ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ပထမငါးနှစ်စီမံကိန်းကာလ (၂၀၀၅-၂၀၀၆) ခုနှစ်တွင် ပြီးစီးရန် လျာထားသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဇယားပါအတိုင်း တွေ့ရသည်-
၂၀၀၁ ခုနှစ် နှစ် ၃၀ လျှပ်စစ်မဟာဗျူဟာအရ ၂၀၀၅-၂၀၀၆ ခုနှစ် တွင်ပြီးစီးရန် လျာထားသည့်ဓာတ်အားပေးစက်ရုံစီမံကိန်းများ
ဤကာလအတွင်း လျာထားခဲ့သော ရေအားလျှပ်စစ် စီမံကိန်းအများစုကို ၂၀၁၀ ပြည့်နှစ်ဝန်းကျင်က ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ တချို့မှာမူ ယနေ့အထိ လုပ်ငန်း မစနိုင်သေးသည်ကို တွေ့ရသည်။
ဒုတိယငါးနှစ် (၂၀၀၆-၂၀၀၇ မှ ၂၀၁၀-၂၀၁၁ ခုနှစ်) အတွင်း ပြီးစီး ရန်လျာထားချက်များကို အောက်ပါအတိုင်း တွေ့ရသည်-
၂၀၀၁ ခုနှစ် နှစ် ၃၀ လျှပ်စစ်မဟာဗျူဟာအရ ၂၀၀၆-၂၀၀၇ မှ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်းပြီးစီးရန် လျာထားသည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ဒုတိယငါးနှစ်စီမံကိန်း ကာလတွင်လျာထားသည့် စီမံကိန်းများအနက် ဘီလူးချောင်း အမှတ်(၃)နှင့် အထက်ပေါင်းလောင်း စီမံကိန်းနှစ်ခုသာ လျှင် ပထမအကြိမ်ရွေးကောက်ခံ အစိုးရကာလအတွင်းတွင် ပြီးစီးခဲ့သည်။ ကျန်စီမံကိန်းများမှာ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော်နိုင်မှု မရှိသေးသည်ကို တွေ့ရသည်။
တတိယငါးနှစ်(၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ခုနှစ်) အတွင်း ပြီးစီးရန် လျာထားချက်များကို အောက်ပါအတိုင်းတွေ့ရသည်-
၂၀၀၁ ခုနှစ် နှစ် ၃၀ လျှပ်စစ်မဟာဗျူဟာအရ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅- ၂၀၁၆ ခုနှစ်အတွင်း ပြီးစီးရန်လျာထားသည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်းပင် ဤကာလအတွက် လျာထားခဲ့ သော စီမံကိန်းများအနက် ရွှေစာရေးနှင့် တနင်္သာရီစီမံကိန်းနှစ်ခုမှာ ၂၀၂၁ ခုနှစ်အထိ လုပ်ငန်းမစနိုင်သေးသလို ဟတ်ကြီးမှာ စူးစမ်းလေ့လာဆဲ ဖြစ်ပြီး ထမံသီစီမံကိန်းမှာမူ စူးစမ်းလေ့လာမှု အစီရင်ခံစာပြီးစီးသည် အထိ ရောက်ရှိခဲ့သည်။
စတုတ္ထငါးနှစ် (၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ခုနှစ်)အတွင်း ပြီးစီးရန် လျာထားချက်များကို အောက်ပါအတိုင်းတွေ့ရသည်-
၂၀၀၁ ခုနှစ် နှစ် ၃၀ လျှပ်စစ်မဟာဗျူဟာအရ ၂၀၁၆-၂၀၁၇ မှ ၂၀၂၀- ၂၀၂၁ ခုနှစ်အတွင်း ပြီးစီးရန်လျာထားသည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ဤစတုတ္ထငါးနှစ် စီမံကိန်း ကာလအတွင်း လျာထားခဲ့သော စီမံကိန်း များအနက် နန်ချိုရေအားလျှပ်စစ်စက်ရုံ တစ်ရုံသာ ၄၀ မဂ္ဂါဝပ်တပ်ဆင် အင်အားဖြင့် ၂၀၁၅ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ကျန်ရှိနေသောစီမံကိန်းများမှာ ၂၀၂၁ ခုနှစ်အထိ စတင်အကောင် အထည်ဖော်နိုင်ခြင်း မရှိသေးသော စီမံကိန်းများဖြစ်သည်။
ပဉ္စမငါးနှစ်(၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ ခုနှစ်)အတွင်း ပြီးစီးရန် လျာထားချက်များကို အောက်ပါအတိုင်း တွေ့ရသည်-
၂၀၀၁ ခုနှစ် နှစ် ၃၀ လျှပ်စစ်မဟာဗျူဟာအရ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅- ၂၀၂၆ ခုနှစ်အတွင်းပြီးစီးရန်လျာထားသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများ
ဖော်ပြခဲ့သောစီမံကိန်းများအနက် နန့်ကုတ်နှင့် ရွာသစ်စီမံကိန်း နှစ်ခုအတွက် စူးစမ်းလေ့လာမှုအဆင့်အထိ ပြီးစီးခဲ့သော်လည်း သပိတ်ကျင်း (ဧရာဝတီ)(ရေအား)မှာမူ ၂၀၂၁ ခုနှစ်အထိ မစနိုင်သေးပါ။
ဆက်လက်၍ ဆဋ္ဌမငါးနှစ်(၂၀၂၆-၂၀၂၇ မှ ၂၀၃၀-၂၀၃၁ ခုနှစ်) အတွင်း ပြီးစီးရန်လျာထားချက်များကို အောက်ပါအတိုင်း တွေ့ရသည်-
၂၀၀၁ ခုနှစ် နှစ် ၃၀ လျှပ်စစ်မဟာဗျူဟာအရ ၂၀၂၆-၂၀၂၇ မှ ၂၀၃၀- ၂၀၃၁ ခုနှစ်အတွင်း ပြီးစီးရန်လျာထားသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများ
ဖော်ပြခဲ့သော ဆဋ္ဌမငါးနှစ်စီမံကိန်းကာလအတွင်း ဆောင်ရွက်ရန် လျာထားခဲ့သော ဓာတ်အားပေးစက်ရုံလုပ်ငန်းများအားလုံးမှာ ၂၀၂၁ ခုနှစ်အထိ အသေးစိတ်လေ့လာမှုပင်မပြုလုပ်နိုင်သေးသော စီမံကိန်းများ အဖြစ် ကျန်ရှိနေသည်။
အဆိုပါ ၂၀၀၁ ခုနှစ် နှစ် ၃၀ လျှပ်စစ်မဟာဗျူဟာကို လေ့လာပါက ပြည်တွင်းတွင်ရှိပြီးဖြစ်သည့် နှစ်စဉ်ပြန်လည််ပြည့်ဖြိုးမြဲ ရေအရင်းအမြစ် ကိုအားပြု၍ ဓာတ်အားပေးစက်ရုံများ ဦးစားပေးတည်ဆောက်ရန် လျာ ထားခဲ့ကြောင်း တွေ့ရှိရသည်။
ဤမဟာဗျူဟာကို အကောင်အထည်ဖော်ရန် ငွေကြေးအင်အား၊ ပညာရှင်အင်အား၊ ဒေသငြိမ်းချမ်းရေးအခြေအနေအားလုံး ပြည့်စုံမှသာ ပြီးစီးနိုင်မည်ဖြစ်သည်။
သို့သော် တပ်မတော်တာဝန်ယူခဲ့သည့်ကာလ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက် အတွင်းတွင် ပြည်တွင်းခွန်အားသက်သက်ဖြင့်သာ ဦးစားပေး၍ ဆောင်ရွက်ခဲ့ရသည့် အတွက် လျာထားချက်များမပြည့်မီသော်လည်း အားရဖွယ်အဆင့်အထိ စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်။