ဒေသခံတောင်သူများထံမှ ဝယ်ယူခဲ့သည့် ရာသီ သီးနှံများကို တပ်ရင်း/တပ်ဖွဲ့များသို့ဖြန့်ဝေ

နေပြည်တော်၊ နိုဝင်ဘာ-၂၉    
COVID-19  ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ် လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် တောင်သူများထံမှ ရာသီသီးနှံများကို တပ်မတော်ကဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်၊ နယ်မြေ များအလိုက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဖြန့်ဝေပေးလျက်ရှိသည်။    
ထိုသို့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲ မှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားမိသားစုဝင်များထံသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ မွန်းပင်ကျေးရွာ၊ ဆည်ခေါင်းကျေးရွာ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေချမ်းစင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံတောင်သူများထံမှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဝယ်ယူခဲ့ သည့် ဂေါ်ဖီထုပ် ၆၀၀၀ ထုပ်၊ ဂေါ်ရခါးသီး ၁၅၀၀၀ လုံး၊ အာလူး ၄၅၀၀ ပိဿာနှင့် ခရမ်းချဉ်သီး ၄၃၀၀ ပိဿာတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။