​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ဇူလိုင် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်  ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် တရုတ်ပြည်သူသမ္မတနိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ Qingdao International Conference Center ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်သည် Qingdao International Conference Center ရှိ Shanghe ခန်းမ သို့ရောက်ရှိပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက် ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ နိုင်ငံ့ကိုယ်စားလှယ်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် အထိမ်း အမှတ်အဖြစ် နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့်  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ နိုင်ငံ့ခေါင်းဆောင်များ ပြပွဲအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Qingdao International Conference Center ရှိ Shanghe ခန်းမ၌ကျင်းပသည့် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်း သောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲအခမ်းအနား သို့  တက်ရောက်ကြသည်။

စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဂျီစတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ၊ အန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတို့မှ ကိုယ်စား လှယ်များ၊ လေ့လာသူနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် သီရိလင်္ကာ နိုင်ငံ၊ တူကီရဲနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ နီပေါနိုင်ငံ၊ အာမေးနီးယား နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာ ရေဗျနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ မော်လ်ဒိုက်ဗ်နိုင်ငံ၊ ယူအေအီးနိုင်ငံနှင့် ဘာရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသား ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အိမ်နီးချင်း ကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ဥက္ကဋ္ဌ  Mrs. Shen Yueyue၊ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ  နိုင်ငံ့ကိုယ် စားလှယ်များက အမှာစကားပြောကြား ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ                ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် ယခုကျင်းပသည့် ဖိုရမ်သို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ် လွှာကို လက်ခံရရှိသည့်အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူပါကြောင်း၊ ယင်း သဝဏ် လွှာကိုအခြေခံ၍ ယခုဖိုရမ်တွင် ဆွေးနွေးမှုများကို ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍ ပြောကြားရာတွင် ယခုဖိုရမ်၏ ခေါင်းစဉ်သည် အလွန်အဓိပ္ပါယ် ပြည့်ဝပြီး မိမိတို့ကို သဘာဝတရားနှင့် ဟန်ချက်ညီစွာ နေထိုင်ရန်လိုအပ်နေပြီဆိုသည်ကို နှိုးဆော်ထားခြင်းဖြစ်ကြောင်း၊ အဓိကကြောင်းရင်းမှာ ရေ၊ လေ၊ မြေ၊ ဇီဝအဝန်းအဝိုင်း များနှင့် ဖွဲ့စည်းထားသည့် ကမ္ဘာမြေစနစ်နှင့် လူသားများသည် အပြန်အလှန် ဆက်နွယ်မှု ရှိနေသည့်အတွက် လူသားများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရေးကာ ကွယ်ထိန်းသိမ်းပေးရမည်ကို မိမိတို့ အလေးထားဂရုပြုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီဖိုရမ်တွင် ဂေဟစနစ်ပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ရေး၊ စွမ်းအင် အသွင်ကူးပြောင်းရေးအတွက် တီထွင်ဆန်းသစ်ရေး၊ အစိမ်းရောင်ဖွံ့ဖြိုးမှုအတွက် လူနေမှု စနစ်အသွင်ကူးပြောင်းရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာများကို ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များက ဆွေး နွေးမည်ဖြစ်သည့်အတွက် ယနေ့ကျင်းပသည့်ဖိုရမ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းပလက်ဖောင်း တစ်ခုဖြစ်ကြောင်း။

ကမ္ဘာနှင့်အဝှမ်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရာတွင် အစိမ်းရောင်ဖွံ့ဖြိုးမှုစံချိန်စံညွှန်းများသည် လွန်စွာအရေးပါကြောင်း၊ နိုင်ငံတကာစံချိန်စံ ညွှန်းအဖွဲ့မှ ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်များ၏ စံချိန်စံညွှန်းသတ် မှတ်ချက်များသည် နိုင်ငံများအတွက် ထိရောက်သည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု တည် ထောင်နိုင်ရန်အတွက် အခြေခံအုတ်မြစ်အဖြစ် အထောက်အကူပြုပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တိုးတက် ကောင်းမွန်ပြီး ရေရှည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်ဖွံ့ဖြိုးရေးရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရာတွင် သဘာဝအခြေခံဖြေရှင်းနည်း လမ်း များဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိသည်ကို ပြောလိုကြောင်း။

အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်ရန်ရည်ရွယ်၍ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ကဏ္ဍစုံမှ ဆက်စပ်ပတ်သက်သူများ၊ အာဆီယံနှင့် နိုင်ငံတကာပညာရှင်များဖြင့် “အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်” (Green Economy and Green Growth Forum)ကို ၂၀၁၁ ခုနှစ်မှစ၍ (၆) ကြိမ် ထိကျင်းပနိုင်ခဲ့သည့်အတွက် ဆွေးနွေးပွဲရလဒ်များသည် မြန်မာနိုင်ငံ အစိမ်းရောင်စီး ပွားရေးမူဝါဒမူဘောင် အစပျိုးချမှတ်နိုင်ရေးအတွက် များစွာအထောက်အကူဖြစ်ခဲ့ ကြောင်း။

မြန်မာနိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်နိုင်ရန် အစိမ်းရောင်စီးပွားရေး မူဝါဒမူ ဘောင်ကို လက်ရှိမူဝါဒများနှင့် မဟာဗျူဟာများဖြစ်သည့် အမျိုးသားပတ်ဝန်း ကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်နှင့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုစီမံ ချက်များအပေါ်အခြေခံပြီး ကဏ္ဍအလိုက် ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ပတ်သက်သူများ၊ နိုင်ငံတကာ ပညာရှင်များ နှင့် ဆွေးနွေးပြီးပြုစုရေးဆွဲထားပြီးဖြစ်ကြောင်း။

အဆိုပါမူဝါဒမူဘောင်၏ ရေရှည်မျှော်မှန်းချက်သည် “သဘာဝသယံဇာတများကို ထိရောက်စွာအသုံးချသည့် ကာဗွန်ထုတ်လုပ်မှုနည်းပါးသည့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်” ဖြစ်ကြောင်း၊ ယင်းမူ ဘောင်တွင် အစိမ်းရောင်ဖွံ့ဖြိုးမှုဆိုင်ရာအခြေခံမူ(၄)ရပ်၊ ရည်ရွယ်ချက်(၄)ရပ်ချမှတ်ထား ပြီး ဦးစားပေးကဏ္ဍ (၁၁)ရပ်တွင် အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးကဏ္ဍ၌ ရုပ်ကြွင်းလောင်စာသုံး ယာဉ်များအသုံးပြု မှုလျှော့ချနိုင်ရေးအတွက် နိုင်ငံအတွင်းလျှပ်စစ်သုံးယာဉ် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လျှပ်စစ်သုံး ယာဉ် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ပြဌာန်းပြီးဖြစ်ကြောင်း၊ ယခုအခါ မူဝါဒပါမျှော်မှန်းချက် (Vision)နှင့် ရည်မှန်းချက်(Mission) များနှင့်အညီ Electric Vehicle Development Action Plan ရေးဆွဲပြီး လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များ ချမှတ်၍ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်း၊ ထုတ်လုပ်အသုံးပြုခြင်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့်ကမ်းရိုးတန်းဒေသနှင့် ကျယ်ပြန့်သည့် အဏ္ဏ ဝတို့ကို ပိုင်ဆိုင်ထားသော ပတ်ဝန်းကျင် အခြေခံကောင်းများရှိသည့်အတွက် အဏ္ဏဝါနှင့် ကမ်းရိုးတန်းအခြေပြု သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စွာ ထုတ်ယူသုံးစွဲ နိုင်ရန် အပြာရောင်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်မှုပန်းတိုင်ရရှိစေရေး အဓိကအခွင့်အလမ်းတစ်ခုအနေဖြင့် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ် ခြင်းအစီအစဉ်ကိုပြဌာန်းပြီး ကဏ္ဍအလိုက်ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ တစ်ဖက်က ရေရှည်တည်တံ့စွာ ထုတ်ယူမှုစီမံထားသကဲ့သို့ တစ်ဖက်တွင် လည်း ရေအောက်အဖိုးတန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားမှုနှင့်အတူ မြန်မာ့ပင် လယ်ပြင်၏ တောင်ပိုင်းတစ်လျှောက် ရေပေါ်ရေအောက် လှည့်လည်ကြည့်ရှုလေ့လာနိုင် ရေးကိုလည်း အစိမ်းရောင်ခရီးသွားမြှင့်တင်ရေးကဏ္ဍအဖြစ် စီမံဆောင်ရွက်ထားကြောင်း နှင့် လာရောက် လေ့လာနိုင်ပါကြောင်း။

ထို့ပြင် သစ်တောနှင့် အခြားမြေအသုံးချမှုကဏ္ဍသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ရေး၊ လူနေမှုစနစ်နှင့် သက်မွေးဝမ်း ကျောင်းလုပ်ငန်း ရေရှည်တည်ငြိမ်ရေးအတွက် များစွာအရေးပါကြောင်း၊ အစိမ်းရောင်ဖွံ့ ဖြိုးတိုးတက်မှုများ ဆောင်ရွက်သည့်အခါ မြေအသုံးချမှုကို စနစ်တကျစီမံဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း။

သစ်တောပြုန်းတီးမှုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတို့ကို အထောက် အကူပြုရန်အတွက် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ (၁၀) ရာခိုင်နှုန်းအထိ၊ သစ်တောကြိုးဝိုင်းဧရိယာများကိုလည်း နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း အထိ တိုးမြှင့်သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ အာဆီအယံအမွေ အနှစ်ဥယျာဉ် (၈)ခု၊ ရမ်ဆာရေဝပ်ဒေသ (၇)ခု၊ လူသားနှင့်ဇီဝအဝန်းနယ်မြေ (၂)ခုအပါ အဝင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉)ခု၊ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက်နယ်မြေ (၈)ခုနှင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီး သွားလုပ်ငန်းစခန်း (၂၂)ခုတို့ကို သတ်မှတ်နိုင်ခဲ့ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း။

အများပြည်သူအကြား သဘာဝ၏တန်ဖိုးကို ပိုမိုနားလည်လာစေရန် ရည်ရွယ်ပြီး မြန်မာ့ သဘာဝထိန်းသိမ်းရေးနယ်မြေများကို UNESCO အသိအမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ် မြေများအဖြစ် အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတို့ကို UNESCO ၏ စံချိန်စံညွှန်းများ နှင့် အညီ သတ်မှတ်နိုင်ခဲ့ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ သဘာဝထိန်း သိမ်းရေးနယ်မြေများတွင် ဇီဝမျိုးစုံမျိုးကွဲများအတွက် နေရင်းဒေသများ ပြန်လည်တည် ထောင်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန် ထုတ်လွှတ်မှုလျော့ကျခြင်းတို့ကိုလည်း အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိ ကြောင်း။

အလားတူ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများတည်ထောင်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရန်အတွက် ပုဂ္ဂလိကသစ်တော စိုက်ခင်း တည်ထောင်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် မိုးရာသီ တွင်လည်း ပြည်သူများပူး‌ပေါင်းဆောင်ရွက်မှုဖြင့် အစိမ်းရောင်လှုပ်ရှားမှုအဖြစ် သစ်ပင် ၂၂ သန်း တည် ထောင်စိုက်ပျိုးလျက်ရှိ ကြောင်း။

၁၉၇၂ ခုနှစ် စတော့ဟုမ်း လူ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြေညာချက်၊ ၁၉၉၂ ခုနှစ် သဘာဝ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Rio ကြေညာချက်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်-၂၁၊ ၁၉၉၂ ခုနှစ် ကုလသမဂ္ဂဇီဝ မျိုးစုံမျိုးကွဲကွန်ဗင်းရှင်း၊ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း၊ ၂၀၁၅ ပါရီသဘောတူညီချက်စသည့် နိုင်ငံတကာသဘောတူညီချက်များတွင် နိုင်ငံတကာ နှင့် ဒေသတွင်းနိုင်ငံများနှင့် ပူး‌ပေါင်းဆောင်ရွက် လျက်ရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ပါရီသဘာတူစာချုပ်ပါ ရည်မှန်းချက် အောင်မြင် ရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီ ထွေရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDCs) အစီရင်ခံစာ၌ ကဏ္ဍအလိုက် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက်များ ချမှတ်ရာတွင် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နေ၊ လေ၊ ရေအခြေပြုသည့် ပြန်ပြည့်မြဲစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မှုတိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။

ကာဗွန်လျှော့ချခြင်း လုပ်ငန်းများဖြစ်သည့် သန့်ရှင်းသောဖွံ့ဖြိုးမှုလုပ်ငန်းစဉ်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ၊ ကာဗွန်ခရက်ဒစ် ပူးပေါင်းလုပ်ငန်းစဉ်များတွင် စွန့်ပစ်အမှိုက်က လျှပ်စစ်ထုတ်သည့်လုပ်ငန်း၊ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်းလုပ်ငန်း၊ ဒီရေတောစိုက်ခင်းတည် ထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းစသည့် အစိမ်းရောင်ဖွံ့ဖြိုးမှု လုပ်ငန်းစီမံကိန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။

စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟန်ချက်ညီညီဖြင့် ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်စီးပွားရေးကို အထောက်အကူ ပြုနိုင်ရန်အတွက် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအားပေး ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စောင့်ကြည့်လေ့လာဆန်းစစ်ခြင်းလုပ်ငန်း များ ထိရောက်စွာဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် ကာဗွန် ထုတ်လွှတ်မှုနည်းသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဆောင်ရွက် ရာတွင် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးကို ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအလေးထား ဆောင်ရွက်သွားမည် ဖြစ် ကြောင်း။

ယနေ့ကမ္ဘာပေါ်တွင် မူလကရှိပြီး သဘာဝပတ်ဝန်းကျင် အလှတရားနှင့် ဂေဟစ နစ်များကို ထိန်းသိမ်းရာတွင်ဖြစ်စေ၊ ထုတ်ယူသုံးစွဲဖျက်ဆီးရာတွင်ဖြစ်စေ ဆောင်ရွက်သူ များသည် လူသားများပင်ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် ယနေ့တက်ရောက်လာကြသည့် SCO အဖွဲ့ဝင်နိုင်ငံများအားလုံး၊ ဆွေးနွေးဘက်နှင့် လေ့လာကြသူနိုင်ငံများအားလုံးက ကမ္ဘာပေါ်တွင်ရှိသည့် အခြားသောနိုင်ငံများအားလုံး၏ စံနမူနာပြအဖြစ် လူထုလှုပ်ရှားမှု အသွင်ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပိုမိုတိုးတက်ကောင်းမွန်ပြီး ရေရှည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားများနှင့် သဘာဝပတ်ဝန်းကျင် လက်တွဲ ညီညီဆောင်ရွက်ကြရန်် လိုအပ်လာပြီ ဖြစ်ကြောင်း။

သို့ဖြစ်၍ အဖွဲ့ဝင်နိုင်ငံများအကြားတွင် အစိမ်းရောင်ဖွံ့ဖြိုးမှုဆိုင်ရာ နည်းပညာများ မြှင့်တင်ရေးနှင့် ဖြန့်ဝေရေး၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည်မြှင့် တင်ရေး၊ ရန်ပုံငွေစဉ်ဆက်မပြတ်ရရှိစေရေး၊ ပညာရေးနှင့် သုတေသနဖွံ့ဖြိုးတိုး တက်ရေး ကဏ္ဍများတွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့် ဆောင်ရွက်သွားကြရန် အကြံပြု ပြောကြားလိုကြောင်း။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအနေ ဖြင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်မှစတင်၍ SCO ဆွေးနွေးဖက် နိုင်ငံအဖြစ် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုများကို ပိုမိုခိုင်မြဲစေရန် ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါ ကြောင်း၊ မိမိတို့၏ စုပေါင်းအင်အားများ၊ သယံဇာတများနှင့် ကျွမ်းကျင်ပညာ ရှင်များ၏ ပေါင်းစည်းမှုအင်အားဖြင့် စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်မျိုး ဆက်သစ်များအတွက် စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲသည့် အနာဂတ်ကို အတူတကွ ဖော် ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။

ယနေ့ မိမိတို့၏ ဆောင်ရွက်ချက်များသည် အနာဂတ်မျိုးဆက်သစ်များအတွက် အရည်အသွေးပြည့်မီသည့် အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သည်ကို မှတ်သားထားကြ ရမည်ဖြစ်ကြောင်း၊ လူသားနှင့်သဘာဝအကြား ဟန်ချက်ညီမှုရှိရန်ဆိုသည် မဖြစ်နိုင်သည့် အတွေးအမြင် တစ်ခုမဟုတ်ဘဲ လူသားများ၏ ရှင်သန်မှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် လိုအပ်ချက် တစ်ခုပင်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဖိုရမ်ဖြစ်မြောက်ရေးအတွက် အခမ်းအနားစီစဉ်သူများနှင့် တက်ရောက်လာသူအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း နှင့် မိမိတို့ အနေဖြင့် တူညီသောရည်မှန်းချက်များနှင့် ဖြေရှင်းမှုများအတွက် မဆုတ်မ နစ်ဘဲ အတူတကွ ဆက်လက်  ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဒေသတွင်း စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေးနှင့် စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို အတူတကွမြှင့်တင်သွားရေး ဦးဆောင် ဦးရွက်ပြုမှု စီမံချက်ကို ထုတ်ပြန်ကြေညာသည်။

ယင်းနောက် ဆွေးနွေးပွဲများကို သတ်မှတ်ခေါင်းစဉ်အလိုက် ကျင်းပရာဆွေးနွေး ဖက်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများမှ ကိုယ်လှယ်များနှင့် ပညာရှင်များ တက်ရောက်ပြီး နိုင်ငံ အလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ဆန်းဦးတို့ တက်ရောက် ဆွေးနွေးကြ သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းကို ၂၀၀၁ ခုနှစ်၊ ဇွန် ၁၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဂျီစတန် နိုင်ငံ၊ ရုရှားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ စုစုပေါင်း(၆) နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၂ ခုနှစ် ဇွန်လတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပခဲ့ သော SCO အဖွဲ့ဝင် နိုင်ငံအကြီးအကဲများ အစည်းအဝေးတွင် SCO ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုး၍ ၂၀၀၃ ခုနှစ် စက်တင်ဘာ ၁၉ ရက် တွင် စတင်အသက်ဝင်ခဲ့သည်။

SCO အဖွဲ့ကြီး၏ အဓိက ရည်မှန်းချက်များသည် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီး ချင်းကောင်းစိတ်ဓါတ်နှင့် အပြန်အလှန် ယုံကြည်မှုပိုမိုခိုင်မာစေရေး၊ နိုင်ငံရေး၊ ကုန်သွယ် ရေး၊ စီးပွားရေး၊ သုတေသန၊ နည်းပညာနှင့် ယဉ်ကျေးမှုတို့အပြင် ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အခြားသော ကဏ္ဍများတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရေး၊ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီစနစ်ကို အခြေခံသည့် တရားမျှတ သော နိုင်ငံတကာနိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျင်းတိုးမြှင့်ရေး၊  ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးမူဝါဒအရ SCO သည် မတူညီသည့် ယဉ်ကျေးမှုဓလေ့ကို အလေးထားရန် နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးဆန္ဒရှိမှုတို့အတွက် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှမှု၊ အပြန်အလှန်ညှိနှိုင်း မှုစသည့် စည်းမျဉ်းစည်းကမ်း တို့ကို အခြေခံသည့်အဖွဲ့အစည်းတွင်းဆိုင်ရာ မူဝါဒကို လိုက်နာ ကျင့်သုံးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Dates: 
Monday, July 8, 2024 - 17:42