ကျိုင်းတုံမြို့၊ ဇေတဝန်ပရိယတ္တိကမ္မဋ္ဌာန်း ကျောင်းတိုက်ရှိ သံဃာတော်များ ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

ကျိုင်းတုံမြို့၊ ဇေတဝန်ပရိယတ္တိကမ္မဋ္ဌာန်း ကျောင်းတိုက်ရှိ သံဃာတော်များ ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဇေတဝန်ပရိယတ္တိကမ္မဋ္ဌာန်း ကျောင်းတိုက်ရှိ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအားယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၉ ပါး၊ ဒေသခံပြည်သူ ၃၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ  ၁၀၄  ဦးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ဖျားနာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း  စသည့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ  တက်ရောက်ကုသရန်လိုအပ်သူများအား ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Friday, July 5, 2024 - 03:59