မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် ၅ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ

နေပြည်တော်  နိုဝင်ဘာ  ၂၉

ဘိန်းဖြူများဖမ်းဆီးရမိပြီး ကွင်းဆက်အရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ မူးယစ်ဆေးဝါးများ ထပ်မံဖမ်း ဆီးရမိမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် ည ၉ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ် မူဆယ်-မန္တလေးလမ်း အိုရီယမ်တယ်တိုးဂိတ်အနီး၌ ကျောက်မဲမြို့ ဘက်မှ မန္တလေးမြို့ဘက်သို့ကံဌေး မောင်းနှင်ပြီး သိန်းဇော်လိုက်ပါလာသည့် CANTER အမျိုးအစားမော်တော် ယာဉ်ဖြင့် ဘိန်းဖြူများသယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် အဆိုပါမော်တော်ယာဉ်ကို လျှို့ဝှက် လိုက်ပါစောင့်ကြည့်ခဲ့ရာ နိုဝင်ဘာ ၂၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် ပုသိမ်ကြီးမြို့နယ် အိုရီယမ်တယ်တိုးဂိတ် အနီး၌ ၎င်းမော်တော်ယာဉ်ရပ်တန့်ထားပြီး မူးယစ်ဆေးဝါးများ လာရောက်လွှဲပြောင်းလက်ခံယူသည့် ခန့်ဇော်နှင့် ခွန်ဇော်ထက်တို့နှစ်ဦးရောက်ရှိ၍  မူးယစ်ဆေးဝါးများအား လွှဲပြောင်းလက်ခံနေစဉ် ၎င်းတို့အား ထိန်းသိမ်းကာ မော်တော်ယာဉ်အား ရှာဖွေရာ မော်တော်ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်း ခေါက်ဆွဲ ခြောက်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဘိန်းဖြူ ၈၈ ကီလို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ကချင်ပြည်နယ် မိုးညှင်းမြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဖော်ထုတ်သိ ရှိရသဖြင့် ကွင်းဆက်အရ ၎င်းနေ့ ည ၆ နာရီတွင် မိုးညှင်းမြို့ အောင်သပြေ(၁)ရပ်ကွက် အမှတ်(၇/ခ)နေ မူးယစ်ဆေးဝါးလက်ခံမည့်သူ မအိအိခိုင်(ခ)ဘုတ်ဘုတ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းစိမ်း ၁၇ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀ ပြား၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၂၉ရက် နံနက် ၄ နာရီခွဲခန့်တွင် မိုးညှင်းမြို့အောင်သပြေ(၃)ရပ်ကွက် အမှတ်(၇၅)နေမဝင်းမော်(ခ)မမော်(ခ)မှိုင်းပြာအား ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် ကံဌေး ၂၂ နှစ်၊ သိန်းဇော်(ခ)အောင်အောင် ၃၁ နှစ်၊ ခန့်ဇော် ၂၄ နှစ်၊ ခွန်ဇော်ထက် ၂၈ နှစ်၊ မအိ အိခိုင်(ခ)ဘုတ်ဘုတ် ၃၈ နှစ်၊ မဝင်းမော်(ခ)မမော်(ခ)မှိုင်းပြာ ၅၀ နှစ်တို့အား ဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ဖမ်းဆီးရမိဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်မှ ကချင်ပြည်နယ် မိုးညှင်း မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရဲပြန်ကြား