ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒေါတမရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ဒေါတမ)တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်ရာ  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများအတွက် ဆန်၊ ဆီများကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက လက်ခံရယူကြသည်။

၎င်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းဝန်းများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

Dates: 
Monday, July 8, 2024 - 16:44