မိုးရာသီနှင့်ရာသီတုပ်ကွေးရောဂါအကြောင်း
ရာသီတုပ်ကွေးရောဂါက အသက်ရှူ လမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာကြောင့် လူထူထပ်တ ဲ့နေရာတွေကို သွားလာနေရသူတွေအနေနဲ့ ကိုယ်ခံအားနည်းနေချိန်နဲ့ ကြုံကြိုက်ရင် တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကူးစက်ပြီး ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ ရာသီတုပ်ကွေးဖြစ်ရင် ခံစားရတဲ့ရောဂါလက္ခဏာတွေကို သက်သာစေဖို့နဲ့ ဖြတ်ကျော်နိုင်ဖို့ နည်း လမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
တုပ်ကွေးက အလွန်သေးငယ်တဲ့ဗိုင်းရပ်စ် A/H1N1 ကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် လူတစ်ဦး ကနေတစ်ဦး ကူးစက်စေပါတယ်။ နှစ်စဉ် ပြောင်းလဲလာတဲ့မျိုးကွဲကြောင့် နှစ်စဉ်ကာကွယ်ဆေး ထိုးနှံဖို့ လိုအပ်ပါတယ်။
တုပ်ကွေးရောဂါက ရောဂါပိုးရှိတဲ့လူနာ ချောင်းဆိုးတာ၊ နှာချေတာကနေ လေထဲမှာ ရောဂါပိုးတွေပျံ့နှံ့ပြီး အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်ပါ တယ်။ ၁၂ ရက်အကြာမှာ ရောဂါလက္ခဏာတွေ ခံစားရပါတယ်။ လူအများစုက နှာချေတာ၊ ချောင်းဆိုးတာ၊ ဖျားတာ၊ နွမ်းနယ်တာ၊ ကိုယ်လက်မအီမသာ ဖြစ်တာ၊ ကိုက်ခဲတာ၊ ခေါင်းကိုက်ပြီး လည်ချောင်း နာတာတို့ဖြစ်ပြီး ၂၇ ရက်အတွင်း ပျောက် ကင်းသွားပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်ရင် အဆုတ်ရောင်တာ၊ အဆုတ် ပျက်စီးတာ၊ အသက် ဆုံးရှုံးတာအထိ ဖြစ်တတ်ပါတယ်။
တုပ်ကွေးမဖြစ်အောင် အိုမီဂါ-၃ မှီဝဲ သင့်ပါတယ်။ နေ့စဉ် ငါးစားသုံးမှုမရှိရင် အိုမီဂါ-၃ အဆီကို နေ့စဉ် ဖြည့်စွက်သောက်သုံးပေးနိုင်ပါတယ်။ အိုမီဂါ-၃ က ခန္ဓာကိုယ်ခုခံစွမ်းအားကိုမြင့်စေလို့ ရာသီ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိုမီဂါ-၃ က ရာသီတုပ်ကွေးဖြစ် စေတဲ့ပိုးမွှားတွေကို စားပေးတဲ့ ကလာပ်စည်းတွေရဲ့ လုပ်ဆောင်စွမ်းအားကို မြှင့်တင်ပေးတယ်လို့ ဗြိတိန်အာဟာရနှင့် ဆေးပညာ သိပ္ပံတက္ကသိုလ်က လေ့လာတွေ့ရှိထားပါတယ်။ တခြားလေ့လာမှုတွေအရ အိုမီဂါ-၃ က အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် ဝင်ရောက်လာမယ့် ရာသီတုပ်ကွေးဖြစ်စေ တဲ့ပိုးမွှားတွေ အဆုတ်ထဲမရောက်ရှိအောင် ကာကွယ်ပေးပါတယ်။
ဇင့်ဓာတ်ကို ဖျားနာနေချိန်မှာသောက် သုံးသင့်ပါတယ်။ Yale တက္ကသိုလ် ရောဂါ ကာကွယ်ရေးစင်တာက ပြုလုပ်တဲ့ လေ့လာမှုအရ ရာသီတုပ်ကွေးရောဂါကြောင့် ဖျားနာတာခံစားနေရတယ်ဆိုရင် ဇင့် သောက်သုံး တာက အဖျားတာရှည်မဖြစ်စေပါဘူး။ နှာခေါင်း၊ လည်ချောင်းထဲမှာ ဗိုင်းရပ်စ်ပိုးတွေ ပွားများမှုမဖြစ်အောင် တားဆီးပေးလို့ ရာသီတုပ်ကွေးရောဂါသက်သာပျောက်ကင်းမှု မြန်ဆန်စေပါတယ်။
ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်ချို့တဲ့ရင် ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥထုတ်လုပ်မှုလျော့နည်းစေလို့ ရောဂါပိုးမွှားတွေ ကူးစက်နိုင်ခြေများပါတယ်။ လိုအပ်တာထက် ပိုပြီးသောက်သုံးမိရင် ခန္ဓာကိုယ်ခုခံအားစနစ် ကျဆင်းစေတဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သတ္တု ဓာတ်စုပ်ယူမှုကိုလည်း တားမြစ်ပါတယ်။
ဗီတာမင်စီ နေ့စဉ်သောက်သင့်ပါတယ်။ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးရင် ခန္ဓာကိုယ်ခုခံစွမ်းအားမြင့်မားပြီး ပိုးမွှားတွေ ဝင်ရောက်ကူးစက်မှု မရှိအောင် တားမြစ်ပေးပါတယ်။ ငရုတ်ပွ၊ အချဉ်ဓာတ်ရှိတဲ့ သစ်သီးတွေကနေ ဗီတာမင်စီကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဗီတာမင်စီသောက်သုံးမှုများရင် ကျောက်ကပ်ကျောက်တည်တာ၊ ဝမ်းဗိုက်မအီမသာ ဖြစ်တာ၊ ကလေးငယ်တွေမှာ ခန္ဓာကိုယ် တွင်း သွေးယိုစိမ့်တာတွေဖြစ်စေနိုင်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ သံပရာသီး၊ လိမ္မော်သီး၊ ဆီးသီး၊ ကျွဲကောသီး၊ ဆီးဖြူ သီး၊ ငှက်ပျောသီး စတာတွေစားသုံးပေး သင့်ပါတယ်။
ဗီတာမင်ဒီ သောက်သင့်ပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ဗီတာမင်ဒီက ခုခံစွမ်းအားကိုမြင့်မားစေပြီး ရာသီတုပ်ကွေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာဗီတာမင်ဒီချို့တဲ့ရင် ဗီတာမင်ဒီပြည့်ဝနေသူတွေထက် အဆုတ်နဲ့အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ပိုးဝင်နိုင် ခြေပိုများပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်ဒီ ပမာဏလုံလောက်ရင် ဗိုင်းရပ်စ်ပိုးတွေကို သေစေတဲ့ပရိုတင်းထုတ်လုပ်မှုကို များစေပါတယ်။
ပန်းနာ၊ ရင်ကျပ်ရှိသူတွေမှာ ဗီတာမင်ဒီ ချို့တဲ့ရင် ဗီတာမင်ဒီလုံလောက်သူတွေ ထက် ဖျားနာနိုင်ခြေ ပိုများပါတယ်။
နံနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့တာ၊ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့ အစားအစာ တွေစားသုံးတာ၊ ငါးစားသုံးတာတွေကနေ ဗီတာမင်ဒီကိုရယူနိုင်ပါတယ်။ ဖြည့်စွက်သောက်သုံးမယ်ဆိုရင် တစ်ရက်ကို ဗီတာမင်ဒီ ၁၀၀၀ အိုင်ယူ သောက်သုံးသင့်ပါတယ်။
ရာသီတုပ်ကွေးဖြစ်နေချိန်မှာ ဂျင်ဆင်း သောက်တာကြောင့် ရာသီတုပ်ကွေးဖြစ် ပြီး ပျောက်ကင်းချိန်မှာ ကျန်ခဲ့တဲ့ ချောင်း ဆိုးတာကို သက်သာစေတယ်လို့ အမေရိကန် ကင်ဆာနှင့် ပိုးမွှားကူးစက်မှုစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ဂျင်ဆင်းသောက်သုံးတာက ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဂျင်ဆင်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ပိုးမွှားတွေကို တိုက်ထုတ်ပေးမယ့် သွေးဖြူဥတွေနဲ့ ခုခံအားကောင်းမွန်စေတဲ့ ပရိုတင်းတစ်မျိုးထုတ်လုပ်မှုကို အားပေး တာကြောင့်ဖြစ်ပါတယ်။
တုပ်ကွေးဖြစ်ရင် ဘာဆေးတွေသောက်သုံးသင့်သလဲ
ပါရာစီတမောသောက်သုံးနိုင်ပါတယ်။ ရာသီတုပ်ကွေးဖြစ်တဲ့အခါ တချို့တွေမှာ ကိုယ်အပူချိန် ၁၀၂.ၤ နဲ့အထက် တက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ခေါင်းကိုက် တာ၊ ကိုယ်လက်ညောင်းကိုက်တာတွေခံစားရနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက် မှုမရှိအောင်ထိန်းသိမ်းပြီး ရောဂါဆိုးရွားတဲ့ အခြေအနေမရောက်အောင် ကာကွယ်နိုင် ပါတယ်။ နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ ပါရာစီတမောသောက်သုံးနိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေး သောက်နိုင် ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲဆေးကောင်တာမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်တဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ အက်စပရင်၊ ပါရာစီတမော၊ အိုင်ဗျူပရိုဖင် စတာတွေက တုပ်ကွေးကြောင့် နာကျင် ကိုက်ခဲနေတာတွေ သက်သာစေပါတယ်။ အက်စပရင်နဲ့ အိုင်ဗျူပရိုဖင်က ကိုက်ခဲမှု တွေကို လျော့နည်းစေပြီး အက်စပရင်နဲ့ ပါရာစီတမောက ဖျားနာတာကိုသက်သာ စေပါတယ်။ ဒါပေမဲ့ ရေရှည်စွဲပြီး သောက် သုံးဖို့မသင့်ပါဘူး။
တုပ်ကွေးအအေးမိနေရင် ရေဓာတ် မခန်းခြောက်အောင် ရေများများသောက် သင့်ပါတယ်။ သစ်သီးဖျော်ရည်၊ ဆိုဒါ၊ သံပရာနံ့ထည့်ထားတဲ့ရေ စတာတွေကို သောက်သုံးသင့်ပါတယ်။ ကဖင်းဓာတ်ပါတဲ့ အရည်တွေက ဆီးရွှင်စေတာကြောင့် ရေဓာတ်ခန်းခြောက်မှုဖြစ်စေလို့ မသောက် သုံးသင့်ပါဘူး။
စွပ်ပြုတ်သောက်နိုင်ပါတယ်။ ရာသီ တုပ်ကွေးဖြစ်ရင် စွပ်ပြုတ်သောက်သုံးတာက အသင့်လျော်ဆုံးပါပဲ။ ကြက်သားစွပ်ပြုတ်သောက်သုံးတာက အဆုတ်နဲ့အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိုးမွှား ကူးစက်မှုကြောင့် ခံစားရတဲ့ရောဂါလက္ခဏာ တွေကိုသက်သာစေပါတယ်။
ငုံဆေးပြားငုံသင့်ပါတယ်။ လိုအပ်ရင် ပဋိဇီဝဆေး Amoxicillin 500 Mg နဲ့ Strepsils ကို တစ်ရက်နှစ်ကြိမ် သောက် နိုင်ပါတယ်။ ဇင့်ဓာတ်ပါတဲ့ ငုံဆေးပြားတွေက ရာသီတုပ်ကွေးဖြစ်ရင် ခံစားရတဲ့ လတ်တလော ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
အိပ်စက်အနားယူသင့်ပါတယ်။ ရာသီ တုပ်ကွေးဖြစ်နေရင် အလုပ်သွားတာ၊ ကျောင်းသွားတာမျိုးတွေ မလုပ်သင့်ပါဘူး။
အိမ်မှာပဲ အိပ်စက်အနားယူတာက ရောဂါလက္ခဏာတွေကို သက်သာစေပြီး အမြန်ဆုံး နေပြန်ကောင်းစေ ပါတယ်။
လေထုစွတ်စိုမှုရှိသင့်ပါတယ်။ အခန်း တွင်းလေထုစွတ်စိုမှုရှိတာက နှာခေါင်းပိတ်တာ၊ လည်ချောင်း နာတာတွေကိုသက် သာစေပါတယ်။ အခန်းတွင်းရှိပစ္စည်းတွေ ပိုးမွှားကင်းရှင်းပြီး သန့်ရှင်းသပ်ရပ်မှု ရှိအောင် ပြုလုပ်ထားသင့်ပါတယ်။ ရေနွေးငွေ့ရှူတာက ချောင်းဆိုးတာ၊ နှာစေး၊ နှာခြောက်တာ သက်သာ စေပါတယ်။ Cetrine နဲ့ ချောင်းဆိုးပျောက်ဆေးရည် သောက်ပေးနိုင်ပါတယ်။ ။
ဒေါက်တာလွင်သန့်