အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၅
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိနယ်မြေခံသင်တန်းကျောင်း စက်ပစ် ကွင်း၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ပူဖောင်းအား ပစ္စတိုဖြင့် ပစ်ဖောက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသူများက အမျိုးသား၊ အမျိုးသမီး ပစ္စတို ထိလဲ ပစ်ခတ်စဉ်၊ ပစ္စတို အမြန်နှင် အကာအကွယ်နောက် ပစ်ခတ်စဉ်များအား သရုပ်ပြ ပစ်ခတ် နေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါတိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင် ၁၀ ရက်အထိ ယှဉ်ပြိုင် ပစ်ခတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။