစစ်ဘက်ဆိုင်ရာ  တရားရုံးကနေ အရေးယူ နေတာကြောင့် လားကို    သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြား ရာတွင် အကြမ်းဖျင်းအားဖြင့် တပ်မတော် သားများနှင့် ဆိုင်သည့် အမှုများကို တပ်မတော် က ဆောင်ရွက်နေတာဖြစ်ကြောင်း၊ အခြေခံ ဥပဒေတွင် စစ်တရားရုံးနှင့်ပတ်သက်ပြီး  သီးခြား ဆောင်ရွက်ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း စစ်ဘက်ဆိုင်ရာများကို စစ်ဘက် ဥပဒေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဂူတာပြင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စွဲချက်တင်ကာ စစ်တရားရုံးက ဆုံးဖြတ် ပြီးဖြစ်ကြောင်း၊ ဆက်လုပ်နေတာက မောင်နုနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်တွေရဲ့ အထူး  စုံစမ်း စစ်ဆေးရေး ခုံရုံးကို  ၇-၇-၂ဝ၂ဝ ကနေ ၂၉-၇-၂ဝ၂ဝ ထိ တပ်မတော်သား သက်သေခံအရာရှိ၊ စစ်သည် ၁၇ ဦး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ၅ ဦး၊ မွတ်စလင်အရပ် သား သက်သေ ၁၆ ဦး၊ စုစုပေါင်း ၃၈ ဦး၊  ချွတ်ပြင် ကျေးရွာဖြစ်စဉ်မှာ တပ်မတော်သား သက်သေအရာရှိ၊ စစ်သည် ၁၈ ဦး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ၈ ဦး၊ တိုင်းရင်းသား အရပ်သား သက်သေ ၄ ဦး၊  စုစုပေါင်း ၃ဝ ဦးတို့ကို စစ်ဆေးပြီးဖြစ်ကြောင်း၊ သက်သေခိုင်လုံမှုရှိ သည့်အတွက် အရပ်သား သက်သေထွက်ဆိုချက် ထပ်မံရယူရမည်ဖြစ်ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ဖြစ်နေခြင်းကြောင့် နိုင်ငံတော်က Stay at Home သတ်မှတ်ထားပြီး အသွားအလာ ကန့်သတ်ထားကြောင်း၊ ထို့ပြင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေကြောင်း၊ အဆိုပါ ကိစ္စရပ်များ   ဖြေလျှော့သွားသည့် အခါ မောင်နုနှင့် ချွတ်ပြင် ကိစ္စနှင့်ပတ်သက်ပြီး ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နေကြောင်းကို  ၆-၇- ၂ဝ၂ဝ မှ ၁၅-၉-၂ဝ၂ဝ မြဝတီသတင်းစာ တွင် ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ICOE အပြီး သတ်အစီရင်ခံစာပါ အကြံပြုချက်များအရ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့အကြား တိုက် ခိုက်မှုဖြစ်စဉ် များမှာ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများ အပါအဝင် ARSA အကြမ်းဖက်သမားများ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ စုံစမ်း စစ်ဆေးရေး၊ တရားစွဲဆိုရေး ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်  ဥက္ကဋ္ဌပါဝင်သည့် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်း ထားကြောင်း၊ ရာဇဝတ်မှုများစုံစမ်းစစ်ဆေး ရေး၊  တရား စွဲဆိုရေးများ ဆောင်ရွက်ရေးအဖွဲ့   မှာ မိမိတို့တပ်မတော်မှ ဒုတိယစစ်ဥပဒေချုပ် အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်း၊ ICOE အစီရင် ခံစာပါ တပ်မတော်နှင့်စပ်လျဉ်းသည့် အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်သည့် ဦးစီးကော်  မတီနှင့်လုပ်ငန်း ကော်မတီကို ဖွဲ့စည်းဆောင်  ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဧရာဝတီသ တင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က အဓိကသိသာသည်မှာ မောင်နုနှင့် ချွတ်ပြင်၊ ဂူတာပြင်ဖြစ်ပြီး အခြား အမှု ဘယ်လောက်ရှိသလဲ၊ အရေးယူမှုဘယ်နှမှုရှိလဲ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မောင်နု နှင့်ချွတ်ပြင်၊ ဂူတာပြင်အပြင် မိမိတို့ထုတ်ပြန်ထားသည့်ထဲတွင်ရှိကြောင်း၊ တစ်ခါတစ်ရံသက်သေများကိုစစ်ဆေးရင်းမှ ပေါ်ပေါက် လာမှုများရှိကြောင်း၊ မောင်နုနှင့် ချွတ်ပြင်၊ ဂူတာပြင်အပြင်  သက်သေများ စစ်ဆေး နေရင်း ရခိုင်ပြည်နယ်မှာရှိသည့် ဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်များကို ခြုံငုံမိအောင် ကျယ် ကျယ်ပြန့်ပြန့် စုံစမ်း စစ်ဆေးသွားမည်ဟု ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါထုတ်ပြန်ချက်အား ကြည့်ပြီး ကိုးကားလျှင် ပိုအဆင် ပြေမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ မဇ္ဈိမသတင်းဌာနမှသတင်း ထောက် ဦးသန်းထိုက်အောင်က မေးမြန်းရာ တွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်း၌ တပ်မတော်က တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ရန်  GE တပ်က လမ်းကြောင်း ဖောက်နေတာရှိ ကြောင်း၊ ထိုသို့လမ်းကြောင်း ဖောက်ရာတွင် တချို့လယ်ကြားမြောင်း များ ပိတ်ဆို့ လိုက်သည့်အတွက် တောင်သူများက သီးနှံစိုက်ခင်းများ အများအပြား ပျက်စီးထားတာရှိပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ သတင်း လည်းမေးရင်း ဖြစ်နိုင်ပါက တောင်သူများကို ကူညီပေးစေလိုကြောင်း၊ မိမိအနေနှင့် အပြုသဘောသာ ပြောခြင်းဖြစ်ပါကြောင်း၊ ထိုအခြေ အနေကို တပ်မတော်အကြီး အကဲအနေနှင့် သိ၊ မသိကို သိရှိလိုကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ ဧကအားဖြင့် ၂ဝ ကျော် ၃ဝ ကျော်ရှိကြောင်း၊ လက်ရှိ အခြေအနေတွင် တပ်ကုန်း၊ ရမည်းသင်းဘက်အထိ  ပျက်စီးထားတာရှိကြောင်း၊ ထိုအကြောင်းနှင့် ပတ်သက်ပြီး အောက်ခြေက တင်ပြထားတာ ရှိ၊ မရှိသိလိုကြောင်း၊

မည်ကဲ့သို့ဖြေရှင်းပေးရန် ဆောင်ရွက်နေ သည်ကို   သိလိုကြောင်း၊   ဥပမာ-သီးနှံလျော်ကြေးပေးခြင်း၊ ၎င်းတို့၏ နစ်နာမှုကို ညှိနှိုင်းပေးခြင်းမျိုး  ရှိ၊  မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် မေးမြန်းမှုအတွက် ကျေးဇူး  တင်ပါကြောင်း၊ ထိုသတင်း ကို မိမိတို့လည်း မကြားသေးကြောင်း၊ ပြောပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဒီကိစ္စနှင့်ပတ်သက် ပြီးတော့ လမ်းဖောက်နေသည့်သက်ဆိုင်ရာ စစ်အင်ဂျင်နီယာအဖွဲ့တွေရှိကြောင်း၊ ၎င်းတို့နှင့် ဆက်သွယ်လို့ ပဲဖြစ်ဖြစ်၊ နယ်မြေခံ တပ်များ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေနှင့် ဆက်သွယ်လို့ပဲဖြစ်ဖြစ် ထိုအရာနှင့်ပတ်သက် ပြီး ဖြစ်တဲ့ အကြောင်းအရာများကို ကျွန်တော် တို့ကို အကြောင်းကြားပေးနိုင်ရင် ပိုကောင်း ပါကြောင်း၊ တပ်မတော် အနေနှင့် ကိုယ်ပိုင် သီးနှံတွေရောင်းချရန် အခက်အခဲရှိနေသည့် ပြည်သူတွေကိုပင် ကူညီပေးခဲ့ကြောင်း၊ ထို အရာများနှင့်ပတ်သက်ပြီး တပ်မတော်အနေ ဖြင့် မူဝါဒပိုင်းဆိုင်ရာအရ မလုပ်နိုင်စရာ အကြောင်းမရှိကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်ကြီး ပင့်ဆောင်ရန်ကိစ္စနှင့် ပတ်သက်၍ ကျောက် တုံးတော်များ ဆီမီးခုံဆိပ်ကမ်း မှာရောက် နေကြောင်း၊ ယခင်တုန်းက ဆီမီးခုံဆိပ်ကမ်း မှာရောက်နေသည့် ကျောက်တုံးတော်တွေ ကို ဒီဘက်ကို တိုက်ရိုက်သယ်ဖို့ဖြစ်ကြောင်း၊ သို့သော် အလေးချိန်လျှော့ချနိုင်ရန်အတွက် ဆီမီးခုံဆိပ်ကမ်းမှာ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ပုံကြမ်းပေါ် လာသည်အထိ အပိုင်းတစ်ပိုင်းစီအလိုက် အကြမ်းထုဆစ်ပြီးမှ ဒီဘက်ကို သယ်ဖို့ရှိကြောင်း၊ ဒီဘက်ကိုသယ်သည့် အခါမှာ ဒီဘက်က တံတားတွေ၏ ခံနိုင်ရည် အားတွက်ချက် လိုက်သည့်အခါတွင် တံတား ပေါ်က မိမိတို့သယ်လို့ မရကြောင်း၊ အချို့ ဟာတွေဆိုရင် အကြမ်းထည် ကာလမှာပင် တန်ကိုးရာ လောက်ရှိကြောင်း၊ အချို့နေရာတွေမှာ အများဆုံးလျှော့ချနိုင်လျှင် တန်ခုနစ်ရာ၊ တန်ခြောက်ရာ လောက်ပဲ လျှော့ချနိုင်မည်ဟု   မိမိထင်ကြောင်း၊ ထို့ကြောင့် ပင့်ဆောင်နိုင်ရန်အတွက် လမ်း၊  တံတား တွေကို  လမ်းလွှဲတွေ  ပြ  By  pass တွေ ဆောက်နေခြင်းဖြစ်ပါကြောင်း  ရှင်းလင်း ပြောကြားသည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ဆက်လက်မေးမြန်းရာတွင် ဗိုလ်ချုပ်ပြောသွားသည့် အထဲမှာ တပ်မတော်နှင့် ဆက်စပ်နေသည့် မဲရုံတွေကို  စစ်ဆေးမှုပြုလုပ်နေသည် ဆိုသည့် အကြောင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိချင်တာက လက်ရှိ USDP ပါတီ ကလည်း မဲစာရင်းတွေ၊ မဲရုံတွေ၏ ရလဒ် တွေကို သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း ပြောပြောနေသည့်အတွက် ဒီလိုပုံစံမျိုးတွေ နှင့်တူနေတာလား။ ဥပမာ- တပ်မတော်အနေ နှင့် နိုင်ငံရေးပါတီ မဟုတ်ကြောင်း၊ အမျိုး သားနိုင်ငံရေးပဲ  လုပ်တယ်ဆိုသော်ငြား လည်း USDP ပါတီ အနိုင်ရသည့်နေရာတွေဟာ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ တပ်မတော်သားတွေ အများစုရှိသည့် နေရာတွေမှာ နိုင်တယ်ဆိုပြီး ပြည်သူကရော၊ မီဒီယာတွေ ကရော ရေးသားမှုတွေ ဝေဖန်မှုတွေရှိနေ ခြင်းကြောင့့် USDP ပါတီလုပ်နေသည့်  လုပ်နည်းလုပ်ဟန်နှင့်  ယခုတပ်မတော်က မဲရုံတွေကို  ပြန်ပြီး စစ်ဆေးမယ်ဆိုသည့် လုပ်နည်း လုပ်ဟန်တွေ  တူနေတာလား၊ ဘာကြောင့်များ ပြန်ပြီးစစ်တာလဲသိချင်ပါ ကြောင်း၊ နေပြည်တော်မှာ ရှိသည့် အများစု မဲရလဒ်တွေကို ကျွန်တော်တို့ပြန်ကြည့်သည့် အခါမှာ    တပ်မဲရုံတွေ၏ မဲရလဒ်တွေက့ USDP ကိုအား သာပြီး မဲပေးခဲ့တာတွေ ကျွန်တော်တို့မြင်တွေ့ရကြောင်း၊ ဘာကြောင့် များပြန်လည် စစ်ဆေးနေရတာလဲ သိချင် ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် ဒီရွေးကောက်ပွဲရလဒ်တွေ နှင့်ပတ်သက်ပြီး တွေ့ရှိချက် များကို တပ်မ တော်အနေနှင့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြောကြားခဲ့တာတွေရှိကြောင်း၊ ယခုအချိန်  မှာ ပါတီ အချင်းချင်း အငြင်းပွားနေခြင်းတွေ ရှိကြောင်း၊ ပါတီ အချင်းချင်း အငြင်းပွားနေ ခြင်းနှင့်ပတ်သက်ပြီး မိမိတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး မိမိတို့နှင့် သက်ဆိုင်သည့် မိမိတို့မဲပေးခဲ့သည့်မြို့နယ်များ ၂ဝဝ ကျော် လောက်ရှိကြောင်း၊ USDP ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ မိမိတို့ နှင့်ပတ်သက်သည့် နယ်မြေတွေမှာ လုပ်သင့် လုပ်ထိုက်တာကို စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ တပ်မရှိသည့်မြို့တွေမှာ စုံစမ်းစရာ အကြောင်း မရှိကြောင်း၊ တပ်တွေရှိသည့် မြို့များမှာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း၊ ဘာကြောင့်လုပ်ရတာလဲဆိုသည့် အကြောင်းအရင်းက မိမိတို့အနေနှင့် ပြောသင့်ပြော ထိုက်သည့် အချိန်တွေမှာ ပြောသင့်ပြော ထိုက်သည့်ဟာကို ပြောနိုင်ဖို့အတွက် ယခုလို လုပ်ခြင်းဖြစ်တယ်လို့  ပြောချင် ကြောင်း ရှင်းလင်း ပြောကြားသည်။

မဇ္ဈိမ သတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က တပ်မတော်နှင့် AA ဆက်ဆံရေး ယခင် ထက်ပိုကောင်းလာသည့်အတွက် ဝမ်းသာကြောင်း၊ ထိုထက်ကောင်းရန် မျှော်လင့်ကြောင်း၊ AA ဘက်က တောင်းဆို ချက်တွေမှာ ရခိုင်နိုင်ငံရေး သမားတွေကိုဖမ်းထားတာ ပြန်လွှတ်ပေးရန်တောင်းဆိုချက်များရှိပြီး AA မှမဟုတ် ရခိုင်တွင်ရှိသည့် နိုင်ငံရေးသမားတွေ ဥပမာအားဖြင့်  ဒေါက်တာ အေးမောင်လို ရခိုင် နိုင်ငံရေး သမားတွေပြန်လွှတ်ပေးမှ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ရှေ့ရောက်မည်လို့ပြောဆိုချက်များရှိပြီး တရားဝင်ပြောသလို အခြား နေရာတွေမှာ   ဆွေးနွေးခြင်းများ လည်းရှိကြောင်း၊ AA ၏တောင်းဆိုချက်တွေအပေါ်မှာ   တပ်မတော် အနေဖြင့်  အစိုးရအပေါ်မှာ နိုင်ငံရေးသမားတွေ ယခင်ကလည်း လွှတ်ပေးခဲ့သည့်အ စဉ်အလာရှိ ပြီး တပ်မတော် အနေဖြင့် ရခိုင်နိုင်ငံရေး သမားတွေပြန်လွှတ်ပေးရန်    ဘယ်လိုသဘောထားရှိကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် ရခိုင်နိုင်ငံရေးသမားတွေပြန်လွှတ်ပေးရန်မှာ တပ်မတော် သဘောထားဖြင့် လုပ်၍မရကြောင်း၊ တပ်မတော်က လုပ်ဆောင်နိုင်သည်မှာ ပဋိပက္ခဖြစ်ပွားနေသည့် လက်တွေ့ စစ်မြေပြင်မှာ သေနတ်သံ တိတ်သွားအောင် လုပ်ဆောင်ပေးရန် တပ်မတော်က တာဝန်ရှိသည်လို့ ခံယူကြောင်း၊ လက်တွေ့လည်း ညှိနှိုင်းပြီးလုပ်ဆောင်နေကာ  နှစ်ဦးနှစ်ဖက် ဆက်လက်ပြီးစောင့်ထိန်းရန် လိုကြောင်း၊    နိုင်ငံရေး ကိစ္စနှင့် ပတ်သက်လျှင် မိမိတို့အနေဖြင့် လွှတ်ပေး ပါ၊ မလွှတ်ပေးပါနဲ့ဆိုသည်ကို လုပ်ခွင့်မရှိ ကြောင်း၊ သို့သော်   မိမိပြောလိုသည်မှာ  တိုက်ရိုက်သက်ဆိုင်သည့်အပိုင်းမှာ အကြမ်းဖက်တို့၊ မတရားအသင်းတို့မှာ ၎င်းတို့၏ လုပ်ဆောင်မှုတွင်   မူတည်လိမ့်မည်ဖြစ် ကြောင်း၊ မိမိတို့မှာ မီဒီယာတို့၏ မေးမြန်း ချက်များကိုသဘောပေါက်ကြောင်း၊ မီဒီယာ တွေအနေဖြင့်လည်း ဘယ်လိုဖြစ်လာလျှင် ကောင်းနိုင်မလဲဟု  ၎င်း၏ မျှော်မှန်းချက်၊ ရည်မှန်းချက်ကိုမေးခြင်းဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲနှင့်မဆိုင်ဘဲ    မိမိအနေဖြင့် အလွတ်တစ်ခု ပြောလိုကြောင်း၊  မိမိမြင် သည်မှာ မြန်မာ့နိုင်ငံရေး၌ ရှည်ရှည်ဝေးဝေးကြီး မျှော်မှန်း၍မရကြောင်း၊  ဒီအချိန် ဒီကာလမှာ လက်တွေ့ဖြစ်လာနိုင်သည်ကို လက်တွေ့ဖြစ်အောင်လုပ်ရန်အရေးကြီးကြောင်း၊ ထိုမှတစ်ဆင့် တစ်ဆင့်ပြီး တစ်ဆင့် တက်သည်မှာ   ပို၍အလုပ်ဖြစ်မည်ထင်ကြောင်း၊ အဆင့်ဆင့်တည်ဆောက်လာလျှင် ပိုအဆင်ပြေနိုင်၊   ပိုကောင်းနိုင်ကြောင်း ဖြေကြားသည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က တပ်မတော် ဆေးကျောင်းသားကို အရေးယူ ထား သည့် ကိစ္စ နှင့် ပခုက္ကူမှာ တပ်တွင်းမှာ နေထိုင်သည့် အမျိုးသမီးကို အရေးယူထားသည့် အခြေအနေ၊   အပြင်မှာ ပြောနေကြသည်မှာ  ထိုအရာတွေကို တပ်မတော်ကနေ ဖိအားပေးခြင်းမျိုးရှိသည်ဟု ပြောကြားသည့် အခြေ အနေကို  တပ်မတော်အနေဖြင့် ဘယ်လို သဘောထားရှိကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၎င်းအမျိုးသမီး ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက  တရားစွဲ ထားခြင်းရှိကြောင်း၊ အဓိကအနေဖြင့် ပုဒ်မ ၅ဝ၅ နှင့်  တရားစွဲသည်လို့ သိရကြောင်း၊ စစ်ဆေးနေ ဆဲဖြစ်သည်ဟု သိရကြောင်း၊ DSMA က ဗိုလ်လောင်းမှာ  တပ်မတော်အက်ဥပဒေ ပုဒ်မအရအရေးယူ ခံရမည်ဖြစ်ပြီး ၎င်းကိုလည်း တရားစွဲ ဆိုရန် လုပ်နေသည်လို့သိရပြီး  စစ်တရားရုံးဖြင့် သွားလိမ့်မည်ဖြစ်ကြောင်း ဖြေကြားသည်။ 

မဇ္ဈိမသတင်းဌာနမှ   သတင်းထောက် ဦးသန်းထိုက်အောင်က  သူတို့မိသားစုဝင်တွေ စိတ်ပူနေသည်မှာ ယခုချိန်ထ ိတွေ့ခွင့် မရသေးသည့်အတွက် စိတ်ပူနေခြင်းဖြစ်ပြီး အရေးယူသည်မှာလည်း  တပ်မတော်၏ လုပ်ထုံး လုပ်နည်းအရ အရေးယူသည်ဆို လျှင်လည်း သူတို့မိသားစုဝင်တွေနှင့်တွေ့ဆုံ ခွင့်မရနိုင်ဘူးလားဆိုသည်ကို သိလိုကြောင်း  မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် စစ်တရား ရုံးပြီးသွားရင် တွေ့ခွင့်ရမည်ဖြစ်ပြီး လုပ်ငန်းစဉ် အတိုင်း ထိုအရာတွေပြီးသည့်အချိန်ကျလျှင် တွေ့ခွင့် ရမှာဖြစ်ကြောင်း၊  မတွေ့ရမည်ကိုလည်း စိတ်မပူ စေလိုကြောင်း ဖြေကြားသည်။

ဆက်လက်၍   Myanmar   Now သတင်းဌာနမှ သတင်းထောက် ဦးမင်းမင်းက ပခုက္ကူက အမျိုးသမီးသည် ရွေးကောက်ပွဲ မတိုင်မီ ၎င်းကိုတပ်ထဲတွင့် USDP ပါတီကို မဲပေးရန် ဖိအားပေးသည် ဆိုပြီး Face-book ပေါ်တင်ခဲ့ ကြောင်း၊၎င်းကို အမှု ၃ ခု ဖြင့် အမှုဖွင့်ထားကြောင်း၊ ပုဒ်မ ၅ဝ၅ (က) နှင့် ဆက်သွယ်ရေး ပုဒ်မနှစ်ခု တို့ဖြစ်ကြောင်း၊ မိမိတို့သိထားသည်မှာ ပုဒ်မ ၅ဝ၅ (က)ဖြင့် စွဲချက်တင်ပြီးနောက် ပုဒ်မနှစ်ခုကိုတော့ စွဲထား ကြောင်း၊ နောက်ဆုံးအခြေအနေမှာ  ၎င်းအနေဖြင့်    ပြစ်ဒဏ်လျှော့ပေါ့ရန် သက်သေများလည်း  မတင်တော့ ကြောင်း၊ အပြင်မှာပြောနေကြသည်မှာ ထိုကိစ္စသည်

၎င်းနှင့်  ၎င်း၏မိသားစုကို တပ်ဘက်က ဖိအားများရှိနေသည့်အတွက် သူ့အနေဖြင့် အပြစ်လျော့ရန်အတွက် သက်သေ တောင် မတင်တော့ဘူးဟုပြောနေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီးသိလိုကြောင်း   မေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် ထိုကိစ္စနှင့် ပတ်သက်ပြီး ၎င်းကို တရားရုံးတွင် စစ်ဆေးခြင်း ဖြစ်ကြောင်း၊ တရားရုံးရှေ့မှောက်တွင် လူတိုင်းက လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရှိကြောင်း၊ တရား ရုံးက စစ်ဆေးပါက ပေါ်လာလိမ့်မည်ဖြစ်ကြောင်း၊ သတင်းထောက်များထင်နေ သလိုလည်းမဟုတ်ကြောင်း၊   တပ်ကနေ USDP ပါတီကို  မဲပေးခိုင်းမှုမှာ မဟုတ်ကြောင်း၊ ပုဂ္ဂလိက ပိုင်းဆိုင်ရာ အကြောင်း အရာများပါကြောင်း၊ မိမိ အနေဖြင့်လည်း ထိုပုဂ္ဂလိကပိုင်းဆိုင်ရာ အကြောင်းအရာများကိုလည်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောရန် အကြောင်းမရှိကြောင်း၊ တရားစွဲဆို ခံထားရသည့် အမျိုးသမီး၏ ဂုဏ်သိက္ခာလည်း ရှိကြောင်း၊  ၎င်းနှင့် ပတ်သက်သူများ ၏ ဂုဏ်သိက္ခာများလည်း ရှိကြောင်း၊ တစ်ခုပြောချင်သည်မှာ   သတင်းထောက်များ ထင်နေ သလို မဟုတ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး ပဋိပက္ခဖြစ်ပွားရာကနေစပြီး ထိုကိစ္စများဖြစ်ပေါ်လာကြောင်း၊   ထို့ကြောင့် ကာယကံရှင် နှစ်ယောက်၏ ဂုဏ်သိက္ခာကို ထောက်ထားပြီး ပြောပြစရာမရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။

Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးမင်းမင်းက  ၎င်းနှင့် ဆက်စပ်ပြီး သူ၏ ဖခင်သည်လည်း တပ်မတော်သားဖြစ်သည့်အတွက် ဖခင်ပေါ်လည်း သက်ရောက်မှုရှိမည်လား၊ ပြောနေကြသည်မှာ တပ်ပြောင်း ရွှေ့လိုက်ပြီဟု ပြောနေကြကြောင်း၊  ထိုကိစ္စနှင့် ပတ်သက်ပြီး သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင်   သက်ရောက်မှု မရှိကြောင်း၊ ယခင်တုန်းကလည်း ပခုက္ကူ မှာ ကျောင်းသားသမဂ္ဂက တစ်ယောက်ဖြစ်ခဲ့ ဖူးကြောင်း၊ ၎င်းမိဘများမှာ ယခုအချိန်ထိ တာဝန် ထမ်းဆောင် နေဆဲဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

Myanmar Now  သတင်းဌာနမှ သတင်းထောက် ဦးမင်းမင်းက ၎င်းကို  စွဲထားသည့် ၃ မှုနှင့်ပတ်သက်ပြီး တစ်မှု ကတော့ စွဲချက်တင်ပြီး နှစ်မှုကျန်ရှိနေကြောင်း၊ ပြန်ပြီးသုံးသပ်ရန် အခြေအနေရှိလားကို သိချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ထိုကိစ္စနှင့်ပတ်သက်ပြီး မိမိအနေဖြင့်မပြောနိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ RFA သတင်းဌာနမှ   သတင်းထောက်   ဒေါ်သက်စုအောင်က မနေ့က   စဉ့်ကိုင်မြို့နယ်၊   ရွာသစ် ကျေးရွာနဲ့ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖား ကျေးရွာနားကို တပ်မတော်နှင့် အရပ်သားရွာသားတွေ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့်  မြေယာတွေကို   မနေ့မနက် ၄ နာရီလောက်က တပ်မတော်ကနေပြီး ဝင်ရောက်သိမ်း ယူခဲ့တာ သိရကြောင်း၊ ရွာသားတွေကလည်း ဒီနေရာက သူတို့ပိုင်တယ်၊ နောက်ပြီး လာသိမ်းသည့် တပ်မတော်သား တွေက သူတို့ကိုနာကျင်အောင် လုပ်တယ်ဆိုပြီး  ပြောနေတာမျိုးတွေရှိ ကြောင်း၊ ရွာသစ် ရွာသားတွေ ဘက်ကလည်း တပ်မတော်က ပလိပ်မြို့ကိုသွားလို့ရတဲ့လမ်းကို တပ်က ကာရံလိုက်သည့်အတွက် သူတို့ အသွားအလာ ခက်ခဲသွားကြောင်း၊ စိုက်ပျိုးနေဆဲမြေတွေဖြစ်သည့်အတွက် ရိတ်သိမ်းရမည့်  သီးနှံတွေရှိတာ ကြောင့်  COVID-19 ကာလမှာ တောင်သူတွေ အခက်အခဲဖြစ်နေကြောင်း၊ ဒီဖြစ်ရပ်နှင့် ပတ်သက်ပြီး တပ်မတော် ဘက်က ဘာများ သိထားပါလဲ၊  ဘာများပြောပေးနိုင်မလဲဆိုတာ သိချင်ပါကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဖြစ်စဉ်ကကြာပြီဖြစ်ကြောင်း၊   မိမိသိရှိသလောက် ဒီပဋိပက္ခဖြစ်ပွားသည့်ကိစ္စက မန္တလေး၊ ပြင်ဦးလွင်ကားလမ်း ၁၆ မိုင်ဂိတ်က နေပြီး ရဲရွာရေအားလျှပ်စစ်ကို ဝင်တဲ့လမ်းဘက်မှာဖြစ်တာ ဖြစ်ကြောင်း၊    အရင်တုန်းက ရဲရွာရေအား လျှပ်စစ်စလုပ်သည့်   လမ်းပေါက်တဲ့နေရာတွေဖြစ်ကြောင်း၊ တပ်က နေပြီး သိမ်းဆည်းထားတာတွေ ရှိကြောင်း၊ အဲဒီမှာ ဘိလပ်မြေစက်ရုံရှိကြောင်း၊ ၁၉၉၉  ခုနှစ်ကတည်းက ဧက ၁၇ဝ၉ ကို လုပ်ထုံး လုပ်နည်းနဲ့အညီ သိမ်းဆည်းထားတာရှိကြောင်း၊  အဓိကက  ဘိလပ်မြေစက်ရုံ တည်ဆောက် ဖို့ သိမ်းဆည်းထားတာဖြစ်ကြောင်း၊ သိမ်းဆည်းထားတဲ့ နေရာတွေသည် အများစု သစ်တောကြိုးဝိုင်းမြေတွေဖြစ် ကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ၂၃ဝ ဧကလွှဲပြောင်းပေးရကြောင်း၊ ကျန်ရှိ သည့်မြေတွေမှာ မွေးမြူရေး လုပ်ငန်းဆောင် ရွက်နေတာရှိကြောင်း၊ ၁၉၉၉ ခုနှစ်လောက် ကသိမ်းခဲ့တာကို အဲဒီပေါ်မှာ ကျူးကျော်မှု မရှိ သေးကြောင်း၊ ၂ဝ၁ဝ လောက်ကနေ စပြီး ကျူးကျော်များဝင်လာကြောင်း၊ ကျောက်ချောနဲ့   ကျောက်နဖား ကျေးရွာကနေပြီး ဝင်ရောက်ကျူးကျော်တဲ့ သူတွေကို ပုဒ်မ ၄၄၇ အရ ကျွန်တော်တို့ ပြစ်ဒဏ်ချမှတ်ခဲ့ တာရှိကြောင်း၊ စတင်ကျူး ကျော်ဝင်ရောက်တာက မြေသိမ်းဆည်းအပြီး နောက် ၁၁ နှစ် လောက်ကြာမှ  စတင်ပြီး ဝင်ရောက်လာ တာဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေ နဲ့ဖြင့် လယ်ယာမြေတွေနဲ့ပတ်သက်ပြီး မိမိ တို့ဘက်က စွန့်လွှတ်နိုင်သမျှ စွန့်လွှတ် ထားတာဖြစ်ကြောင်း၊  ယခုကိစ္စနှင့်ပတ် သက်၍ သက်သေအထောက်အထားခိုင်လုံ လျှင် ယခင်ကတည်းကနေ ထိုင်ခဲ့ပါတယ် ဆိုရင် တရားဥပဒေအတိုင်း တင်ပြဆောင်ရွက်တာ ပိုမိုသင့်လျော် တယ်လို့ မိမိပြောချင် ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး MNTV သတင်းဌာနမှ  သတင်းထောက်  ဦးဝင်းနောင်တိုးက ၂ဝ၂ဝ ပြည့်နှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတစ်ခုမှာ NCA လက်မှတ်ထပ်ထိုးနိုင်ရန်  ငြိမ်းချမ်းရေးရ ဖို့အတွက်   ကြိုးစားမယ်လို့ ပြောဆိုထားတာရှိကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်ကလည်း   ကုန်တော့ မည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲကလည်းပြီးသွားပြီဆိုတော့ ၂ဝ၂ဝ ပြည့်နှစ်မှာ လက်မှတ်ထပ်မထိုးနိုင် သေးတော့ တပ်မတော်ဘက်က ဘယ်လိုများ ရှိမလဲဆိုတာ တပ်မတော်၏ သုံးသပ်ချက်လေး သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဓိကက ကျွန်တော်ခဏခဏ ပြောသလိုပါပဲ၊ ငြိမ်းချမ်းရေး တိုးတက်မှုဆိုတာသည်  နှစ်ဦး နှစ်ဖက်နဲ့ဆိုင်ပါကြောင်း၊ ဘာကြောင့်၊ ဘယ်သူကြောင့်ဆိုတာကို လက်ညှိုးထိုးနေရင်လည်း  ဇာတ်လမ်း ကပြီးမှာမဟုတ် ကြောင်း၊  အရင်တစ်ခါက  မိမိပြောခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုးတက်မှုတော့ မရှိဘူး၊ ဘယ်သူ့မှာတာဝန်ရှိလဲ၊ ပြည်သူမှာတာဝန်ရှိလား၊ တပ်မတော်မှာ တာဝန်ရှိလား၊ နိုင်ငံတော် အစိုးရမှာ တာဝန်ရှိလား၊ သက်ဆိုင်ရာ အဖွဲ့အစည်း တွေဖြစ်တဲ့ EAO တွေမှာ တာဝန်ရှိလား၊ ဒါနှင့် ပတ်သက်ပြီး  ကျွန်တော် ပြော ခဲ့ဖူး ကြောင်း၊ ဘယ်သူ့မှာတာဝန်ရှိလဲဆိုတော့ ပြည်သူမှအပ  အားလုံးမှာ တာဝန်ရှိပါကြောင်း ရှင်း လင်း ဖြေကြားသည်။

မြဝတီ