ရန်ကုန်တိုင်းဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
ရန်ကုန်တိုင်း ဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မီဒီယာများ မေးမြန်းထားတာကို ပြန်လည်ပြောကြား သွားပါမယ်။ စဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ၊နွယ်အေး ရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်မှာဖြစ်ပါတယ်။ အဲ့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ် ပွားနေတယ်ဆိုပြီး သတင်းရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ဇူလိုင်လ ၃ ရက်နေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာ ဖြစ်ပွားသူ ၁၂ ဦးရှိကြောင်းတွေ့ရှိရပါတယ်။ အဲ့ထဲကဆေးရုံတက်ရောက် ကုသသူ ၉ ဦး ရှိခဲ့ပါတယ်။ အဲ့ဒီ ၉ ဦးရဲ့ဝမ်းနမူနာတွေကိုစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့အခါမှာ တစ်ဦးက ကာလဝမ်းရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အဖြေထွက် ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံအသီးသီးမှာ တက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏပြတဲ့ လူနာတွေကို ကာလ ဝမ်းရောဂါပိုး ရှိ / မရှိ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိတွေ့ရှိရတာကတော့ ဝိတိုရိယ ဆေးရုံမှာ တစ်ဦး ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၄ ဦး စုစုပေါင်း ၅ ဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏ ပြတဲ့သူတွေ ကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။
ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်ပွားတဲ့နေရာ ဒေါပုံမြို့နယ် ၊ နွယ်အေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိသူတွေ ပြည်သူ့ကျန်းမာရေးအဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာ အဲ့ဒီနေရာမှာ အိမ်ခြေ ၁၆၆ လုံး ၊ လူဦးရေ ၆၄၆ ဦး နေထိုင်ပြီး အများသုံးအိမ်သာက ၁၂ ခန်းသာရှိကြောင်းတွေ့ရပါတယ်။ ဒီဟာကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားစေတဲ့ အကြောင်းအရင်းလို့ပဲသုံးသပ်ရပါတယ်။ ရောဂါဖြစ်ပွားမှုကို စောစီး စွာသိရှိပြီး စောစောစီးစီးကုသပေးနိုင်ဖို့ အဲ့ဒီနေရာမှာပဲ ဆောင်ရွက်လျက်ရှိပါ တယ်။ လိုအပ်တဲ့ ကိစ္စများဖြစ်တဲ့ လမ်းဘေးစာသောင်းဆိုင်တွေကို ယာယီပိတ် ထားတာတွေ ၊ ရေ နဲ့ ပတ်ဝန်ကျင်သန့်ရှင်းမှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက် တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ခုန ကျွန်တော်ပြောတဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်သူထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြောင့် သေဆုံးသူမရှိပါဘူး။ အဲ့ထဲကမှာ တစ်ဦးကတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် မဟုတ်ဘဲနဲ့ နဂိုကတည်းကတိုင်း ခုခံအားကျဆင်းမှု ကူးဆက် ရောဂါအခံရှိလို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒီရပ်ကွက်တွေကို သွားရောက် စစ်ဆေးပြီးတော့ ယာယီဆေးခန်းဖွင့်လှစ်ပြီး လူနာသစ်တွေလာရောက်ပြသမှု အခြေအနေတွေကို လက်ခံတာတွေ တိုင်းဒေသကြီးက တာဝန်ရှိအဖွဲ့အစည်း တွေ၊ ဒေသခံကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ၊ Volunteer တွေကနေပြီး ရပ်ကွက်အတွင်း သန့်ရှင်းတဲ့ရေရရှိရေး ကလိုရင်းဆေးခက်တာ တွေ ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်တာတွေ ၊ ရေသန့်ဖြန့်ဝေတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် လူနာနေအိမ်တွေသွားရောက်ပြီး ရောဂါဗေဒဆိုင်ရာတွေကို စုံစမ်းထောက်လှမ်းတာတွေ၊ လူနာနဲ့အနီးကပ်ထိတွေ့လူတွေကို ကျန်းမာရေး ပညာပေးတာတွေ၊ ပဋိဒေဝဆေး တွေတိုက်တွေးတာတွေကို ဆောင်ရွက်လျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့ကလည်း သွားရောက်ကွင်းဆင်းစစ်ဆေး ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကူးစက်)ညွှန်ကြားရေးမှူးဦးစီးတဲ့ ဗဟို တုန့်ပြန်ရေးအဖွဲ့စေလွှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာပြောချင် တာက ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ မိုးဦးကာလမှာဖြစ်ပွားတတ်တဲ့ ရောဂါ မျိုးဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး သတိပြုဖွယ်ရာ တွေကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လှုံ့ဆော်စာတွေထုတ်ပြန်ပေးလျှက် ရှိပါတယ်။ ဒီလှုံ့ဆော်စာတွေ၊ တိုက်တွန်းချက်တွေကို သေချာဖတ်ပြီး ကြိုတင် ကာကွယ်တာတွေ၊ ကြိုတင်တားဆီးတာတွေ၊ လိုက်နာတာတွေဆောင်ရွက် သွားရမှာဖြစ် ပါတယ်။ အကျဉ်းချုပ်အနေနဲ့ကတော့ ရေကိုကြိုချက်သောက်တာ၊ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်း ကလိုရင်းဆေးခတ်ပြီး သောက်တာ၊ အစားအစာတွေကိုသန့်ရှင်းစွာချက်ပြုတ်ပြီး ယင်မနားအောင် ဖုံးအုပ်ထားတာတွေ၊ ယင်လုံအိမ်သာများအသုံးပြုဖို့ ဒါတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အဆက် မပြတ်စောင့်ကြည့်ဆောင်ရွက်လျှက်ရှိသလို ဒေသဆိုင်ရာအာဏာပိုင်များ က လည်း အဆက်မပြတ်စောင့်ကြည့်အလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအာဏာပိုင် များရဲ့ ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးသတိပေးချက် လှုံ့ဆော်မှုတွေကို အတူလိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့မေတ္တာရပ်ခံလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။