ဥရောပဘောလုံး အဖွဲ့ချုပ်က မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့၏ ဥရောပဝင်ခွင့်အတွက် အတည်ပြုသတ်မှတ်ပေး 

 

ဥရောပဘောလုံး အဖွဲ့ချုပ်က မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့၏ ဥရောပဝင်ခွင့်အတွက် အတည်ပြုသတ်မှတ်ပေး 

 

    ဥရောပဘောလုံးအဖွဲ့ချုပ်က   မန်ချက်စတာမြို့ခံ နှစ်သင်းဖြစ်သည့် မန်စီးတီးအသင်းနှင့် မန်ယူအသင်း တို့၏ ဥရောပဝင်ခွင့် သတ်မှတ်ချက်များနှင့်ပတ်သက် ၍ အတည်ပြု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ဥရောပဘောလုံး အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်း များအရ ဥရောပအဆင့်ပြိုင်ပွဲများ ဖြစ်သည့် ချန်ပီယံ လိဂ်ပြိုင်ပွဲနှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့တွင် အသင်းပိုင်ရှင် တူနှစ်သင်း    ဝင်ရောက်ကစားခွင့် မပြုသည့်အချက်ကြောင့် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့အတွက် ဥရောပဝင်ခွင့် မရေမရာဖြစ်ခဲ့ခြင်းဖြစ်သည်။

လာမည့်ဘောလုံးရာသီတွင် မန်စီးတီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပြီး မန်ယူအသင်းက ယူရို ပါလိဂ်ဝင်ခွင့် ရရှိထားသည်။

လာမည့်ဘောလုံးရာသီတွင် မန်စီးတီးအသင်းနှင့် ဂီရိုနာအသင်းတို့သည်  City  Group    က  ပိုင်ရှင်တူ အသင်းများဖြစ်ပြီး  နှစ်သင်းစလုံး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားသကဲ့သို့ မန်ယူအသင်းနှင့် နိုက်စ်အသင်းတို့သည်လည်း  ရက်ကလစ်ဖ်ပိုင်ဆိုင်သည့်  ပိုင်ရှင်တူ အသင်းများဖြစ်သည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများကြောင့်  အစောပိုင်းက   အဆိုပါ လေးသင်းစလုံး ဥရောပဝင်ခွင့်အတွက် မရေမရာဖြစ်ခဲ့ ခြင်းဖြစ်သည်။

သို့သော်  ဥရောပဘောလုံးအဖွဲ့ချုပ်က အဆိုပါ အသင်းလေးသင်းစလုံးကို ပုံမှန်အတိုင်း ကစားခွင့်ပေးခဲ့ သော်လည်း ပိုင်ရှင်တူအသင်းများကြား ကစားသမား အပြောင်းအရွှေ့ကို  တစ်နှစ်ပိတ်ပင်ခဲ့ကြောင်း  သိရသည်။                           

Dates: 
Monday, July 8, 2024 - 12:29