ရှမ်းပြည်နယ်(အရှေ့ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး(၂၀၂၄) ကျင်းပ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး(၂၀၂၄) ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေး(၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ရုံးခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) စစ်မှုထမ်း ဟောင်းကြီးကြပ်ရေး အဖွဲ့နာယက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့နှစ်ပတ်လည်အစည်းအဝေး(၂၀၂၄)ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Monday, July 8, 2024 - 05:21