တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၄  ဇူလိုင် ၈

 ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

 ဦးစွာ တိုင်းမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများက  ပြိုင်ပွဲဝင် အားကစား သမားများ၏ ဗိုလ်လုပွဲပွဲစဉ်အကြိတ်အနယ် ယှဉ်ပြိုင်ထိုးနေမှုများကို ကြည့်ရှုအားပေး ကြသည်။

 ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများနှင့် တံခွန်စိုက် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်း ဆုနှင့်ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

  အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် ဇူလိုင်လ ၃ ရက်နေ့မှ ယနေ့အထိပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

 

Dates: 
Monday, July 8, 2024 - 16:18