ခန္တီးမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

ခန္တီးမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၇ ရက်

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဇွန် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့သဖြင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နယ်မြေခံတပ်မတော်သားများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပေါမိုင်းရပ်ကွက်ရှိ သာသနာဟိတ(ဗဟိုကျောင်း) ၊ အခြေခံ မူလတန်းကျောင်း(ပေါမိုင်း)တို့တွင် တိမ်းရှောင်နေသည့် ရေဘေးသင့်ပြည်သူ များနှင့် မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန်ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)တို့၌ ရွှေ့ပြောင်း နေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သတင်း ရရှိသည်။

Dates: 
Sunday, July 7, 2024 - 15:32