နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ချင်းတောင်မြို့အတွင်း လှည်လည်ကြည့်ရှုလေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ချင်းတောင်မြို့အတွင်း လှည်လည်ကြည့်ရှုလေ့လာ

နေပြည်တော် ဇူလိုင် ၈

တရုတ်ပြည်သူ့သမ္မတနို်ငငံ ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၈ ရက် ဒေသစံတော် ချိန် မွန်းလွဲ ၃ နာရီတွင် ချင်းတောင်မြို့ရှိ ချင်းတောင်-SCO ပုလဲအပြည်ပြည်ဆိုင် ရာကုန်စည်ပြပွဲစင်တာ (Pearl of SCO International Expo Center)နှင့် China Transfer (SCO) အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဆိပ်ကမ်းစီမံကိန်း (China Transfer (SCO) International Logistic Port  Project)များသို့ သွား ရောက် လှည့်လည်ကြည့်ရှုလေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်-SCO ပုလဲအပြည်ပြည် ဆိုင်ရာကုန်စည်ပြပွဲစင်တာ(Pearl of SCO International Expo Center)သို့ ရောက်ရှိရာ စင်တာမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်တာအတွင်းလှည့် လည်ကြည့်ရှုလေ့လာကြရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဖွံ့ဖြိုးတိုးတက်ရေး ဇုန် တရုတ်ကွန်မြူနစ်ပါတီ လုပ်ငန်းကော်မတီအဖွဲ့ဝင် မစ္စ ဖူကျုံဟွနှင့် တာဝန်ရှိသူ များက စင်တာဆိုင်ရာ အချက်အလက်များ၊ ဈေးကွက်ဗဟိုပြုစနစ်ဖြင့် ရင်းနှီးမြှုပ်နှံ ၍ တည်ဆောက်လည် ပတ်နေမှု၊ SCO အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပြပွဲနေရာများ ထောက်ပံ့ခြင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော််စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

SCO သရုပ်ဖော်ပြသပွဲဇုန်၏ အထင်ကရဖြစ်သည့် ချင်းတောင်-SCO ပုလဲအ ပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲစင်တာ(Pearl of SCO International Expo Center) စီမံကိန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ တွင် စတင်အကောင် အထည်ဖော်ခဲ့ပြီး အဆောက်အဦဧရိယာသည် ၁၆၈၈၀၀ စတုရန်းမီတာကျယ်ဝန်း၍ လုပ်ငန်းများစွာ ဆောင်ရွက်နို်ငသော စနစ်များစွာ ပါဝင်သည်။ ၎င်းသည် ဈေးကွက်ဗဟိုပြုစနစ်ဖြင့် ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်လည်ပတ်လျက်ရှိပြီး ပြခန်းညီလာခံများ၊ ပညာရေး နှင့် လေ့လာသင်ကြားမှုများ၊ ခရီးသွားလာမှုနှင့် လှည့်လည်ကြည့်ရှုခြင်းများ၊ ကုန် စည်ပြပွဲနှင့် ရောင်းချမှုများ၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် စီးပွားရေးဝန်ဆောင်မှုများ စသည်တို့ကို ပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊ SCO အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲနေရာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးသည်။ SCO စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်ဖိုရမ်၊ SCO အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကုန်စည်ပြပွဲ ကဲ့သို့သော ဘက်ပေါင်းစုံ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများကို ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(SCO)၏ အောင်မြင်မှုပြရုပ်တစ်ရပ်ဖြစ်သည့် China Transfer (SCO) အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဆိပ်ကမ်းစီမံကိန်း (China Transfer (SCO) International Logistic Port  Project)သို့ သွားရောက်ကြည့်ရှု လေ့လာကြရာ  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးဇုန် အုပ်ချုပ်ရေးအဖွဲ့ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူ မစ္စတာ ရွှဲကြားပင် က မံကိန်းအတွင်း ရင်းနှီးမြှုပ်နှံထားရှိမှု၊ ဝန်ဆောင်မှုကို ဦးတည်သော ပို့ကုန်သွင်း ကုန်လုပ်ငန်းဆောင်ရွက်နေမှု၊ ဝန်ဆောင်မှုစင်္ကြံကို အွန်လိုင်းနှင့် အော့ဖ်လိုင်းစနစ် ဖြင့် ဖန်တီးဆောင်ရွက်ရန် ပြီးပြည့်စုံသောဝန်ဆောင်မှုဌာနချုပ်ကို တည်ထောင်ခဲ့မှု နှင့် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပြသထားသည့် SCO အဖွဲ့ဝင်နိုင်ငံများ၏ ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာသည်။

အဆိုပါ China Transfer (SCO) အပြည်ပြည်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေး ဆိပ် ကမ်းစီမံကိန်းတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုယွမ် ၁၀ ဘီလီယံရှိပြီး ဧရိယာမှာ ၁၃၄၃ ဧက၊  အဆောက်အအုံ အကျယ်အဝန်းမှာ ၉၈၉၀၀၀ စတုရန်းမီတာရှိပြီး အဓိကအားဖြင့် သတင်းအချက်အလက် ကုန်သွယ်မှုစင်တာ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးစင်တာ၊  မော်တော်ယာဉ် အရင်းအမြစ်စင်တာ၊ သိုလှောင်ရုံနှင့် ဖြန့် ဖြူးရေးစင်တာ၊ ယာဉ်ဝန်ဆောင်မှုစင်တာ၊ ထရပ်ကားပြသမှုစင်တာနှင့် စီးပွား ရေး ဝန်ဆောင်မှုစင်တာစသည့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း (၇)ခုကို ဆောင် ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Monday, July 8, 2024 - 17:49