ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း တန်ဆောင်မုန်းလပြည့် သာမညဖလပွဲတော် နေ့ မီးထွန်းပွဲတော်ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၉    
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်သော တန်ဆောင်မုန်းလပြည့် သာမညဖလ ပွဲတော်နေ့ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော် တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်း တစ်ရပ်အဖြစ် နှစ်စဉ်ကျင်းပပြုလုပ် ထွန်းညှိပူဇော် လျက်ရှိသည်။     
ထိုသို့ပြုလုပ်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံမီးအလှများနှင့် ထွန်းညှိပူဇော် ခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှသစ်ပင်များတို့တွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။ မီးထွန်းပွဲတော်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။