2024 Fire Dragon League အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
တောင်ကြီး ဇွန် ၁၆
ရှမ်းပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ တောင်ကြီးမြို့နယ် အားကစားနှင့် ကာယပညာ ဦီးစီးဌာနနှင့် Fire Dragon အားဖြည့် အချိုရည်ကုမ္ပဏီတို့မှ အဓိကပံ့ပိုးကူညီပြီး ပူးပေါင်းကျင်းပသည့် 2024 Fire Dragon League အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ Fire Dragon Co.,Ltd. Division Sales Manager ဦးအောင်ဇော်မိုး၊ ပြည်နယ်ဖူဆယ်နှင့် သဲသောင်ပြင် ဆပ်ကော်မတီဝင်များနှင့် ဆုရအသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစား သမားများ၊ ဖူဆယ်အားကစားဝါသနာရှင် မိဘပြည်သူများက တက်ရောက် ကြည့်ရှုအားပေး ခဲ့ကြသည်။
ဦီးစွာ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် Southern Cherry FC အသင်းနှင့် Adonis FC အသင်းတို့ ယှဉ်ပြိုင် ကစားရာ Adonis FC အသင်းက Southern Cherry FC အသင်းကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။
ဆက်လက်ပြီး ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာပြိုင်ပွဲတွင် ဂိုးသမား အကောင်း ဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံး အားကစားသမားဆု၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသူတို့ကို Fire Dragon Co.,Ltd. Division Sales Manager ဦးအောင်ဇော်မိုးကလည်းကောင်း၊ 3rd Runner Up ဆုရရှိခဲ့သော Tat Nay Won အသင်းကို တောင်ကြီး မြို့နယ် ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်ဟိန်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၃၀၀၀၀၀ ကိုလည်းကောင်း၊ 2nd Runner Up ဆုရရှိခဲ့သော We Stay Grand Nyaung Shwe FC အသင်းကို ပြည်နယ်ဖူဆယ်နှင့် သဲသောင်ပြင် ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ချစ်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် ၅၀၀၀၀၀ ကိုလည်းကောင်း၊ 1st Runner Up ဆုရရှိသွား သော Southern Cherry FC အသင်းကို ပြည်နယ်ဖူဆယ်နှင့် သဲသောင်ပြင် ဆပ်ကော်မတီဥက္ကဋ္ဌ ဦီးကျော်ဇောက တစ်ဦီးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၁၀၀၀၀၀၀ ကိုလည်း ကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး Champion ဆုရရှိသွားသော Adonis FC အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဗိုလ်စွဲခဲ့ သည့် Adonis FC အသင်းကိုအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေက ဆုကြေးငွေ ငွေသားဆုငွေကျပ် ၁၅၀၀၀၀၀ နှင့်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူအောင်