ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်မှု အများဆုံးကလပ်အသင်းအဖြစ် မန်စီးတီးအသင်း ထိပ်ဆုံး၌ ရပ်တည်
ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဥရောပကလပ်အသင်းများတွင် ကစားသမားစေလွှတ်မှု အများဆုံး ကလပ်အသင်းအဖြစ် မန်စီးတီးအသင်းက ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်မှု အများဆုံးကလပ်အသင်း ၁၅ သင်းစာရင်းတွင် အများ ဆုံးအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကလပ်အသင်း လေးသင်းနှင့် အီတလီစီးရီးအေပြိုင်ပွဲမှ ကလပ်အသင်း လေးသင်းစီပါဝင်လာခဲ့ပြီး ကလပ်အသင်း အများဆုံးပါဝင်သည့် လိဂ်များဖြစ်ခဲ့ကာ စပိန်လာလီဂါမှ နှစ်သင်းသာ ပါဝင်လာခဲ့သည်။
ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် မန်စီးတီးအသင်းက ကစားသမား ၁၄ ဦးဖြစ်သည့် ဒီဘရိုင်း၊ ဒိုကူ၊ ဂါဗယ်ဒီလို၊ ကိုဗာဆစ်၊ ဂျွန်စတုန်း၊ ဝေါ်ကာ၊ ဖိုဒန်၊ ဒီယက်ဇ်၊ ဆေးလ်ဗား၊ ကန်ဆယ်လို၊ နူနက်စ်၊ အကီ၊ ရိုဒရီနှင့် အကန်ဂျီတို့ကိုစေလွှတ်ခဲ့ပြီး အင်တာမီလန်အသင်းက ကစားသမား ၁၃ ဦးဖြစ်သည့် ဆွန်မာ၊ အယ်လက်နီ၊ ဘတ်စတိုနီ၊ ဒါဘီယန်၊ ဒီမာကို၊ ဗာရယ်လာ၊ ဖာတက်စတီ၊ အာနူတိုဗစ်ချ်၊ ပါဗက်၊ သူရမ်၊ ဒမ်ဖရိုင်း၊ စတီဖန်ဒီဗာဂျီနှင့် ကယ်ဟာနိုဂလူတို့ကို စေလွှတ်ထားကာ ကစားသမားစေလွှတ်မှု ဒုတိယအများဆုံး ကလပ်အသင်းအဖြစ် ရပ်တည်ခဲ့သည်။
မန်စီးတီးအသင်းနှင့် အင်တာမီလန်အသင်းတို့ နောက် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဥရောပမှ ကစား သမားစေလွှတ်မှု အများဆုံး ကလပ်အသင်းများတွင် ပီအက်စ်ဂျီအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့က ကစားသမား ၁၂ ဦးစီဖြင့်လည်းကောင်း၊ ဘိုင်ယန်မြူးနစ်အသင်းနှင့် လိုက်ပဇစ်အသင်းတို့က ၁၁ ဦးစီဖြင့်လည်းကောင်း၊ အာဆင်နယ်အသင်းနှင့် လေဗာကူဆင်အသင်းတို့က ကစားသမား ၁၀ ဦးစီဖြင့်လည်းကောင်း၊ လီဗာပူးအသင်း၊ ဂျူဗင်တပ်စ်အသင်း၊ ရိုးမားအသင်း၊ ဆလားဗီးယားပရပ် အသင်းတို့က ကစားသမားကိုးဦးစီဖြင့် လည်းကောင်း၊ မန်ယူအသင်းနှင့် အေစီမီလန် အသင်းတို့က ကစားသမားရှစ်ဦးစီဖြင့် လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြောင်း သိရသည်။
Ref;The Athletic