ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

    ပထမအချက်မှာ လယ်ယာမြေရေပေးဝေရေး အတွက် ဆောင်ရွက်ရသည့် တာတမံများတည်ဆောက်မှုတွင် အဓိကကုန်ကျငွေမှာ မြန်မာငွေ သာများပါသည်။ တချို့တာတမံများတွင် အထိုက်အလျောက် နိုင်ငံခြားငွေ ကုန်ကျမှုရှိနိုင်သော်လည်း  စီမံကိန်းကုန်ကျစရိတ်နှင့် ယှဉ်ပါက  အလွန် နည်းသည်။

သို့သော်  ရေအားလျှပ်စစ်တွဲဖက်ပါရှိသော ရေလှောင်တမံစီမံကိန်း များတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် လျှပ်စစ်ပစ္စည်းများနှင့် စက်မှုပစ္စည်းများကို လည်းကောင်း၊  ဓာတ်အားပို့လွှတ်နိုင်ရေး အတွက် မဟာဓာတ်အားလိုင်းကြီးများနှင့် ဓာတ်အားခွဲရုံ အကြီး၊ အသေး မျိုးစုံကိုလည်းကောင်း တည်ဆောက်ရာတွင် နိုင်ငံခြားငွေပုံအောပြီး အသုံးပြုကြရသည်။

ဥပမာ-ရေအားလျှပ်စစ်စက်ရုံတစ်ရုံတွင်  တပ်ဆင်ရသော လျှပ်စစ် နှင့်စက်ပစ္စည်းများ၏ ကုန်ကျစရိတ်မှာ ဓာတ်အား ၁ မဂ္ဂါဝပ်ထွက်ရှိ ရေးအတွက် အမေရိကန်ဒေါ်လာ သုည ဒသမ ၅ သန်းမှ ၁ သန်းအထိ နိုင်ငံခြားငွေကုန်ကျတတ်သည်။ ဓာတ်အားလိုင်းကြီးများနှင့် ဓာတ်အား ခွဲရုံကြီးများတွင် တပ်ဆင်ရမည့်    လျှပ်စစ်နှင့်စက်မှုပစ္စည်း အားလုံးပါ ထည့်ပေါင်းလျှင်  ဤပမာဏထက်  ပိုမိုကုန်ကျနိုင်သည်။ ဥပမာပြရလျှင် ကင်းတားဘက်စုံရေလှောင်တမံ စီမံကိန်းတွင် သုံးစွဲခဲ့ရသော နိုင်ငံခြားငွေကို အောက်ပါအတိုင်းတွေ့ရမည်-

Description: C:\Users\dsitd\Desktop\6-7-2024\6742.JPG

ဤနိုင်ငံခြားငွေ တန်ဖိုးစုစုပေါင်းတွင် ၂၅ ရာခိုင်နှုန်းခန့်သည် လျှပ်စစ် ကဏ္ဍအတွက်  သုံးစွဲလိုက်ရသည်။ ဤငွေနှင့်ချိန်ထိုးပါက ကင်းတား ဆည်တွင် တပ်ဆင်အင်အား ၅၆ မဂ္ဂါဝပ်ရှိသဖြင့် ၁ မဂ္ဂါဝပ်အတွက် နိုင်ငံခြားငွေ လိုအပ်ချက်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂  သန်း (ဓာတ်အားလိုင်းဖိုးအပါအဝင်)ဖြစ်နေသည်ကို တွေ့ရမည်။

ကင်းတားဘက်စုံ ရေလှောင်တမံသည် နိုင်ငံတကာအဖွဲ့အစည်းများမှ ချေးငွေကို အဓိကသုံးစွဲခြင်းဖြစ်၍ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅၉ ဒသမ ၀၂ သန်း ကုန်ကျမှုအဖြစ် စာရင်းပေါ်နေခြင်းဖြစ်သည်။

ဆည်မြောင်းလုပ်ငန်းများအတွက် ပစ္စည်းအများစုမှာ ပုံမှန်အားဖြင့်ဒေသထွက် ကျောက်၊ သဲ၊ အုတ်၊ ဘိလပ်မြေများ အများစုဖြစ်၍ နိုင်ငံခြားငွေကုန်ကျမှု နည်းနိုင်သည်။ သို့သော် နိုင်ငံပိုင်ငွေသက်သက်ဖြင့်သာ ဆောင်ရွက်ပါက နှစ်စဉ်ရန်ပုံငွေရရှိမှု နည်းမည်ဖြစ်ပြီး လုပ်ငန်းကာလကြာရှည်သွားနိုင်သည်။ သို့ပါ၍ ပြည်ပမှ ချေးငွေရယူ အသုံးပြုရခြင်းဖြစ်သည်။

သို့သော် ရေအားလျှပ်စစ်နှင့် မဟာဓာတ်အားလိုင်း၊ မဟာဓာတ်အားခွဲရုံကြီးများ တည်ဆောက်ရန်အတွက် လိုအပ်သော ကိရိယာ၊ အစိိတ်အပိုင်းအားလုံးကိုမူ နိုင်ငံခြားငွေဖြင့်သာ ပြည်ပမှဝယ်ယူတင်သွင်းရသည်။ ဤ နိုင်ငံခြားငွေသည် အတိုးနှုန်းသက်သာစွာ ချေးငှားရရှိပါက အခက်အခဲ မရှိသော်လည်း   နိုင်ငံပိုင်နိုင်ငံခြားငွေကို  သုံးစွဲရမည်ဆိုပါက များစွာ ခက်ခဲပါလိမ့်မည်။  နိုင်ငံခြားငွေ  အလွန်ရှားပါးသော ကာလများဖြစ်၍ ပို၍ခက်မည်။

မိုးဗြဲရေလှောင်တမံကြီးကိုပင် ငါးနှစ်နောက်ဆုတ်၍ တည်ဆောက်ခဲ့ရခြင်းမှာလည်း ပြည်တွင်းငွေရော ပြည်ပငွေပါ အကျပ်အတည်းဖြစ်ခဲ့ သောကြောင့် နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။ ရေဆင်းဆည် တည်ဆောက်မှုတွင်လည်း အလားတူတွေ့ကြုံခဲ့ရသည်။ ဤအချက်သည် ဆိုရှယ်လစ် စီးပွားရေးစနစ်ကျင့်သုံးသည့်ကာလ   ရေအားလျှပ်စစ် အကြီးစားများ ထိရောက်စွာ အကောင်အထည်မဖော်နိုင်ခဲ့ခြင်း၏ အဓိကအချက်ဖြစ်သည်။

ဆည်တော်ကြီးနှင့်    ကင်းတားဘက်စုံရေလှောင်တမံ စီမံကိန်းများသည်   ပြည်ပအဖွဲ့အစည်း ပေါင်းစုံမှ  စုပေါင်းချေးငှားခဲ့သည့်အတွက် ရေအားလျှပ်စစ်ကဏ္ဍတွင် အချိန်တိုအတွင်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ် ရေအားလျှပ်စစ်စီမံကိန်းကြီးများ ထပ်မံမတည်ဆောက် နိုင်ခဲ့ခြင်း၏ ဒုတိယအချက်မှာ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် ဤကာလအတွင်း သဘာဝဓာတ်ငွေ့များ အထိုက်အလျောက် ထွက်ရှိလာသည့်အချိန်နှင့် တိုက်ဆိုင်နေသောကြောင့်ဖြစ်သည်။

အဆိုပါကာလတွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း တစ်လျှောက် ကာကွယ်ရေးပစ္စည်း စက်ရုံများနှင့် အကြီးစား စက်မှုလုပ်ငန်းများ၊ဝါဇီဟု လူသိများသည့် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်စက်ရုံများ ပေါ်ပေါက်လာသည်။   စလေဓာတ်မြေသြဇာ စက်ရုံတစ်ရုံ    ပေါ်ပေါက်လာသည်။

ဓာတ်မြေသြဇာစက်ရုံအတွက် လိုအပ်သော ကုန်ကြမ်းဖြစ်သည့် သဘာဝ ဓာတ်ငွေ့ကိုမူ ချောက်မြို့နယ် မိုလာဒေသမှ ပံ့ပိုးပေးသည်။

လမ်းရွာရေနံမြေမှ သဘာဝဓာတ်ငွေ့ ထွက်လာသည့်အခါ ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ ထပ်မံတည်ဆောက်သည်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအတွက် ဓာတ်မြေသြဇာ စက်ရုံများ များစွာလိုအပ်သည်။

ကာကွယ်ရေးပစ္စည်း၊ စက်ပစ္စည်း၊ လုံခြုံရေးပုံနှိပ်စက် အစရှိသည်တို့ ကို  ဓာတ်အားပေးရန် အတွက်ပင်  သာစည်မြို့အထိ ရောက်ရှိနေသော ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ အမှတ်(၂) ပထမစက်သုံးလုံး ၈၄  မဂ္ဂါဝပ်  ထုတ်လုပ်မှု ခွဲတမ်းထဲမှ  ခွဲဝေသုံးစွဲနိုင်ရန်  သာစည်-ချောက်  ၁၃၂ ကီလိုဗို့ဓာတ်အားလိုင်းကို ၁၉၆၈ ခုနှစ်ကပင် သွယ်တန်းခဲ့သည်။

၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်ကြားကာလအတွင်း မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝဲယာဒေသများနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရေနံအစမ်းတွင်း များမှ သဘာဝဓာတ်ငွေ့များ ထွက်ရှိလာခဲ့သည့်အတွက် အောက်ဖော်ပြပါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ အသီးသီး တည်ဆောက်ခဲ့သည်။

Description: C:\Users\dsitd\Desktop\6-7-2024\6743.JPG

ှသကမခနါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်း၏ သမိုင်းကြောင်းနှင့်  အနာဂတ်ရည်မှန်းချက် (၂၀၁၄ ခုနှစ် ဒီဇင်ဘာလ)

ဤဓာတ်အားပေး စက်ရုံများ၏  စုစုပေါင်း တပ်ဆင်အင်အားသည် ၃၇၉ ဒသမ ၀၆ မဂ္ဂါဝပ်အထိရှိခဲ့သည်။ ဧရာဝတီမြစ် ဝဲယာဘက်ကမ်းများရှိ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိနေသော ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်ထဲသို့ ထည့်သွင်းနိုင်ရေးအတွက် ချောက်မြို့မှ ရန်ကုန်မြို့ အထိ ၂၃၀ ကီလိုဗို့ဓာတ်အားလိုင်းကြီး တစ်ခုပင် တည်ဆောက်ပေးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့သည်။ First Power Project  ဟု လူသိများခဲ့သည်။

ဤစက်ရုံအားလုံးအနက် ချောက်နှင့်ကျိုက်လတ် စက်ရုံငယ်များမှအပ ကျန်စက်ရုံများမှာ မိမိနိုင်ငံပိုင်နိုင်ငံခြားငွေကို သုံးစွဲဝယ်ယူ တပ်ဆင်ခဲ့ရခြင်းဖြစ်ရာ ၁၀ နှစ်တာကာလအတွင်း နိုင်ငံခြားငွေကုန်ကျမှုကို ခန့်မှန်းကြည့်နိုင်ပါသည်။ သို့သော် ရရှိလာသောဓာတ်အားမှာလည်း ထိုစဉ်က လည်ပတ်နေသော ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) (စက်ခြောက်လုံးပေါင်း)  ၁၆၈ မဂ္ဂါဝပ်ထက်ပင် ၂၀၆  မဂ္ဂါဝပ်ပိုနေ၍ လျှပ်စစ်အကျပ်အတည်းကို ချက်ချင်း ဖြေရှင်းလိုက်နိုင်သည်။

ဤအခြေအနေတွင်  နောက်ထပ်ရေအား လျှပ်စစ်စက်ရုံနှင့် တမံကြီး များတည်ဆောက်ရန် နိုင်ငံခြားငွေလည်း ထပ်မံသုံးစွဲနိုင်ရေး အခက်အခဲ ရှိမည်မှာ သေချာသည်။

ရေအားလျှပ်စစ်စီမံကိန်းကြီးအများစုမှာ အသေးစိတ်စူးစမ်း လေ့လာမှုများကို   နှစ်ပေါင်းများစွာကပင်   ကြိုတင်ဆောင်ရွက် ခဲ့ကြပြီးဖြစ်၍ တည်ဆောက်မှုစတင်နိုင်ရန် အဆင်သင့်ဖြစ်နေခဲ့ကြပြီဖြစ်သည်။ သို့သော် ချေးငွေသီးခြားရရှိသော ဆည်တော်ကြီး၊ ငလိုက်၊ ကင်းတား၊ တောင်နဝင်းဆည်များနှင့်  အောက်မြန်မာပြည် စပါးဖွံ့ဖြိုးမှုစီမံကိန်းအပိုင်း(၁) နှင့် အပိုင်း(၂) တို့ကို ဦးစားပေးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

ဖော်ပြခဲ့သည့် ၁၉၈၅ ခုနှစ်ဝန်းကျင်တွင် အစီအရီပေါ်ပေါက်လာသော ဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများအနက်

- မြန်အောင်စက်ရုံ၊ မင်းဘူးစက်ရုံများမှာ ၁၉၉၉ ခုနှစ်တွင် ဓာတ်ငွေ့ မရ၍ ရပ်နားလိုက်သည်။

- ချောက်နှင့်ကျိုက်လတ်ဓာတ်ငွေ့သုံး    ဓာတ်အားပေးစက်ရုံများလည်း ရပ်နားခဲ့သည်။

- ရန်ကုန်(ရွာမ)နှင့်ရွှေတောင် ဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများကို မရပ်နားဘဲ ဒီဇယ်ဖြင့် အချိန်ပိုင်းမောင်းခဲ့သည်။

ဓာတ်ငွေ့ဓာတ်အားပေး စက်ရုံများ ဓာတ်ငွေ့အကျပ်အတည်းဖြစ်သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ နိုင်ငံ့ဓာတ်အား စနစ်သည်လည်း မနိုင်မနင်း ဖြစ်လာခဲ့သည်။ ရေအသုံးချမှုကိစ္စနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတို့သည် လျှပ်စစ်ဓာတ်အားရရှိရေးတွင် ချိတ်ဆက်နေသည့် အတွက် တစ်ပါတည်း ဖော်ပြရခြင်း ဖြစ်သည်။                           

ဆက်လက်ဖော်ပြပါမည်။