စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မာရဝိဇယဗုဒ္ဓ ဆင်းတုတော်မြတ်ကြီးနှင့် အဘယရာဇမုနိဗုဒ္ဓဆင်းတုတော်  မြတ်ကြီး (၂)ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်

 

စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မာရဝိဇယဗုဒ္ဓ ဆင်းတုတော်မြတ်ကြီးနှင့် အဘယရာဇမုနိဗုဒ္ဓဆင်းတုတော်  မြတ်ကြီး (၂)ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၇

          ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မာရဝိဇယဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှင့် အဘယရာဇမုနိဗုဒ္ဓဆင်းတုတော် မြတ်ကြီး (၂)ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ နန္ဒသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင် ရာဝန်ထမ်းများ တက်ရောက်ကြသည်။

          ဦးစွာ သံဃာတော်များက မာရဝိဇယဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှင့် အဘယ ရာဇမုနိဗုဒ္ဓ ဆင်းတုတော်မြတ်ကြီး(၂)ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူ ဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓဆင်းတုတော် မြတ်ကြီးများအား အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်းပူဇော်ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက   နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ  ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နာဂိန္ဒ ထံမှ အနုမော ဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Sunday, July 7, 2024 - 15:30