၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ပါဝင်လာ

 

၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ပါဝင်လာ

 

နေပြည်တော်  ဇူလိုင်  ၈

    မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူ အလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာနေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့် နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ်ပြက္ခဒိန်နှစ်တစ်နှစ် မစတင်မီ နိုင်ငံတော်အစိုးရက  ကြိုတင်ထုတ်ပြန်ပေးရသည်။   ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူ အလုပ်ပိတ်ရက်များကို ထုတ်ပြန်ပြီး ဖြစ်ကြောင်းသိရသည်။ ထိုသို့ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ မိသားစုဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ   နိုင်ငံအများစုတွင် အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဇန်နဝါရီလ ၁ ရက်နေ့၊ နိုင်ငံတကာ နှစ်သစ်ကူးနေ့အား အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထို့အပြင် တရုတ်နှစ်သစ်ကူးနေ့ကိုလည်း ဒေသတွင်းအခြား အာဆီယံနိုင်ငံများကဲ့သို့ လည်းကောင်း၊ အချို့သော ကမ္ဘာ့နိုင်ငံများကဲ့သို့ လည်းကောင်း၊ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့် အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ 

Dates: 
Monday, July 8, 2024 - 16:28