The Great Lethwei TGL# 7 မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်
ရန်ကုန် ဇူလိုင် ၆
The Great Lethwei က ကျင်းပမည့် နိုင်ငံတကာစိန်ခေါ်ပွဲ နှစ်ပွဲပါဝင်မည့် TGL#7 မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဇူလိုင်လ ၂၁ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ယင်းမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် တွဲဆိုင်းရှစ်ဆိုင်းပါဝင်ပြီး သုံးမိနစ်ထိုး၊ နှစ်မိနစ်နားစနစ်ဖြင့် ကျင်းပမည်ဖြစ်ကာ ခေါင်တွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်းတွင် ကျော်စွာဝင်းနှင့် ဘရတ်ပတ်စ်တိုး(အမေရိကန်)၊ ဒုတိယခေါင်တွဲဆိုင်းအဖြစ် ဝယ်လ်တာဝိတ်တန်းတွင် ရန်နိုင်ထွန်းနှင့် နီရန်(ထိုင်း)တို့ ပါဝင်ထိုးသတ်ကြမည် ဖြစ်သည်။
ထို့အတူ လိုက်ဝိတ်တန်းတွင် အောင်ထက်ဟိန်းနှင့် သွေးလင်းထက်၊ ထူးစေးဝါးနှင့်ကျားရိုင်း၊ အာဖရိကနှင့်မဟာသွေး၊ ဝယ်လ်တာဝိတ်တန်းတွင် စောဘဟိန်းနှင့်ရဲလင်းဦး၊ လိုက်ဝယ်လ်တာဝိတ်တန်းတွင် လော်ကွာဒူးနှင့် စောသန်းစိုး၊ ဖယ်သာဝိတ်တန်းတွင် ရဲမင်းထက်နှင့်လာကပေါတို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲ မြန်မာ့လက်ဝှေ့စည်းမျဉ်းနှင့်အညီ ကျင်းပမည်ဖြစ်ပြီး ၎င်းနေ့ ညနေ ၃ နာရီခွဲတွင် CANAL+ SPORTS 1 ရုပ်သံလိုင်းနှင့် CANAL+ APP တို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဝန်းရံခ