အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၅

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမား များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပူဖောင်းများအား ပစ္စတိုဖြင့် ပစ်ဖောက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက်   တိုင်းမှူးနှင့် တက်ရောက် လာကြသူများက  အမျိုးသား ကာဘိုင်ထိလဲ သရုပ်ပြပစ်ခတ်စဉ်နှင့် အမျိုးသမီး ပစ္စတို ထိလဲ သရုပ်ပြပစ်ခတ်စဉ် စွမ်းရည်ပြ ပစ်ခတ်နေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါတိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း အမျိုးသား (၁၀)သင်း၊ အမျိူးသမီး (၁၀) သင်း ဖြင့် ဇူလိုင် ၁၂ ရက်အထိ ယှဉ်ပြိုင် ပစ်ခတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Friday, July 5, 2024 - 22:28