၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဇွန်  ၁၉

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

ယနေ့ တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)အတိုက်  အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၀-၅၄)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၀-၄၃) ကီလိုတန်းပြိုင်ပွဲ၊  အမျိုးသမီး(၅၇-၆၂) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၀- ၅၄) ကီလိုတန်းပြိုင်ပွဲတွင် ဇော်ရိန်အောင်(ကချင်)က  ကျော်ဇေယျာဖြိုး(ကယား) ကိုလည်းကောင်း၊   စောရန်ထူး(မန္တလေး)က နေစိုးရှိန်(ရန်ကုန်) ကိုလည်းကောင်း၊ အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းထွဋ်အောင်(ရန်ကုန်)က  စောအယ်လင်းဦး(ကယား)ကိုလည်းကောင်း၊  မျိုးမင်းကျော်(ပဲခူး)က  နေဝင်း(ဧရာဝတီ)ကိုလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်းပြိုင်ပွဲတွင်  ဝင်းသိင်္ဂီထွန်း(ရန်ကုန်)က ငြိမ်းကြည်ဖြူ(ချင်း)ကိုလည်းကောင်း၊ အေးသန္တာကျော်(ကယား)က မိုးပြည့်စုံ(မွန်)ကို လည်းကောင်း၊ အမျိုးသမီး(၅၇-၆၂)ကီလိုတန်းပြိုင်ပွဲတွင် ကျိန်လိမ်းဟွဲ့(ချင်း)က ဟယ်လင်းထွေး (ကယား)ကို လည်းကောင်း၊ မြတ်အိန္ဒြေတင်(ရန်ကုန်)က နန်းလှရည်(ရှမ်း)ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

ထို့နောက် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းထွဋ်အောင်(ရန်ကုန်)က ပထမ၊ မျိုးမင်းကျော်(ပဲခူး)က ဒုတိယ၊ စောအယ်လင်းဦး(ကယား)နှင့်နေဝင်း(ဧရာဝတီ)တို့က ပူးတွဲ တတိယကိုလည်းကောင်း၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်းပြိုင်ပွဲတွင်  ဝင်းသိင်္ဂီထွန်း (ရန်ကုန်)က ပထမ၊  အေးသန္တာကျော်(ကယား)က ဒုတိယ၊ ငြိမ်းကြည်ဖြူ(ချင်း)နှင့်မိုးပြည့်စုံ(မွန်)တို့က ပူးတွဲတတိယကို လည်းကောင်း၊ အမျိုးသမီး(၅၇-၆၂)ကီလိုတန်းပြိုင်ပွဲတွင် မြတ်အိန္ဒြေတင်(ရန်ကုန်)က ပထမ၊ ကျိန်လိမ်းဟွဲ့ (ချင်း)က ဒုတိယ၊ ဟယ်လင်းထွေး(ကယား)နှင့် နန်းလှရည်(ရှမ်း)တို့က ပူးတွဲတတိယကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက် (ယနေ့) နံနက် ၈ နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ အမျိုးသား(၅၄-၅၈)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၆၃-၆၈)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၆-၄၉)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (၇၄-၈၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၆၂-၆၇)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၆၇-၇၃)ကီလိုတန်းပြိုင်ပွဲ၊  အမျိုးသမီး(၆၃-၆၈)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၆-၄၉)ကီလိုတန်းပြိုင်ပွဲ  ပွဲစဉ်များအား ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။

               ကျော်လွင်(မြဝတီ)

Dates: 
Thursday, July 4, 2024 - 18:58