တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂၉    
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ တိုင်းဧချမ်းဓမ္မာရုံ၌ ပြုလုပ်ရာ တောင်ငူမြို့၊ မရမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မရမ်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ဖတ်သရဇ္ဇျာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြသည်။    
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းကြပြီး မရမ်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကြကာ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။