၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်ဇယားထုတ်ပြန်ခဲ့ရာ ပွဲစဉ်(၁)တွင် ချယ်လ်ဆီး အသင်းနှင့် မန်စီးတီးအသင်းတို့တွေ့ဆုံ
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်ဇယားများ ထုတ်ပြန်ခဲ့ရာ ပွဲစဉ်(၁)တွင် ချယ်လ်ဆီးအသင်းနှင့် လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ တွေ့ဆုံနေကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ဘန်လေအသင်း၊ လူတန်အသင်းနှင့် ရှက်ဖီးလ်ယူနိုက်တက် အသင်းတို့ တန်းဆင်းခဲ့ရပြီး လာမည့်ဘောလုံးရာသီတွင် လက်စတာအသင်း၊ အစ်ဝှစ်ချ်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ တန်းတက်နိုင်ခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမည့်သြဂုတ်လ ၁၇ ရက်မှစတင်ပြီး ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် အဖွင့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေကာ ပြီးခဲ့သည့် ဘောလုံးရာသီက နှစ်ကျော့စလုံးတွင် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အက်ဖ်အေဖလားပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက ရှုံးနိမ့်ခဲ့သည်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁၇ ရက်တွင် မန်ယူအသင်းနှင့်ဖူလ်ဟမ်အသင်းတို့ စတင်ကစားမည်ဖြစ်ကာ တခြားပွဲစဉ်များအဖြစ် သြဂုတ်လ ၁၇ရက်တွင် တန်းတက် အစ်ဝှစ်ချ်အသင်းနှင့် လီဗာပူးအသင်း၊ အာဆင်နယ်အသင်းနှင့်ဝုဗ်ဗာဟမ်တန်အသင်း၊ အဲဗာ တန်အသင်းနှင့်ဘရိုက်တန်အသင်း၊ နယူးကာဆယ်အသင်းနှင့် တန်းတက်ဆောက်သမ်တန်အသင်း၊ နော် တင်ဟမ်အသင်းနှင့် ဘုန်းမောက်အသင်း၊ ဝက်စ်ဟမ်း အသင်းနှင့် အက်စ်တွန်ဗီလာအသင်း၊ သြဂုတ်လ ၁၈ ရက်တွင် ဘရန့်ဖို့ဒ်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်း၊ ချယ်လ်ဆီးအသင်းနှင့် မန်စီးတီးအသင်း၊ သြဂုတ်လ ၁၉ ရက်တွင် တန်းတက် လက်စတာအသင်းနှင့် စပါးအသင်းတို့ ကစားမည်ဖြစ်ကြောင်း သိရသည်။
Ref;B/R Football